Pages

Friday, August 5, 2022

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ ကျောင်းမှ JLPT လျှောက်လွှာရောင်းရန် ရပ်ဆိုင်းသဖြင့် စောင့်ဆိုင်းနေသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့



RangonNewsDaily::August 5, 2022

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT 2022 December)အတွက် လျှောက်လွှာ ၀ယျယူခွငျး နှင့် လက် ခံခြင်း လုပ်ငန်းဆောင်ရွက်ပေးနေသည့် ရန်ကုန်ပညာရေး တက္ကသိုလ်တွင် လျှောက်လွှာတန်းစီးသူ ဦးရေအဆမတန်များပြားပြီး လူအုပ်ထဲမှ ခဲနှင့်ပစ်ပေါက်ခြင်း၊ တံခါးများချိုးဖျက်ခြင်း စသဖြင့် ရုန်းရင်းဆန်ခတ်မှု ယနေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သည်။




" ပထမဆုံး ထွက်လာတဲ့ လိုင်းကားနဲ့လိုက်လာတာပဲ။ ဒီရောက်တော့ မိုးရွာထဲ လူတွေအများကြီး။ ခဏနေတော့ ဘာဖြစ်မှန်းမသိ ခဲနဲ့ပေါက်ကြတယ်။ တံခါးတွေကို ချိုး ဖျက်ကြတယ်။ အသေးစိတ်တော့မသိခဲ့ဘူး။ စစ်ကား၊ မီးသတ်ကား၊ လူနာတင်ကားတွေရောက်လာပါတယ်လို့ ရွှေပြည်သာမြို့နယ်မှ လျှောက်လွှာလာ၀ယ်သူ မနှင်းနှင်းခိုင်ကပြောပါသည်။
ရန်ကုန်ပညာရေးတက္ကသိုလ် - Learning Hub အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။ ရန်ကုန်မြို့ (ဂိတ် -၄ မှ ၀ငျရနျ)တွင် သြဂုတ် ၅ရက်၊ နံနက် ၄နာရီခန့်မှစပြီး မာရှယ်လောကိုပင် မမှုဘဲ မိုးထဲရေထဲတွင် လျှောက်လွှာလာထုတ်သူများမှာ ထောင်နှင့်ချီပြီး ရောက်ရှိခဲ့သည်။

ထိုသို့ လူအုပ်ကြီးထူထပ်နေချိန်၊ နံနက် ၆နာရီကျော်တွင် မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း- Myanmar Association of Japan Alumnmi (MAJA)အဖွဲ့မှ N4 level လျှောက်လွှာရောင်းချမှု ရပ် ဆိုင်းကြောင်း ကြေညာခဲ့သည်။

လျှောက်လွှာ လာရောက်တန်းစီသူများမှာ သြဂုတ် ၅ရက်၊ နံနက် ၅နာရီခန့်အချိန်ကတည်းက ခန့်မှန်းလူဦးရေ ၅,၀၀၀ခန့်ရှိခဲ့ပြီး၊ လူစုလူဝေးအဖြစ်သို့ ရောက်ရှိနေပါသဖြင့် လျှောက်လွှာ ရောင်းချရန် ခက်ခဲသည့် အခြေ အနေ ဖြစ်ပေါ်နေရာ လျှောက်လွှာရောင်းချခြင်းကို ရပ် ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း- Myanmar Association of Japan Alumnmi (MAJA)မှထုတ်ပြန်ခဲ့သည်။

