Pages

Friday, September 9, 2022

ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့ ပြည်သူတွေလေးနက်စွာဂါရဝပြု


RangonNewsDaily::September 9, 2022

ယူကေရဲ့ နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဆိုတဲ့နောက် ပြည်သူတွေက ဘာကင်ဟမ်နန်းတော်ရှေ့၊ ဝင်ဆာရဲတိုက်၊ ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့တွေမှာ စုရုံးရောက်ရှိပြီး ပန်းစည်းတွေနဲ့ လေးနက်စွာဂါရဝပြု ဝမ်းနည်းကြောင်းပြသတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

လန်ဒန်မြို့လယ် က Piccadilly Circus မှာဆိုရင်လည်း ဘုရင်မကြီးရဲ့ ရုပ်ပုံကို ပြသထားပြီး ပြည်သူတွေက အမှတ်တရဓာတ်ပုံတွေရိုက်ကြပါတယ်။











ဒီကနေ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်လိဂ် ပွဲတွေမှာလည်း ကစားပွဲတွေမစမီကွင်းအတွင်း ဘုရင်မကြီးရဲ့ ပုံကို ပြသပြီးငြိမ်သက်ဂါရဝပြုကြတာလည်းရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့ အသင်းတွေကလည်း ဝမ်းနည်းကြောင်းကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားကြပါတယ်။
ဓာတ်ပုံ - BBC / REUTERS/GETTY IMAGES

0 comments:

Post a Comment