Pages

Friday, July 29, 2022

ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ စစ်ကောင်စီ ၏ သေဒဏ်စီရင်မှုကို ထောက်ခံကြောင်း ဆန္ဒပြပွဲပြုလုပ်


RangonNewsDaily::July 29, 2022

ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ စစ်ကောင်စီ ၏ သေဒဏ်စီရင်မှုကို ထောက်ခံကြောင်း ဆန္ဒပြပွဲပြုလုပ်နေသည်။




အင်အားရာဂဏန်းရှိ စစ်တပ်ထောက်ခံသူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဘူးလတ်လှဆွေ ဦးဆောင်နေသည်ဟု သိရသည်။
ဆန္ဒပြလူအုပ်စုဘေးဘက်တွင် မကြာမီက သေဒဏ်စီရင်ခံသည့် နိုင်ငံရေး အကျဉ်းသားလေးဦး၏ အကြမ်းဖက်လုပ်ရပ်များအကြောင်း ပိုစတာများ ကပ်ထားပြီး၊ ပတ်ဝန်းကျင်တဝိုက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားကာ လမ်းကြိုလမ်းကြားများပါမကျန် ကင်းပုန်းများချထား သည်ဟု Myanmar Now ၏ သတင်းရင်းမြစ်ထံမှ သိရသည်။

Myanmar Now

0 comments:

Post a Comment