Pages

Sunday, July 31, 2022

မြို့တော်ခန်း‌မဘေးပေါက်ကွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နဲ့ စည်ပင်ဝန်ထမ်း၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ဆို



RangonNewsDaily::July 31, 2022

မနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ခန်းမဘေးပေါက်ကွဲမှု မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ စည်ပင်နေ့စားဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ဆေးရုံကိုပို့ဆောင်ကုသပေးနေတယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။



ရန်ကုန် မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်ကို အမျိုးသား ၂ ဦးက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။
ရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းအချို့မှာတော့ ထိခိုက်ဒဏ်ရာရရှိမှုပြင်းထန်တဲ့ အခြေအနေကိုတွေ့ရပါတယ်။
မနေ့က မြို့ခံတွေပြောပြချက်အရ မနက် ၁၁ နာရီဝန်းကျင်လောက်မှာပဲ ပေါက်ကွဲသံကျယ်ကျယ်လောင်လောင်ကြားခဲ့ရတာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ အနီးအနားကလူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားပေါ်မှာဖမ်းဆီးထားတာတွေ့ရတယ်လို့ပြောထားပါတယ်။
ရန်ကုန်မြို့လယ်မှာရှိတဲ့ မြို့တော်ခန်းမအနီးတစ်ဝိုက်ဟာဆိုရင် စစ်အာဏာသိမ်းပြီးကတည်းကလုံခြုံရေးတင်းကျပ် လမ်းတွေပိတ်ဆို့ထားသလို စစ်ကောင်စီတပ်တွေရဲ့ဘန်ကာတွေနဲ့လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပါတယ်။
ဓာတ်ပုံ - CJ
ပုံစာ - မနေ့ ဇူလိုင် ၃၀ရက် ပေါက်ကွဲမှုဖြစ်ပြီးနောက် မြို့တော်ခန်းမဘေးမြင်ကွင်း

0 comments:

Post a Comment