Pages

Tuesday, August 2, 2022

အင်ဝမ်ယန်ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းယူ



RangonNewsDaily::August 2, 2022

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံဒေသ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၅၊ တပ်ရင်း ၃ ဘွမ်တောင်နဲ့ ခရွန်းကြားက အင်ဝမ်ယန်ရွာနားမှာ စခန်းချနေတဲ့ ပြည်သူ့စစ်စခန်းကို သြဂုတ် ၂ ရက် မနက် ၈ နာရီခွဲလောက်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်သားတွေရဲ့ စစ်လက်နက်နဲ့ အသုံးအဆောင်တွေကို သိမ်းပိုက်ရရှိတာအပြင် တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ် ၁၁ နာရီဝန်းကျင်ကလည်း ဝိုင်းမော် ခ.လ.ရ ၅၈ က စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက အင်ဝမ်ယန်ဘက်ကို စစ်အင်အား ပို့ဆောင်လာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ ကေအိုင်ကေ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၃၊ ဆဒုံဒေသမှာ လွန်ခဲ့တဲ့ဇူလိုင်လကတည်းက စစ်ကောင်စီလက်အောက်က ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေရှိတဲ့ နန်ဇော်ယန်ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဇူလိုင် ၂၈ ရက်ကလည်း ဝူယန်းကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

သြဂုတ် ၁ နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆၊ တပ်ရင်း ၉ ဒေသ ဘန်နွယ်တောင်ဘက်ကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးလာတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေ လမ်းတဝက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



0 comments:

Post a Comment