BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မလေးရှားတွင် မြန်မာကလေးငယ်သုံးဦးနှင့် ဖခင်ဖြစ်သူ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာအဆုံးစီရင်၍ သုံးဦး​သေ ၊က​လေးတစ်ဦး ဒဏ်ရာရ



RangonNewsDaily::August 3, 2022

ကလေးငယ်နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား သုံးဦးသည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြောက်ပိုင်း Kepong ၌ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။
ဖြစ်စဉ်မှာ ယောက်ျားလေးနှစ်ဦးနှင့် (၈) နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ကို ဖခင်ဖြစ်သူဟု ယုံကြည်ရသော အမျိုးသားတစ်ဦးက MRR2 အဝေးပြေး လမ်းမပေါ်မှ တွန်းချပြီးနောက် ၎င်းကိုယ်တိုင်လည်း ခုန်ချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

“အဝေးပြေးလမ်းမကနေ မြေပြင်အထိ အမြင့်က မီတာ ၂၀ လောက်ရှိတယ်” ဟု အသက် (၃၆) နှစ် အရွယ် မျက်မြင်သက်သေက ဆိုသည်။

အထက်ပါလေးဦးအနက် ၃ ဦးမှာ အခင်းဖြစ်ပွားရာ၌ သေဆုံးခဲ့ပြီး ကလေးငယ် ယောက်ျားလေး တစ်ဦးမှာ အသက်ရှင်ကာ Selayang ဆေးရုံရှိ ICU ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် သတ်မှတ်ကာ ဆက်လက်စုံစမ်းဖော် ထုတ်နေသည်။
ကိုးကား - The Star၊ ဓာတ်ပုံ - Metro