Pages

Tuesday, January 8, 2013

ပစိဖိတ်သမုဒ္ဒရာတွင် အလွန်ကြီးမားသော ကင်းမွန်တစ်ကောင်တွေ့ရှိ

gaint squid

ဂျပန်နိုင်ငံနှင့် နီးကပ်သောပစိဖိတ်သမုဒ္ဒရာ ရေအောက် ကြမ်းပြင်တွင်အလွန်တရာ ကြီးမားသော ပြည်ကြီး
ငါး (ကင်းမွန်) တစ်ကောင်ကို မှတ်တမ်းတင် ဗီဒီယို ရိုက်နိုင်ခဲ့ကြောင်း သိရသည်။
NHKနှင့် Discovery Channelတို့ ပူးပေါင်းကာ သုတေသန ပြုလုပ်ခဲ့သည့် အဏ္ဏဝါမှတ်တမ်း ဗီဒီယိုတွင် အဆို
ပါ သတ္တဝါကြီးကို (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ချီချီကျွန်းအနီးရှိ ပင်လယ်ရေအောက်
 မီတာ (၆၃၀)မျှ အနက်တွင် ယင်း ပြည်ကြီးငါးကြီးအား မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချီချီကျွန်းမှ အရှေ့ဘက် (၁၅)ကီလိုမီတာ အကွာမျှတွင် ကျက်စားနေဟန်ရှိသော သတ္တဝါကြီးသည် ပြည်ကြီး

ငါးများ သဘာဝအတိုင်း အလွန်တရာ ကြီးမားနိုင်ကြောင်း ပထမဆုံး သက်သေ အထောက်အထား ဖြစ်လာ
ခဲ့ကြောင်း တနင်္လာနေ့က ပညာရှင်များက ကြေညာခဲ့သည်။ 

ကြီးမားလှသည့် ရေဘဝဲဆန်ဆန်သတ္တဝါကြီးများပင်လယ်ထဲတွင်ကျက်စားနေတတ်သည်ကို မြင်ခဲ့ရကြောင်း
ရာစုနှစ်အဆက်ဆက် သင်္ဘောသားများက ပြောဆိုခဲ့သော်လည်းယခုတစ်ကြိမ်မှသာ မျက်ဝါးထင်ထင် မှတ်
တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

gaint squid

နောဒစ် ဂန္ထဝင် ဇာတ်လမ်းများတွင် ပါဝင်သည့် ကရာကင်ခေါ် ပင်လယ်ပျော် သတ္တဝါဆိုးကြီးနှင့် ယခုတွေ့
ရှိသော ပြည်ကြီးငါးတို့သည် မျိုးရိုးဗီဇ ဆက်နွယ်မှုပင် ရှိနိုင်ကြောင်း ပညာရှင်များက ယူဆထားသည်။ 

ကရာကင်တို့သည် တစ်ချိန်က စကန်ဒီနေးဗီးယန်း ဒေသတွင် ပင်လယ်သမုဒ္ဒရာကို ဖြတ်ကူးသော သင်္ဘော
များအား တိုက်ခိုက်ဖျက်ဆီးလေ့ ရှိကြောင်း ပါးစပ်ရာဇဝင်များ တွင်ကျန်နေခဲ့သည်။ 

ယခုတွေ့ရှိသော ပြည်ကြီးငါးကြီးသည်အနည်းဆုံးအရှည်(၂၆)ပေထိ ရှိမည်ဟုယူဆရသည်။ အေးစက်မှောင်
မည်းသည့် နေရာမျိုးကို ရွေးချယ် ကျက်စားနေသည့် ယင်းသက်ရှိနှင့် ပတ်သက်သော အချက်အလက်များ
ကို ဆက်လက်လေ့လာ ခြေရာခံနေဆဲဟုလည်း ပညာရှင်များက ပြောကြားသွားသည်။

Source: phys.org

0 comments:

Post a Comment