Pages

Tuesday, January 8, 2013

အစိုးရတပ်အနေနဲ့ ထိုးစစ်ရပ်ပါဆိုပြီး ဦးသိန်းစိန်ကပြောခဲ့ပေမယ့် ထိုးစစ်က ဘယ်တုန်းကမှ မရပ်ခဲ့ပါဘူး

မလိမ့်တပတ်လုပ်ရပ်က ဒီလောက်နဲ့ မရပ်ပါဘူး..။
===========================
ဦးသိန်းစိန်က ကချင်ပြည်နယ်မှာ အစိုးရတပ်အနေနဲ့ ထိုးစစ်ရပ်ပါဆိုပြီး အမှတ်ဝင်ယူသွားတယ်..။ လက်တွေ့မှာ အောက်ခြေမှာ ထိုးစစ်က ဘယ်တုန်းကမှ မရပ်ခဲ့ဘူး..။ (သူတို့အပြောအရတော့ ထိုးစစ်မဟုတ်ပါဘူး.။ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေရှင်းလင်းရေးပါတဲ့..။ ကြုံကြိုက်လို့ ပြောရရင် ပြည်ထောင်စုတပ်မတော်စစ်စစ် တစ်ရပ်သာ ဆိုရင် ကချင်တွေ ခုလို ခုခံနေစရာ မလိုပါဘူး..။ ဒါကြောင့် ပြည်သူ့ထိန်းချုပ်မှုအောက် အလုံးစုံသက်ရောက်သော ပြည်ထောင်စုတပ်မတော်၊ ပြည်သူ့ထောက်ခံမှုအပြည့်ရှိသော ဒီမိုကရေစီအစိုးရ မဖြစ်မချင်းတော့ အစိုးရတပ်ရဲ့ နယ်မြေစိုးမိုးရေးဆိုတာဟာ ကျူးကျော်စစ်သာ ဖြစ်ပါတယ်….။)
ဦးအောင်မင်းက အပစ်အခတ်ရပ်စဲရေးလို့ ပြောနေတုန်း.၊ အောက်ခြေမှာ ၁၂၀ မမတွေနဲ့၊ တိုက်လေယာဉ် တွေနဲ့ စစ်ရေးပြနေကြတယ်..။ အီရတ်မှာ အမေရိကန်စစ်သားဘယ်နှယောက်သေပြီဆိုပြီး သတင်းစာထဲ ထည့်ခဲ့သူတွေက၊ ခုပြည်တွင်စစ်မှာ အစိုးရဘက်က ဘယ်နှယောက်ကျတယ်ဆိုတာ အရိပ်အယောင်တောင် မပြောခဲ့ကြဘူး…။ Transparency နဲ့ Check & Balance ဆိုတာတွေ လွှတ်တော်ထဲမှာ မိုးမွှန်အောင်ပြောနေကြပြီး၊ ကချင်ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အစိုးရတပ်ဘက်ကနေ မှတ်တမ်းရယူခွင့် မပေးကြဘူး..။
The Voice တို့၊ 7 Days တို့မှာ ရှေ့တန်းစခန်းက ကချင်တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေ၊ ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေ ခဏခဏပါပေမယ့် အစိုးရတပ်ဘက်ကနေ သတင်းတွေ၊ ဓာတ်ပုံတွေ၊ အင်တာဗျူးတွေ တက်မလာတာ ဘာဖြစ်လို့လဲ..။ ပြောသမျှကလဲ အောက်ခြေက အဖြစ်အပျက်နဲ့ ထပ်တူမကျတာ ဘာဖြစ်လို့လဲ..။

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတပ်မတော်ဖြစ်နေပါရက်နဲ့..၊ (ကေအိုင်အိုကို တစ်ပတ်နဲ့ ချေမှုန်းမယ်လို့ ကြွေးကြော်ရဲပါရက်နဲ့) သူတို့က သောင်းကျန်းသူပါလို့ သတ်မှတ်ထားတဲ့ သူပုန်စစ်တပ်ရဲ့ ရှေ့တန်းစခန်းတစ်ခု သိမ်းဖို့အရေး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးရတာ ဘာဖြစ်လို့လဲ..။
ဟုတ်ပါတယ်....၊ တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ်..၊ ငါတို့က ချော့မယ်.၊ မင်းတို့က တိုက်ကြ… ဆိုတာမျိုးနဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့သော၊ မလိမ့်တပတ်လုပ်ရပ်တွေ တွင်တွင်ကြီးလုပ်နေကြဦးမယ်ဆိုရင်တော့ ဒါဟာ…

….. ရွှေသမင်ကို တမင်လွှတ်ပေးလိုက်တဲ့ အောက်တန်းကျသောလုပ်ရပ်လို့သာ ပြောလိုက်ပါရစေ..။
(၅)

ကြိုက်သည်ဖြစ်စေ..၊ မကြိုက်သည်ဖြစ်စေ..၊ ပြောစရာရှိလို့ ပြောပါတယ်..။ မှန်တယ်ထင်တာကို ပြောပါတယ်..။

ဒေါက်တာမြန်အောင် (ဆေး-၂)
၎.၁.၂၀၁၃
ရွှေသမင် ဘယ်ကထွက် (ဒေါက်တာမြန်အောင်)
(မှ ပြန်လည် ထုတ်နုတ်တင်ပြသည်။)

