Pages

Tuesday, January 8, 2013

Lenovo ၏ screen အရွယ် ၂၇ လက်မရှိ Horizon table ကွန်ပျူတာ မိတ်ဆက်ပြသ

lenovo horizon table

Consumer Electronics Show 2013 (CES 2013) ပြပွဲတွင် IdeaCentre Horizon အမည်ရှိ စားပွဲပုံသဏ္ဍန် touchscreen ကွန်ပျူတာကို မီဒီယာများအား Lenovo က စတင် မိတ်ဆက်ပြသခဲ့သည်။ Lenovo Horizon table ဟု ခေါ်ဝေါ်ကြသော စားပွဲပုံသဏ္ဍန် အဆိုပါ ကွန်ပျူတာမှာ screen အရွယ်အစား ၂၇ လက်မရှိပြီး desktop ကွန်ပျူတာနှင့် tablet အကြီးစားကဲ့သို့ စွမ်းဆောင်ရည်များ ပါဝင်ကြောင်း သိရှိရသည်။
Horizon table ကွန်ပျူတာတွင် Windows 8 အသုံးပြုထားပြီး အချက်အလက် သိမ်းဆည်းနိုင်မှုအဖြစ် 1 TB hard drive ပါရှိသည်။

Intel Core ပရိုဆက်ဆာ အသုံးပြုထားသော Lenovo ၏ Horizon table ဖြင့် multi-touch ဂိမ်းများ အပါအဝင် application ၅,၀၀၀ ကျော် ပါဝင်သည့် app store ကိုလည်း အသုံးပြုနိုင်မည်ဟု Lenovo က ပြောကြားသည်။



lenovo horizon table

Horizon table ကွန်ပျူတာကို ယခုနှစ် နွေရာသီတွင် ၁,၆၉၉ ဒေါ်လာဖြင့် စတင်ရောင်းချမည်ဖြစ်သည်။ CES 2013 ပြပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ အမေရိကန်ပြည်ထောင်စုလက်စ်ဗီးဂက်စ်တွင် ကျင်းပပြုလုပ်
သွားမည် ဖြစ်သည်။

Planet Myanmar Network:

0 comments:

Post a Comment