Pages

Wednesday, August 3, 2022

တိုင်ဝမ်ပါလီမန်မှာ နန်စီပလိုစီ မိန့်ခွန်းပြော နန်စီပလိုစီရဲ့တိုင်၀မ်ခရီးစဥ်အတွက် အမေရိကန်ပြန်ပေးဆပ်ရမယ်လို့ တရုတ်အစိုးရသတိပေး



RangonNewsDaily::August 3, 2022

တိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာအလွတ်လပ်ဆုံး လူ့မှုအဖွဲ့အစည်းတွေထဲက တစ်ခု လို့ နန်စီပလိုစီပြောကြားလိုက်ပြီး အမေရိကန်နဲ့တိုင်ဝမ်လွှတ်တော်ကြား ပါလီမန်ဆိုင်ရာကိစ္စရပ်တွေ ဖလှယ်မှုတိုးမြှင့်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒီနေ့သြဂုတ်လ ၃ ရက် တိုင်ဝမ် ဒေသစံတော်ချိန် မနက်ပိုင်းမှာ နန်စီပလိုစီက တိုင်ဝမ်လွှတ်တော်ကိုအဖြူရောင်အထက်အောင်ဆင်တူဝတ်စုံဝတ်ဆင်ပြီး တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။

ပြည်တွင်း သိပ္ပံသုတသနလုပ်ငန်းနဲ့ နည်းပညာဆိုင်ရာထုတ်လုပ်မှုလုပ်ငန်းတွေမှာ အမေရိကန်ရဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကို ဖြစ်စေနိုင်တဲ့ ကွန်ပျူတာချစ်ပ်များဆိုင်ရာ အမေရိကန် ဥပဒေမူကြမ်းဟာလည်း တိုင်ဝမ်နဲ့ပိုမိုပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့လည်း သူကပြောခဲ့ပါတယ်။

အဲဒီနောက် ပလိုစီဟာ တိုင်ဝမ်ပါလီမန်ဒုဥက္ကဋ္ဌကိုလက်ခံတွေ့ဆုံခဲ့ပါတယ်။
တရုတ်ကတော့ အခုလိုနန်စီပလိုစီရဲ့တိုင်၀မ်ကိုသွားရောက်ခဲ့တဲ့ခရီးစဥ်နဲ့ပတ်သက်လို့ နန်စီ တိုင်၀မ်မြေကို စတင်ခြေချကတည်းက တောက်လျှောက်ဆိုသလို ပြင်းထန်တဲ့ကန့်ကွက်မှုတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။

အမေရိကန်အနေနဲ့ ဒီဖြစ်ရပ်အတွက် ပေးဆပ်ရမယ်လို့ တရုတ်အစိုးရက သံတမန်ရေးရာပြစ်တင်ရှုတ်ချမှုကို ထပ်မံပြောကြားလာပါတယ်။

အမေရိကန် သံအမတ်ကြီး နစ်ကိုလပ်ဘန်းစ်ကို တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Xie Feng ကတွေ့ဆုံပြီး ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကို ပြောကြားခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန ဆင်ဟွာကဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ အလွန်ဆိုးရွားပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက အလွန်ဆိုးရွားကြောင်းလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

နန်စီပလိုစီရဲ့တိုင်၀မ်ခရီးစဥ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ပြန်လည်ဖြေရှင်းဖို့ အမေရိကန်နိုင်ငံအနေနဲ့ ၄င်းတို့ရဲ့အမှားတွေကို ချက်ချင်းဖြေရှင်းဖို့နဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့လည်း ဝါရှင်တန်ကို တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းကဆိုပါတယ်။

ဓာတ်ပုံ-Reuters
တိုင်၀မ်လွှတ်တော်ကိုရောက်ရှိလာတဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ

0 comments:

Post a Comment