ဦးသိန်းစိန်ကကချင်ပြည်နယ်မှာအစိုးရတပ်အနေနဲ့ ထိုးစစ်ရပ်ပါဆိုပြီး အမှတ်ဝင်ယူသွားတယ်..။ လက်တွေ
့မှာ အောက်ခြေမှာ ထိုးစစ်က ဘယ်တုန်းကမှ မရပ်ခဲ့ဘူး..။ (သူတို့အပြောအရတော့ ထိုးစစ်မဟုတ်ပါဘူး.။ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေရှင်းလင်းရေးပါတဲ့..။ ကြုံကြိုက်လို့ ပြောရရင် ပြည်ထောင်စုတပ်မတော်စစ်စစ် တစ်ရပ်သာ ဆိုရင် ကချင်တွေ ခုလို ခုခံနေစရာ မလိုပါဘူး..။
ဒါကြောင့် ပြည်သူ့ထိန်းချုပ်မှုအောက်အလုံးစုံသက်ရောက်သော ပြည်ထောင်စုတပ်မတော်၊ ပြည်သူ့ထောက်
ခံမှုအပြည့်ရှိသော ဒီမိုကရေစီအစိုးရ မဖြစ်မချင်းတော့ အစိုးရတပ်ရဲ့ နယ်မြေစိုးမိုးရေးဆိုတာဟာ ကျူးကျော်
စစ်သာ ဖြစ်ပါတယ်….။)ဦးအောင်မင်းက အပစ်အခတ်ရပ်စဲရေးလို့ ပြောနေတုန်း.၊ အောက်ခြေမှာ ၁၂၀ မမ
တွနဲ့၊ တိုက်လေယာဉ် တွေနဲ့ စစ်ရေးပြနေကြတယ်..။ 

အီရတ်မှာ အမေရိကန်စစ်သားဘယ်နှယောက်သေပြီဆိုပြီးသတင်းစာထဲထည့်ခဲ့သူတွေက၊ခုပြည်တွင်စစ်မှာ
အစိုးရဘက်က ဘယ်နှယောက်ကျတယ်ဆိုတာ အရိပ်အယောင်တောင် မပြောခဲ့ကြဘူး…။ Transparency နဲ့ Check & Balance ဆိုတာတွေလွှတ်တော်ထဲမှာမိုးမွှန်အောင်ပြောနေကြပြီး၊ ကချင်ပြည်တွင်းစစ်နဲ့ပတ်သက်
တဲ့ သတင်းတွေကို အစိုးရတပ်ဘက်ကနေ မှတ်တမ်းရယူခွင့် မပေးကြဘူး..။

The Voice တို့၊ 7 Days တို့မှာ ရှေ့တန်းစခန်းက ကချင်တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေ၊ ကေအိုင်အို ကေ

အိုင်အေ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေ ခဏခဏပါပေမယ့်အစိုးရတပ်ဘက်ကနေသတင်းတွေ၊ဓာတ်
ပုံတွေ၊ အင်တာဗျူးတွေ တက်မလာတာဘာဖြစ်လို့လဲ။ ပြောသမျှကလဲ အောက်ခြေက အဖြစ်အပျက်နဲ့ ထပ်
တူမကျတာ ဘာဖြစ်လို့လဲ..။

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတပ်မတော်ဖြစ်နေပါရက်နဲ့..၊ (ကေအိုင်အိုကို တစ်ပတ်နဲ့ ချေမှုန်းမယ်လို့ ကြွေးကြော်

ရဲပါရက်နဲ့) သူတို့က သောင်းကျန်းသူပါလို့ သတ်မှတ်ထားတဲ့ သူပုန်စစ်တပ်ရဲ့ ရှေ့တန်းစခန်းတစ်ခု သိမ်းဖို့
အရေး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးရတာ ဘာဖြစ်လို့လဲ..။

ဟုတ်ပါတယ်....၊ တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ်..၊ ငါတို့က ချော့မယ်.၊ မင်းတို့က တိုက်ကြ… ဆိုတာ

မျိုးနဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့သော၊ မလိမ့်တပတ်လုပ်ရပ်တွေ တွင်တွင်ကြီးလုပ်နေကြဦးမယ်ဆိုရင်တော့ ဒါဟာ…

….. ရွှေသမင်ကို တမင်လွှတ်ပေးလိုက်တဲ့ အောက်တန်းကျသောလုပ်ရပ်လို့သာ ပြောလိုက်ပါရစေ..။(၅)

ကြိုက်သည်ဖြစ်စေ..၊ မကြိုက်သည်ဖြစ်စေ..၊ ပြောစရာရှိလို့ ပြောပါတယ်..။ မှန်တယ်ထင်တာကို ပြောပါ

တယ်..။

ဒေါက်တာမြန်အောင် (ဆေး-၂)
၎.၁.၂၀၁၃
ရွှေသမင် ဘယ်ကထွက် (ဒေါက်တာမြန်အောင်မှ ပြန်လည် ထုတ်နုတ်တင်ပြသည်။)

0 comments:

Post a Comment