Pages

Tuesday, January 8, 2013

သမိုင်း မတင်မီခေတ်က ကြောင်များ မျိုးသုဉ်းခဲ့သည့်အကြောင်းရင်း ရှာဖွေတွေ့ရှိ


သမိုင်း မတင်မီ တစ်ချိန်က မြောက်အမေရိကတိုက်တွင် ရှင်သန် ကျက်စားခဲ့သည့် ဓားကောက်ပုံ စွယ်သွား
ပါသော ကြောင်များ မျိုးသုဉ်းသွားခြင်းသည်အစာရေစာ ပြတ်လပ်မှုကြောင့်မဟုတ်ကြောင်းသုတေသီများ
က အတည်ပြု ပြောကြားလိုက်သည်။

ပစိဖိတ်သမုဒ္ဒရာတွင် အလွန်ကြီးမားသော ကင်းမွန်တစ်ကောင်တွေ့ရှိ

gaint squid

ဂျပန်နိုင်ငံနှင့် နီးကပ်သောပစိဖိတ်သမုဒ္ဒရာ ရေအောက် ကြမ်းပြင်တွင်အလွန်တရာ ကြီးမားသော ပြည်ကြီး
ငါး (ကင်းမွန်) တစ်ကောင်ကို မှတ်တမ်းတင် ဗီဒီယို ရိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး အစည်းအရုံးက သတင်းထုတ်ပြန်

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး အစည်းအရုံးက သတင်းထုတ်ပြန်

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ ပတ်သက်ပြီး လမ်းညွှန်တာ၊ ကြီးကြပ်တာ၊ ဆွေးနွေးညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တယ်လို့ သိရပါတယ်။ ‘အခုလို ထုတ်ပြန်တာက ဒီနှစ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုတွေကို ရုပ်ရှင်လောကနဲ့ ပရိသတ်တွေက စိတ်တိုင်းမကျခဲ့ကြဘူး၊ အဲဒီဆုတွေကို အစည်းအရုံးက ရွေးတာမဟုတ်ပါဘူး၊ အစည်းအရုံးက လမ်းညွှန်တာလဲ မဟုတ်ဘူးဆိုတာကို သိအောင် ထုတ်ပြန် ကြေညာလိုက်တာ’ လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။ ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့ အခါမှာလည်း စိစစ်အကဲဖြတ်ရေး အဆင့်သုံးဆင့်ကို အဖွဲ့သုံးဖွဲ့နဲ့ ရွေးချယ်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အဲသည် အဖွဲ့သုံးဖွဲ့မှာ ရုပ်ရှင်အတတ်ပညာရှင် ၂၄ ဦးကို ထပ်မံ ထည့်သွင်းပြီး ဆုတွေရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် အတတ်ပညာရှင် ၂၄ ဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွေးချယ်တင်သွင်းခဲ့တာ မဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ အမည်စာရင်းအရ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ချီးမြှင့်မှာဖြစ်ပြီး ၂၀၁၃ အတွက်ကိုတော့ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်မှာဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ပတ်သက်ပြီးလမ်းညွှန်တာ၊ ကြီးကြပ်တာ
၊ ဆွေးနွေးညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်
ပြန် ကြေညာလိုက်တယ်လို့ သိရပါတယ်။ ‘အခုလို ထုတ်ပြန်တာက ဒီနှစ်ချီးမြှင့်ခဲ့တဲ့ရုပ်ရှင်ထူးချွန်ဆုတွေကို
ရုပ်ရှင်လောကနဲ့ ပရိသတ်တွေက စိတ်တိုင်းမကျခဲ့ကြဘူး၊

အစိုးရတပ်အနေနဲ့ ထိုးစစ်ရပ်ပါဆိုပြီး ဦးသိန်းစိန်ကပြောခဲ့ပေမယ့် ထိုးစစ်က ဘယ်တုန်းကမှ မရပ်ခဲ့ပါဘူး