ယနေ့သည် N4 level လျှောက်လွှာရောင်းချရက်ဖြစ်ပြီး၊ ရပ်ဆိုင်းကြောင်း ၀မျးနညျးစှာ အသိပေးကြေညာအပ် ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်သာ လက်ခံပေးတော့မည်ဖြစ်ခြင်းနှင့် လျှောက်ထားခြင်းနှင့်ပတ်သက်ပြီးလည်း အသေးစိတ်ထပ်မံကြေညာသွားမည်ဖြစ်သဖြင့် စာမေးပွဲကျင်းပနိုင်ရေး ကျောင်းသူ၊ ကျောင်းသားများက ပူး ပေါင်းဆောင်ရွက်ပေးကြရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သူတို့လုပ်တာက မဟုတ်ဘူး။ အရင်နှစ်တွေကဆို သူတို့ရုံးမှာ စနစ်တကျထုတ်တယ်။ ပြီးမှ ဒီမှာဖြေရတာ။ အခုက လူများမယ်ဆိုတာသူတို့ခန့်မှန်းမိမှာပဲ။ ဒါကို သေချာမလုပ်ထားဘူး။ မနေ့က (သြဂုတ် ၄ရက်) တကယ်ဖြေမယ့်သူကိုယ်တိုင်မဟုတ်သူတွေလည်း ထုတ်ပေးတာတွေ့တယ်။ ကိုယ့်ဘေးက ဦးလေးကြီးနဲ့ အဒေါ်ကြီးတစ်ယောက်က အငှားလာထုတ်ပေးတာ။ အဲလိုတွေ စနစ်မကျလို့ဖြစ်တာ၊ ဖြေမယ့်သူကိုယ်တိုင် လျှောက်လွှာ၀ယ်ဖို့လာသူတွေပဲခံရတယ်။ သင်တန်းကျောင်းတွေကိုဆိုရင်လည်း သူတို့က အဆင်ပြေသလိုထုတ်ပေးသေးတယ်။ တစ်ဦးတစ်ယောက်ချင်းသမားတွေက မိုးထဲလေထဲမှာ လုံခြုံမှုမရှိဘဲ ခံရတာပေါ့ ဟု မနှင်းနှင်းခိုင်က ဆက် လက်ပြောသည်။

ယခု ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် လျှောက်လွှာရောင်းချရန် ရပ်ဆိုင်းကြောင်း ကြေညာခြင်းနှင့် သက်ဆိုင်မှု ရှိ/မရှိကို BAPအနေဖြင့် ခိုင်မာစွာပြောဆိုနိုင်ခြင်းမရှိသော်လည်း MAJA ဖေ့စ်ဘွတ်ပေ့ချ်မှတဆင့် ထုတ်ပြန်ချက်အောက်တွင် JLPTစာမေးပွဲသို့ လူမလာရဲအောင် ဆန္ဒပြကြသူ များ၏ အကျိုးဆက်ဟု နာမည်ကြီး ဂျပန်ဘာသာစကားသင်ကျောင်းတစ်ခုမှ ဆရာတစ်ယောက်က မှတ်ချက်ပြုထားသည်ကို တွေ့ရှိရပါသည်။

လျှောက်လွှာထုတ်သူ ဦးရေသည် သြဂုတ်လ ၄ရက်က တည်းက များပြားနေခြင်းဖြစ်ပြီး၊ MAJA၏ စီမံခန့်ခွဲမှုကြောင့် ယခုကဲ့သို့ ဖြစ်ရသည်ဟု စာမေးပွဲဖြေလိုသူများက ဝေဖန်ထားသည်။

လျှောက်လွှာများကို MAJAမှ စီစဥ် ရောင်းချ၊ လက်ခံပေးနေခြင်းဖြစ်ပြီး၊ လျှောက်လွှာတစ်စောင်ကို ၃,၀၀၀ကျပ်ဖြစ်ကာ၊ စာမေးပွဲ၀င်ကြေးမှာလည်း N1, N2, N3 အတွက် ၄၀,၀၀၀ကျပ်နှင့် N4, N5 အတွက် ၃၅,၀၀၀ကျပ်ဖြစ် ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် အွန်လိုင်းစနစ်တို့မှ ရောင်း ချပေးနေကြောင်း ထုတ်ပြန်ထားသည်။

Burma Associated Press
ပုံစာ ။ JLPT စာမေးပွဲဖြေဆိူရန် မနက်လေးနာရီက တည်းက စောင့်ဆိုင်း လျှောက်လွှာလာရောက် ဝယ်ယူနေကြ သူများကို ရန်ကုန်ပညာရေးတက္ကသိုလ် ရှေ့တွင် တွေ့ရစဉ်။



0 comments:

Post a Comment