Pages

Tuesday, January 8, 2013

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး အစည်းအရုံးက သတင်းထုတ်ပြန်

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး အစည်းအရုံးက သတင်းထုတ်ပြန်

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ ပတ်သက်ပြီး လမ်းညွှန်တာ၊ ကြီးကြပ်တာ၊ ဆွေးနွေးညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တယ်လို့ သိရပါတယ်။ ‘အခုလို ထုတ်ပြန်တာက ဒီနှစ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုတွေကို ရုပ်ရှင်လောကနဲ့ ပရိသတ်တွေက စိတ်တိုင်းမကျခဲ့ကြဘူး၊ အဲဒီဆုတွေကို အစည်းအရုံးက ရွေးတာမဟုတ်ပါဘူး၊ အစည်းအရုံးက လမ်းညွှန်တာလဲ မဟုတ်ဘူးဆိုတာကို သိအောင် ထုတ်ပြန် ကြေညာလိုက်တာ’ လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။ ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့ အခါမှာလည်း စိစစ်အကဲဖြတ်ရေး အဆင့်သုံးဆင့်ကို အဖွဲ့သုံးဖွဲ့နဲ့ ရွေးချယ်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အဲသည် အဖွဲ့သုံးဖွဲ့မှာ ရုပ်ရှင်အတတ်ပညာရှင် ၂၄ ဦးကို ထပ်မံ ထည့်သွင်းပြီး ဆုတွေရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် အတတ်ပညာရှင် ၂၄ ဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွေးချယ်တင်သွင်းခဲ့တာ မဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ အမည်စာရင်းအရ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ချီးမြှင့်မှာဖြစ်ပြီး ၂၀၁၃ အတွက်ကိုတော့ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်မှာဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ပတ်သက်ပြီးလမ်းညွှန်တာ၊ ကြီးကြပ်တာ
၊ ဆွေးနွေးညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်
ပြန် ကြေညာလိုက်တယ်လို့ သိရပါတယ်။ ‘အခုလို ထုတ်ပြန်တာက ဒီနှစ်ချီးမြှင့်ခဲ့တဲ့ရုပ်ရှင်ထူးချွန်ဆုတွေကို
ရုပ်ရှင်လောကနဲ့ ပရိသတ်တွေက စိတ်တိုင်းမကျခဲ့ကြဘူး၊
အဲဒီဆုတွေကို အစည်းအရုံးက ရွေးတာမဟုတ်ပါဘူး၊ အစည်းအရုံးက လမ်းညွှန်တာလဲ မဟုတ်ဘူးဆိုတာကို သိအောင် ထုတ်ပြန် ကြေညာလိုက်တာလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောပါတယ်။ ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ကြီးမှူးကျင်း
ပခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့ အခါမှာလည်း စိစစ်အကဲဖြတ်ရေး အဆင့်သုံးဆင့်ကို အဖွဲ့သုံးဖွဲ့နဲ့ ရွေး
ချယ်ခဲ့ပါတယ်။ 

အခုနှစ်မှာတော့ အဲသည် အဖွဲ့သုံးဖွဲ့မှာ ရုပ်ရှင်အတတ်ပညာရှင် ၂၄ ဦးကို ထပ်မံ ထည့်သွင်းပြီး ဆုတွေရွေး
ချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် အတတ်ပညာရှင် ၂၄ ဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွေးချယ်
တင်သွင်းခဲ့တာ မဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ အမည်စာရင်းအရ ထည့်သွင်းခဲ့တာ ဖြစ်ပါ
တယ်။ 

လာမယ့်၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ယူချီးမြှင့်မှာဖစ်
ပြီး ၂၀၁၃ အတွက်ကိုတော့ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်မှာဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ရက်နေ့
ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကုမုဒြာ

0 comments:

Post a Comment