မလိမ့်တပတ်လုပ်ရပ်က ဒီလောက်နဲ့ မရပ်ပါဘူး..။
===========================
ဦးသိန်းစိန်က ကချင်ပြည်နယ်မှာ အစိုးရတပ်အနေနဲ့ ထိုးစစ်ရပ်ပါဆိုပြီး အမှတ်ဝင်ယူသွားတယ်..။ လက်တွေ့မှာ အောက်ခြေမှာ ထိုးစစ်က ဘယ်တုန်းကမှ မရပ်ခဲ့ဘူး..။ (သူတို့အပြောအရတော့ ထိုးစစ်မဟုတ်ပါဘူး.။ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေရှင်းလင်းရေးပါတဲ့..။ ကြုံကြိုက်လို့ ပြောရရင် ပြည်ထောင်စုတပ်မတော်စစ်စစ် တစ်ရပ်သာ ဆိုရင် ကချင်တွေ ခုလို ခုခံနေစရာ မလိုပါဘူး..။ ဒါကြောင့် ပြည်သူ့ထိန်းချုပ်မှုအောက် အလုံးစုံသက်ရောက်သော ပြည်ထောင်စုတပ်မတော်၊ ပြည်သူ့ထောက်ခံမှုအပြည့်ရှိသော ဒီမိုကရေစီအစိုးရ မဖြစ်မချင်းတော့ အစိုးရတပ်ရဲ့ နယ်မြေစိုးမိုးရေးဆိုတာဟာ ကျူးကျော်စစ်သာ ဖြစ်ပါတယ်….။)
ဦးအောင်မင်းက အပစ်အခတ်ရပ်စဲရေးလို့ ပြောနေတုန်း.၊ အောက်ခြေမှာ ၁၂၀ မမတွေနဲ့၊ တိုက်လေယာဉ် တွေနဲ့ စစ်ရေးပြနေကြတယ်..။ အီရတ်မှာ အမေရိကန်စစ်သားဘယ်နှယောက်သေပြီဆိုပြီး သတင်းစာထဲ ထည့်ခဲ့သူတွေက၊ ခုပြည်တွင်စစ်မှာ အစိုးရဘက်က ဘယ်နှယောက်ကျတယ်ဆိုတာ အရိပ်အယောင်တောင် မပြောခဲ့ကြဘူး…။ Transparency နဲ့ Check & Balance ဆိုတာတွေ လွှတ်တော်ထဲမှာ မိုးမွှန်အောင်ပြောနေကြပြီး၊ ကချင်ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အစိုးရတပ်ဘက်ကနေ မှတ်တမ်းရယူခွင့် မပေးကြဘူး..။
The Voice တို့၊ 7 Days တို့မှာ ရှေ့တန်းစခန်းက ကချင်တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေ၊ ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေ ခဏခဏပါပေမယ့် အစိုးရတပ်ဘက်ကနေ သတင်းတွေ၊ ဓာတ်ပုံတွေ၊ အင်တာဗျူးတွေ တက်မလာတာ ဘာဖြစ်လို့လဲ..။ ပြောသမျှကလဲ အောက်ခြေက အဖြစ်အပျက်နဲ့ ထပ်တူမကျတာ ဘာဖြစ်လို့လဲ..။

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတပ်မတော်ဖြစ်နေပါရက်နဲ့..၊ (ကေအိုင်အိုကို တစ်ပတ်နဲ့ ချေမှုန်းမယ်လို့ ကြွေးကြော်ရဲပါရက်နဲ့) သူတို့က သောင်းကျန်းသူပါလို့ သတ်မှတ်ထားတဲ့ သူပုန်စစ်တပ်ရဲ့ ရှေ့တန်းစခန်းတစ်ခု သိမ်းဖို့အရေး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးရတာ ဘာဖြစ်လို့လဲ..။
ဟုတ်ပါတယ်....၊ တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ်..၊ ငါတို့က ချော့မယ်.၊ မင်းတို့က တိုက်ကြ… ဆိုတာမျိုးနဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့သော၊ မလိမ့်တပတ်လုပ်ရပ်တွေ တွင်တွင်ကြီးလုပ်နေကြဦးမယ်ဆိုရင်တော့ ဒါဟာ…

….. ရွှေသမင်ကို တမင်လွှတ်ပေးလိုက်တဲ့ အောက်တန်းကျသောလုပ်ရပ်လို့သာ ပြောလိုက်ပါရစေ..။
(၅)

ကြိုက်သည်ဖြစ်စေ..၊ မကြိုက်သည်ဖြစ်စေ..၊ ပြောစရာရှိလို့ ပြောပါတယ်..။ မှန်တယ်ထင်တာကို ပြောပါတယ်..။

ဒေါက်တာမြန်အောင် (ဆေး-၂)
၎.၁.၂၀၁၃
ရွှေသမင် ဘယ်ကထွက် (ဒေါက်တာမြန်အောင်)
(မှ ပြန်လည် ထုတ်နုတ်တင်ပြသည်။)

