Pages

Thursday, August 4, 2022

ရန်ကုန်မြို့ အောင်ဆန်းကွင်းကနေပစ္စည်းတင်ပို့သယ်ယူခွင့် ရက်အကန့်အသတ် မရှိပိတ်၊ နှစ်ရက်အတွင်း ဆိုင်ခန်းပြောင်းပေးဖို့ ပြော



RangonNewsDaily::August 4, 2022

ရန်ကုန်မြို့ကနေ နယ်ကို ကုန်ပစ္စည်းပို့ဆောင်သယ်ယူနေပေးနေတဲ့ အောင်ဆန်းကွင်းပတ်လယ်က ကားဂိတ်ခွဲ တွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီး ဆိုင်ခန်းတွေ နှစ်ရက်အတွင်းဖျက်ပေးဖို့ ထုတ်ပြန်ထားတယ်လို့ သက်ဆိုင်ရာ ဂိတ်တွေကပြောပါတယ်။
မနေ့ သြဂုတ် ၃ ရက်ကနေစတင်ပြီး ဆိုင်ခန်းတွေဖျက်ဖို့ သက်ဆိုင်ရာ ပစ္စည်းပို့ဆောင်သယ်ယူတဲ့ ကားဂိတ်တွေကို ညွှန်ကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အောင်ဆန်းကွင်းမှာရှိတဲ့ ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ကားဂိတ်တချို့ စတင်ဖျက်သိမ်းနေကြပြီလို့ သက်ဆိုင်ရာကားဂိတ်လိုင်းတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ဒီအောင်ဆန်းကွင်းပစ္စည်းသယ်ယူပို့ဆောင်ရေးကားဂိတ်ကို ၃ ရက်တာ ပိတ်ထားဖို့စစ်ကောင်စီက ညွှန်ကြားထားခဲ့ပါသေးတယ်။

ဆိုင်ခန်းတစ်ချို့တော့ စဖျက်နေကြပြီ။ ဒီတစ်ခါ အပြီးပိတ်ရမယ်ထင်တယ် လို့ ပစ္စည်းသယ်ယူပို့ဆောင်နေတဲ့ ကားဂိတ်က တာဝန်ရှိသူက ပြောပါတယ်။
အခုလို ကားဂိတ်ကနေပစ္စည်းသယ်ယူခွင့်တွေပိတ်တာနဲ့ဆိုင်ခန်းတွေပိတ်သိမ်းခိုင်းရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရန်ကုန်ကနေ နိုင်ငံတဝန်းဒေသအသီးသီးကို ကုန်ပစ္စည်းနဲ့ လူသုံးကုန်တွေအပြင် စျေးရောင်းစျေးဝယ်လုပ်ကြတဲ့နေရာမှာ အောင်ဆန်းကွင်းကနေပဲ ပို့ဆောင်၊သယ်ယူမှု တွေအများဆုံးလုပ်ကြတာဖြစ်ပါတယ်။

အခုအောင်ဆန်းကွင်းက ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ဂိတ်ကို ပိတ်သိမ်းဖို့ စစ်ကောင်စီလက်အောက်က တာဝန်ရှိသူတွေကလုပ်ဆောင်နေပေမယ့် ရန်ကုန်မြို့ တွင်းမှာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေတဲ့ ကားဂိတ်ခွဲတွေနဲ့ အောင်မင်္ဂလာကားဂိတ်က ပစ္စည်းသယ်ယူပို့ဆောင်ခွင့်တွေကိုတော့ ဆက်လက်လုပ်ဆောင်လို့ရတယ်လို့ သက်ဆိုင်ရာ ကားဂိတ်တွေသိရပါတယ်။


0 comments:

Post a Comment