Pages

Tuesday, January 8, 2013

Samsung Galaxy Grand ဖုန်းကို Samsung ပြသ



Samsung ကုမ္ပဏီသည် အလယ်အလတ်တန်းစား စမတ်ဖုန်း အတန်းအစားထဲတွင် လုပ်ဆောင်မှုကောင်း များစွာ ထည့်သွင်းထားသော Galaxy Grand ဖုန်းကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်ပြီးအဆိုပါဖုန်းအသွင်သဏ္ဌာန်
မှာ အဆင့်မြင့်ဖုန်းများ ဖြစ်ကြသော S3၊ Note 2 တို့နှင့် ပိုမိုဆင်တူကြောင်း တွေ့ရှိရသည်။
ယခု ထုတ်ဖော်ပြသလိုက်သော Galaxy Grand ဖုန်းမှာ မျက်နှာပြင် အရွယ်အစားအားဖြင့် 5-inch ရှိသည့်အ
တွက် multimedia နှင့်Webအချက်အလက်များ ကြည့်ရှုရာ၌ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုနိုင်မည့်အပြင် အရောင်
အသွေးမှာလည်း စိုပြေမှုရှိစေမည် ဖြစ်သည်။

ဖုန်းမျက်နှာပြင် ကြီးမားသော်လည်း သေးသွယ်ပြီး လက်ထဲတွင် သက်သောင့်သက်သာ ကိုင်ဆောင် အသုံး
ပုနိုင်သည့် အရွယ်မျိုး ဖြစ်အောင် ဖန်တီးထားကာ ဖုန်းအထူမှာ 0.38 inch သာ ရှိသည်။ Hardware ပိုင်းအ
တွက်မူ သင့်တင့်သည့် လုပ်ဆောင်မှုနှုန်း ရရှိစေမည့် Dual-core 1.2 GHz processorကိုသုံးစွဲထားပြီး system
memory မှာ 1GB RAM ရှိမည်ဖြစ်သည်။

Graphics ပိုင်းအတွက် အရည်အသွေးမြင့် အမျိုးအစားကို သုံးစွဲပေးထားသည့်အတွက် အဆင့်မြင့် apps နှင့် games များကို ချောမွတ်ပြေပြစ်စွာသုံးစွဲကစားနိုင်မည်ဟု ဆိုထားသည်။Inter memory ကို 8GB ထည့်သွင်း
ပေးထားပြီး microSD card မှတစ်ဆင့် 64GB အထိ တိုးမြှင့်သုံးစွဲနိုင်မည် ဖြစ်သည်။8MP rear camera, 2MP
front camera တို့ပါဝင်ကာ OS အတွက် Android နောက်ဆုံး OS ဖြစ်သည့် Jelly Bean4.1.2 ကို အသုံးပြု
ထားသည်။

ဖုန်းကို နား,နားသို့ ကပ်လိုက်ရုံဖြင့် အလိုအလျောက် ဖုန်းခေါ်ဆိုနိုင်မည့် Direct Call, missed calls နှင့် mess
ages အသစ်များကို သိရှိစေမည့် Smart Alert တို့ကဲ့သို့ features ကောင်းများ ပါဝင်ပြီး Grand Duos မှာ SIM card ၂ ကဒ် သုံးနိုင်မည်ဖြစ်သည်။

 ဈေးနှုန်းမှာ အမေရိကန်တွင် ဒေါ်လာ ၅၅၀ မှ ၆၀၀ ကြား ရှိနိုင်ကာ၂၀၁၃၊မတ်လတွင်မှဝယ်ယူနိုင်မည်ဖြစ်
သည်။

Net Guide

0 comments:

Post a Comment