ဦးသိန်းစိန်ကကချင်ပြည်နယ်မှာအစိုးရတပ်အနေနဲ့ ထိုးစစ်ရပ်ပါဆိုပြီး အမှတ်ဝင်ယူသွားတယ်..။ လက်တွေ
့မှာ အောက်ခြေမှာ ထိုးစစ်က ဘယ်တုန်းကမှ မရပ်ခဲ့ဘူး..။ (သူတို့အပြောအရတော့ ထိုးစစ်မဟုတ်ပါဘူး.။ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေရှင်းလင်းရေးပါတဲ့..။ ကြုံကြိုက်လို့ ပြောရရင် ပြည်ထောင်စုတပ်မတော်စစ်စစ် တစ်ရပ်သာ ဆိုရင် ကချင်တွေ ခုလို ခုခံနေစရာ မလိုပါဘူး..။

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

08 January 2013 Written by ရွှေဟင်္သာသတင်းဌာန

ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်မှ KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။

“ လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့ ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုပါသည်။

ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်းဖြစ်သည်။ ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများ နှင့် အတူ လေကြောင်းဖြင့်လည်း အပြင်းအထန် တိုက်ခိုက် ခဲ့ပါသည်။ သို့သော် အစိုးရ မြေပြင် တပ်ဖွဲ့များသည် ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက်၌ ကျောင်းသား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကို ခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး များဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။  

အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှားမှုသည် မရှိသလောက် ငြိမ်နေပြီးဖြစ်သည်။ လက်နက်ကြီးများသည် KIA တပ်များ မိမိတပ်နားသို့ ချင်းကပ်ခြင်း မပြုနိုင်ရန် ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။

အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် လူအင်အား အပါဝင် စစ်ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ ရယူရာတွင်လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ အားထားတော့မည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤအားသာချက်ကို အစိုးရဖက်က သိရှိသွားပြီးဖြစ် ပါသည်။

ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ လဂျား စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည်ဟု အကဲခတ်များက ဆိုပါသည်။

ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်မှ KIA အမှတ်(၂၄)တပ်ရင်း
၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။

KIA စခန်း နှင့် လိုင်ဇာမြို့ကို ဓါတုလက်နက်ဖြင့် ဗုံးကျဲ

KIA စခန်း နှင့် လိုင်ဇာမြို့ကို ဓါတုလက်နက်ဖြင့် ဗုံးကျဲ

08 January 2013 Written by ရွှေဟင်္သာသတင်းဌာန

န်းမော်- လိုင်ဇာလမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ် ဆိုသည့် KIA တပ်ရင်း (၂၄) စခန်းကို အစိုးရတပ်ဖွဲ့မှ ရက်ဆက်ထိုးစစ် ဆင်နေရာ ယနေ့မနက် (၆) နာရီတွင်လည်း ထပ်မံ စစ်ဆင်နေသည်ဟု ၄င်းနေရာရှိ ရှေ့တန်းစခန်းမှ ကျောင်းသားခေါင်း ဆောင်တဦးက ပြောပါသည်။

“ ဒီစခန်းကို (၃) ရက်ဆက်တိုက် စစ်ဆင်နေတယ်။ မနေ့ညနေ (၃) နာရီတုန်းကလည်း ရဟတ်ယာဉ် (၃) စင်း၊ တိုက် လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ပြီး ဓါတုဗုံးနဲ့ ဒုံးတွေ သုံးပါတယ်။ ယခင်တပ်ရင်း (၂၃) စခန်းကို ဓါတုဒုံးတွေ သုံးသလိုဘဲ ထပ်သုံးပါတယ်။ ဒီဓါတုဗုံးနဲ့ ဒုံးတွေကြောင့်ဘဲ KIA တပ်ရင်း (၂၃)စခန်း ကျသွားပြီးတော့ ပွိုင့် (၇၇၁) တောင်ကုန်းကို အစိုးရက သိမ်းနိုင်ခဲ့တာပါ။ အခု လည်းအဲဒီနည်းပါဘဲ။” ဟု ဆိုပါသည်။

အဆိုပါလေယာဉ် (၅) စင်းအနက် ရဟတ်ယာဉ် (၂) စင်းသည် ၇၇၁ တောင်ကုန်းပေါ်သို့ ဆင်းပြီး၊ တပ်ဖွဲ့များ အပါဝင် ရိက္ခာ၊ ကျည်ဆံများ ပို့ပေးပြီး ဖြည့်ဆီး ခဲ့ပါသည်။ ကျန်သည့်လေယာဉ် (၃) စင်းသည် အနီးပတ်ဝန်းကျင်ကို ပျံသန်းကာ လိုင်ဇာမြို့နှင့် KIA စခန်းများကို ဒုံးများ၊ ဗုံးများကျဲချခဲ့ပါသည်။ ဓါတုဗုံးအချို့သည် လိုင်ဇာရှိ လူနေအိမ်တချို့ကိုလည်း ထိ မှန်စေသည်ဟု ဆိုပါသည်။ http://www.facebook.com/photo.php?v=386771338082573&set=vb.100002491307580&type=2&theater

ဖွန်းပျဉ်ဘွမ်မှ KIA တပ်ရင်း (၂၄) စခန်းကို အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ ခမရ ၃၈၂နှင့် ခလရ ၄၀ တပ်ဖွဲ့များအပါအ၀င် အထူးတပ်ဖွဲ့များက (၃) ရက် ဆက်တိုက် ထိုးစစ်ဆင်နေခြင်း ဖြစ်ပါသည်။ ဖွန်းပျဉ်ဘွမ်စခန်းသည် အစိုးရတပ်စခန်း ချထားသော လဂျားယန်နှင့် တစ်မိုင်မျှသာဝေးပြီး လက်နက်ကြီးများဖြင့် လည်း မိုးရွာသလို ရာပေါင်းများစွာ ပစ်ခတ်နေကြဟု ဆိုပါသည်။ သို့သော် စခန်းကျသွားခြင်းမရှိဘဲ ယနေ့ မနက်အချိန် အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါသည်။

http://www.facebook.com/photo.php?v=587432811273310&set=vb.100000197881048&type=2&theater

အစိုးရမြေပြင်တပ်ဖွဲ့များသည်လည်း ဖွန်းပျဉ်ဘွမ်စခန်း၌ စစ်ဆင်နေသော ၄င်းတို့တပ်ဖွဲ့အား စစ်ကူပေးရန် လဂျာယန်မှ အထွက် ယနေ့နံနက် ၈း၁၅ မိနစ်ခန့် တုန်ဟုန်းရွာ အရောက်တွင် ကျောင်းသားတပ်မတော်နှင့် အေအိုင်အေ ပူးပေါင်း တပ်များ၏ ချေမှုန်းခြင်းကို ခံရသဖြင့် နေ့လည် (၁) နာရီအထိ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေပါသည်။

ပွိုင့် ၇၇၁ တောင်ကုန်း ဘေးပတ်ဝန်းကျင်၌လည်း အစိုးရတပ်များနှင့် ကေအိုင်အေ တပ်ရင်း (၂၃) မှတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားလျက်ရှိ KIA စစ်ရုံးအရာရှိတဦးက ဆိုပါသည်။ အလားတူ မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်းရှိ မဒီးယန်၊ နမ့်ဆန်ယန်၊ နှင့် ရှမ်းပြည်မြောက်ပိုင်းKIA တပ်မဟာ ၄ ဒေသမှ နေရာအနှံ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆက်လက်ပြင်းထန်လာ ဖွယ်ရာရှိသည်ဟု KIA အရာရှိက ဆိုပါသည်။

န်းမော်- လိုင်ဇာလမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်ဆိုသည့် KIAတပ်ရင်း(၂၄)စခန်းကို အစိုးရတပ်ဖွဲ့မှ ရက်ဆက်
ထိုးစစ် ဆင်နေရာ ယနေ့မနက် (၆) နာရီတွင်လည်း ထပ်မံစစ်ဆင်နေသည်ဟု၎င်းနေရာရှိ ရှေ့တန်းစခန်းမှ
ကျာင်းသားခေါင်း ဆောင်တဦးက ပြောပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး သဘောထားထုတ်ပြန်ချက်

၁။ ယနေ.ကာလ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာများ
ကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား
ပြန်လည်သင့်မြတ်ရေးတို့ကို ဖေါ်ဆောင်နိုင်လိမ့်မည်ဟု ခံယူသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း တပ်အင်အား အလုံးအရင်း
အသုံးပြုကာ အစိုးရဘက်မှ ပြင်းထန်စွာ ထိုးစစ် ဆင်နေမှုများအပေါ် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် (ကျောင်းသားတပ်မတော်) မှ ချက်ချင်းရပ်ဆိုင်းရန် လိုအပ်ကြောင်း အလေးအနက် တောင်းဆို အပ်ပါ သည်။

၂။ အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများသည် လက်ရှိအစိုးရ ဆောင်ရွက်လျှက်ရှိသော တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေး နေမှုများ၊ အပစ်အခတ်ရပ်စဲရေး
ဖြစ်စဉ်များအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် စစ်ရေးပဋိပက္ခများ ချက်ချင်းရပ်ဆိုင်းရန် လိုအပ်သည်။

၃။ ထို့ကြောင့် တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့်
ဆောင်ရွက်သွားရန်နှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိ သည်အထိ နိုင်ငံရေး ပြသနာများကို နိုင်ငံရေးနည်းဖြင့် ဆက်လက် အဖြေရှာသွားကြရမည် ဖြစ်သည်။

၎။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ
ဆွေးနွေးမှုများကို မြန်မာ့သမိုင်းတလျှောက် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြ
သော်လည်း နိုင်ငံရေး ပြသနာများကို ဖြေရှင်းနိုင်သည်အထိ သဘောတူညီမှုများ မရရှိခဲ့ကြသဖြင့် စစ်ရေးပဋိပက္ခများ ယနေ့အထိ ဆက်လက် ဖြစ်ပေါ်နေသည်ဟု မိမိတို့မှ ရှုမြင်သည်။

၅။ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဖေါ်ဆောင်မည်ဆိုပါက အပြန်အလှန် တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုများဖြင့် အင်အားစု အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်ခြင်းဖြင့်သာ လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများကို ကျော်လွှားနိုင်မည်
ဖြစ်ကြောင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

ဗဟိုကော်မတီ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ ။ ။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၇) ရက်


၁။ ယနေ.ကာလ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်ပြည်
တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဖေါ်ဆောင်နိုင်လိမ့်မည်ဟု ခံယူသည်။

ဂျပန် နိုင်ငံက မီးပူတိုက် အားကစား ပြိုင်ပွဲ

ဂျပန် မီးပူတိုက် အားကစား ပြိုင်ပွဲ

ဂျပန်မှာတင်မကပဲ ဂျာမနီမှာပါ ကျင်းပနေပြီ ဖြစ်တဲ့ အားကစားနည်း ဖြစ် ပါတယ်။ ဂျပန်မှာဆိုရင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အနေနဲ့တောင် ကျင်းပ ပါတယ်။ 

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဖူဂျီတောင်ထိပ်မှာ မီးပူးတိုက်ပြတာ မျိုး၊ ရေကြမ်းပြင်အောက်မှာ မီးပူတိုက်ပြတာမျိုး၊ စက်ဘီး စီးရင်း မီးပူး တိုက်ပြတာမျိုးတို့ ဖြစ်ပါတယ်။ ယင်းအားကစားကို Extreme Ironing လို့ အမည်ပေးထားပါတယ်။ 

Extreme Ironing ကို ငါးမျိုးခွဲထားပါတယ်။ Freestyle, Urban, Rocky, Forest နဲ့ Water ဖြစ်ပြီး စိတ်ကြိုက်ပုံစံ၊ မြို့ တွင်း၊ ကျောက်တောင်၊ သစ်တော၊ ရေအောက် လို့ ခွဲခြားထားခြင်း ဖြစ်ပါတယ်။ သာမန် နေ့စဉ် အသက်ရှင်နေထိုင် ဝတ်စားမှုအတွက် အဝတ်မီးပူတိုက်တာမျိုးနဲ့ လုံးဝမတူ ပါဘူး။ ကျားမီးဆွဲရသလိုပဲ ခက်ခက်ခဲခဲကို မီးပူတိုက် ယူရတာ ဖြစ်ပါတယ်။ 

စည်းမျဉ်းစည်းကမ်းများလည်း သတ်မှတ်ထားပြီး ဂျပန်နိုင်ငံမှာ နိုင်ငံတကာ လွန်လွန်ကဲကဲ မီးပူတိုက်ပြိုင်ပွဲ အမည်နဲ့ နှစ်စဉ် ကျင်းပလျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: weirdasia
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_2477.html


--

ဂျပန်မှာတင်မကပဲ ဂျာမနီမှာပါ ကျင်းပနေပြီ ဖြစ်တဲ့ အားကစားနည်း ဖြစ် ပါတယ်။ ဂျပန်မှာဆိုရင် နိုင်ငံတ
ကာ ဖိတ်ခေါ် ပြိုင်ပွဲ အနေနဲ့တောင် ကျင်းပ ပါတယ်။

ဖေ့စ်ဘုတ်ပေါ် status ရေးတင်ခြင်းက အထီးကျန်မှုကို လျော့ချနိုင်

ဖေ့စ်ဘုတ်ပေါ် status ရေးတင်ခြင်းက အထီးကျန်မှုကို လျော့ချနိုင်
-------------------------------------------------------------------
ဖေ့စ်ဘုတ်မှာ status update ရေးတင်လိုက်တာကို မည်သူတဦးကမှ ဂရုမစိုက် like နဲ့ ကွန်မင့် မလုပ်ရင်ခဲ့ရင်တောင်မှ မိမိဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ပိုဆက်သွယ်မိသလို ခံစားမိစေကြောင်း သုတေသနပြုမှုတစ်ခုက ရှာဖွေတွေ့ခဲ့ပါတယ်။

ဘာလင်တက္ကသိုလ် (Universitat Berlin) မှ သုတေသနလုပ်ခဲ့ပြီး အမေရိကန် အရီဇိုးနားတက္ကသိုလ် က ကျောင်းသား ၁၀၀ ပါဝင်စမ်းသပ်ခဲ့ပါတယ်။ သူတို့ကို အုပ်စု၂စုခွဲပြီး တဖွဲ့ကို ခါတိုင်းပုံမှန်ထက် ဖေ့စ်ဘုတ်မှာ ပို့စ်များများ တင်ခိုင်းပြီး ကျန်တဖွဲ့ control group ကိုတော့ ပုံမှန်ပဲတင်ခိုင်းပါတယ်။ တပတ်ကြာပြီးတဲ့နောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို လေ့လာကြည့်တဲ့အခါ ပို့စ်များများတင်တဲ့ ကျောင်းသားအုပ်စု က အစတုန်းကလိုပဲ ပျော်ရွှင်တက်ကြွသူက နဂိုအတိုင်းဖြစ်နေပြီး စိတ်ဓာတ်ကျနေသူ ကလည်း နဂိုအတိုင်း ဖြစ်နေကာ မပြောင်းလဲဘဲ ရှိနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ပို့စ်များများတင်သူတွေက control group ထက် အထီးကျန်ခံစားမှု ပိုနည်းပါးသွားပြီး လူတွေနဲ့ထိတွေ့ ဆက်သွယ်မိတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်မိကြောင်း ဒီလိုခံစားမှုက မိမိရဲ့ပို့စ်များကို အခြားသူများက like နဲ့ ကွန်မင့်များ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မသက်ဆိုင်ကြောင်း သိရပါတယ်။

အထက်ပါတွေ့ရှိချက်ကို ပညာရှင်များက သရေစာ စားလိုက်ခြင်းဖြင့် ထမင်းမစားခင်ကြား အစာငတ်တာကို ယာယီထိန်းချုပ်နိုင်သလို နဲ့ နှိုင်းယှဉ်ရှင်းပြပါတယ်။ တကယ့်ပြင်ပ လူ့အသိုင်းအ၀ိုင်း နဲ့ ထိတွေ့ဆက်ဆံမှု မရှိပေမဲ့လည်း social snacking လို့ခေါ်နိုင်တဲ့ ဖေ့စ်ဘုတ်မှာ အလွယ်တကူ status update ရေးတာကလည်း အချိန်အတိုင်းအတာ တခုထိ အထီးကျန်ဆန်မှုကို လျော့နည်းစေကောင်း စေလိမ့်မယ်လို့ ဘာလင်တက္ကသိုလ်အသင်းရဲ့ Social Psychological and Personality Science စာစောင်မှာ ရေးသားထားပါတယ်။ (Ref; Mashabel)

အေးချမ်းမွန်မှ   Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဖေ့စ်ဘုတ်မှာ status update ရေးတင်လိုက်တာကိုမည်သူတဦးကမှဂရုမစိုက် like နဲ့ကွန်မင့် မလုပ်ရင်ခဲ့ရင်
တာင်မှ မိမိဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ပိုဆက်သွယ်မိသလို ခံစားမိစေကြောင်း သုတေသနပြုမှုတစ်ခုက ရှာ
ဖွေတွေ့ခဲ့ပါတယ်။

"၂ဝ၁၂ မှာပေးဆပ်ခဲ့ ရသလောက် ပြန်မရခဲ့ကြောင်း မင်းသွေးပြော"

"၂ဝ၁၂ မှာပေးဆပ်ခဲ့ ရသလောက် ပြန်မရခဲ့ကြောင်း မင်းသွေးပြော"

မြန်မာနိုင်ငံ အစည်းအရုံးက ရုပ်ရှင်လောကသားများရဲ့ သဘောတူညီမှုနဲ့ ရုပ်ရှင်၊ဒီဗီဒီနဲ့ ဗီဒီယို ရိုက်ကူးရက် သတ်မှတ်ချက်များကို ဒီဇင်ဘာ ၂၃ ရက်နေ့က စတင် ထုတ် ပြန်ခဲ့ပြီးနောက် အဲဒီသတ်မှတ်ချက် အပေါ် မင်းသွေးနဲ့ တွေ့ဆုံခိုက် သူ့ ရဲ့အမြင်ကို မေးကြည့်တော့ “ကောင်းတယ်ဗျ။ ဗီဒီယိုကားဆိုရင် ၁ဝရက် ပေါ့။ တစ်လကို ၃ ကား၊ တစ်လကို ၃ကား ကိုတောင်မှ ဦးဇင်ဝိုင်းက လည်း ဒဏ်နဲ့ သတ်မှတ်မယ်။ ဥပမာ ဆိုကြပါစို့ တစ်ကားကို ၁ဝရက်ရိုက် ရမှာ သိသိကြီးနဲ့ တစ်လကို ၄ကား ရိုက်လိုက် တယ်။ နယ်မှာ မဟုတ်ဘဲနဲ့ ရန်ကုန်မှာပဲ ဒဏ်ပေးတဲ့ စနစ်တွေ ရှိတယ်။ ပထမအကြိမ်၊ ဒုတိယ အကြိမ်၊ တတိယအကြိမ် ဆိုတာ တွေ ရှိတယ်။ ၁ဝရက်လုံး ရိုက်ရမယ်လို့ မပြောဘူး။ တစ်ကားကို ၇ရက်နဲ့ ပြီးချင် ပြီးသွားမယ်” လို့ မင်းသွေးက ပြောပါတယ်။

အခုလို လုပ်လာတဲ့ အတွက် ဗီဒီယို ဈေးကွက်ပိုင်း အနေနဲ့ လေ့လာဖို့ အတွက်ဆိုတာ တဖြည်း ဖြည်းလုပ် ရမှာဖြစ်နေတဲ့ အတွက် ချက်ချင်း ဝုန်းဒိုင်း ကြီးတော့ ခုန်တက် မလာနိုင် ကြောင်း မင်းသွေးက ပြောပါတယ်။ “ဗီဒီယိုဈေးကွက်က နောက်ပိုင်းဆို ရင် ပြန်ခေါင်းမော့နိုင်မလား ဆိုတာ ကတော့ ၅ဝ/၅ဝပဲဗျ။ မြန်မာနိုင်ငံမှာ လူဦးရေသန်း ၃ဝရှိတယ်ပဲ ဆိုပါတော့။ ဗီဒီယို ကြည့်တဲ့လူ သန်း ၂ဝရှိတယ်။ ထားပါတော့ အခုဖြစ်နေတဲ့ ပြဿနာ က ငှားကြည့် တဲ့သူနဲ့မဆိုင်ဘူး။ ငှားကြည့်တဲ့သူက တစ်ခွေ ကျပ်၂ဝဝ လည်း ငှားကြည့်နေမှာပဲလေ။ ငှားကြည့်တဲ့ သူနဲ့တော့ သိပ်မပတ်သတ်ဘူး။ အမှန် အတိုင်းပြောရင် အနုပညာရှင် ပဲဖြစ်ဖြစ်၊ ပရိုဂျူဆာ ပဲဖြစ် ဖြစ် အကုန်လုံးက နယ်ကိုယ်စားလှယ်တွေ ဆီမှာ မှီခို နေရတာ။ အဲဒီလို မှီခိုနေရတော့ ပိုက်ဆံ မပေးဘဲနဲ့ ထပ်ပေးလိုက်ရတာ မျိုးတွေ ရှိတယ်။ အဲဒီတော့ အကြွေးတွေ များလာတယ်။ ရိုက်ရတဲ့ သူတွေကလည်း လေးရက် တစ်ကားတွေဘာတွေ အဲဒါတွေကြောင့် ရိုက်ရတယ်လို့ ကျွန်တော် ထင်တယ်။ 

ဗီဒီယို လောကပဲဖြစ်ဖြစ်၊ သရုပ်ဆောင် လောကပဲဖြစ်ဖြစ် ပြန်ပြီးတော့ ရှင်သန် လာနိုင်မယ်။ ဒါကတော့ ကျွန်တော် ဥာဏ်မီ သလောက် ပြောပြ တာပါ” လို့ မင်းသွေးက သုံးသပ်ပြပါတယ်။ ၂ဝ၁၂ ကုန် ဆုံးခဲ့တဲ့အတိုင်း အတာကြီး တစ်ခုအတွင်းမှာ မင်းသွေးက သူ ကြိုးစားခဲ့သလို၊ အများကြီး အားထုတ်လုပ် ခဲ့ပေမယ့်လည်း ပေးဆပ်ခဲ့ ရသလောက် ပြန်မရခဲ့တဲ့ အတွက် ကြိုးစားဖို့ လိုအပ် နေသေးတယ် ဆိုတာကို ပြန် သုံးသပ်မိနေကြောင်း မင်းသွေးက ပြောပါတယ်။ “၂ဝ ၁၃မှာ သေချာတာ တစ်ခုကတော့ ဗီဒီယို တစ်ကားကို၁ဝ ရက်ဖြစ် သွားပြီ။ အဲဒီတော့ ရိုက်တဲ့ ကွာလတီပိုင်းက အစအကုန်ကောင်းလာကြတော့မယ် ထင်တယ်။ ကျွန်တော်ကတော့ ၂ဝ၁၃ မှာ အစကတည်းက Plan ရှိပြီးသားပါ။ ကျွန်တော် ရိုက်ခဲ့ပြီးတဲ့ ပုံစံတွေနဲ့ မတူတဲ့ ပုံစံ တစ်ခု ထွက်လာဖို့ ကျွန်တော်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဇာတ်လမ်းပိုင်း ပဲဖြစ်ဖြစ်၊ ကွာလတီပိုင်း ပဲဖြစ် ဖြစ် ပိုကောင်းအောင် လုပ် ဖို့စီစဉ်ထားတာ ရှိနေပါတယ်” လို့ မင်းသွေးကပြောပြခဲ့ပါတယ်။

ထက်လူလူ

မြန်မာနိုင်ငံ အစည်းအရုံးက ရုပ်ရှင်လောကသားများရဲ့ သဘောတူညီမှုနဲ့ ရုပ်ရှင်၊ဒီဗီဒီနဲ့ ဗီဒီယို ရိုက်ကူးရက် သတ်မှတ်ချက်များကို ဒီဇင်ဘာ ၂၃ ရက်နေ့က စတင် ထုတ် ပြန်ခဲ့ပြီးနောက် အဲဒီသတ်မှတ်ချက် အပေါ် မင်းသွေးနဲ့ တွေ့ဆုံခိုက် သူ့ ရဲ့အမြင်ကို မေးကြည့်တော့ “ကောင်းတယ်ဗျ။ ဗီဒီယိုကားဆိုရင် ၁ဝရက် ပေါ့။ တစ်လကို ၃ ကား၊ တစ်လကို ၃ကား ကိုတောင်မှ ဦးဇင်ဝိုင်းက လည်း ဒဏ်နဲ့ သတ်မှတ်မယ်။ ဥပမာ

လူ့အခွင့်ရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပြပွဲနှင့် ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်ရုပ်ရှင်များစတင်လက်ခံနေပြီ

လူ့အခွင့်ရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပခြင်းအတွက် သတင်းစာရှင်းလင်းပွဲအခန်းအနားကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၈)ရက် မွန်းလွဲ (၁း၃၀)အချိန်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း Central Hotel တွင် ပြုလုပ်ခဲ့သည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှ  ပြိုင်ပွဲနှင့်ပတ်သက်ပြီး အမျိုးစား(၃)မျိုး ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ပြိုင်ပွဲဝင်ရုပ်ရှင်များကို ယခုလ(၇)ရက်မှ စတင်လက်ခံနေပြီး မေလ (၁၀)ရက်နေ့ အထိလက်ခံသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရုပ်ရှင်များကို ဇွန်လ(၁၅ ရက်မှ ၁၉ ရက်နေ့အထိ) ပြသသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လှုအခွင့်ရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပခြင်းအတွက် သတင်းစာရှင်းလင်းပွဲ
အခန်းအနားကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၈)ရက် မွန်းလွဲ(၁း၃၀)အချိန်ကရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း
လမ်း Central Hotel တွင် ပြုလုပ်ခဲ့သည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှ-----------------------------------

လူ့အခွင့်အရေးနှင့် လူ့ဂုဏ် သိက်္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် တို့က ဆုများ ချီးမြှင့်မည်