![]() |
| ဓာတ်ပုံ- ဥက္ကာကိုကို |
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၆၉၀၀ခန့်တွင်တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့်
တောင်တန်းရှည်
ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော
မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေး
သည်မူရင်း
ဒေသခံများဖြစ်သော လော်ဝေါ်၊လချိတ်၊လီဆူးလူမျိုးတို့၏လိုတရနတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်
ပျံမကျစည်ကားခဲ့သည်ဟု
ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။












![Photo: “အလွန်ရှားပါးသော တရုတ်တံဆိပ်ခေါင်း ဟောင်ကောင်ဒေါ်လာ ၇ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ”
အလွန်ရှားပါးသော တရုတ်နိုင်ငံထုတ် တံဆိပ်ခေါင်း တစ်ခုကို ဟောင်ကောင်တွင် လေလံတင် ရောင်းချရာ ဟောင်ကောင်ဒေါ်လာ (၆.၉)သန်း ရရှိခဲ့ကြောင်း သိရသည်။ ဟောင်ကောင်ရှိ လေလံ တာဝန်ခံများက တံဆိပ်ခေါင်းအတွက် အမြင့်ဆုံးဈေးကို ဟောင်ကောင်ဒေါ်လာ (၆.၉)သန်း [အမေရိကန်ဒေါ်လာ (၈၉၀,၀၀၀)ဝန်းကျင်]ထိ ပေးချေ ဝယ်ယူသွားကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တံဆိပ်ခေါင်းကို (၃၂)ခုသာ ရိုက်နှိပ်ခဲ့သည်ဟု မှတ်တမ်းများ ရှိနေပြီး ကွင်မင်းဆက် အုပ်စိုးစဉ် (၁၈၉၇)ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဟု သိရသည်။ ယင်းသည် တရုတ်နိုင်ငံ၏ အရှားတကာ့ အရှားပါးဆုံး တံဆိပ်ခေါင်းဟောင်း တစ်ခုဟု အင်တာရက်စီယာ လေလံဌာနက ညွှန်းဆိုခဲ့သည်။
တောက်ပသည့် အနီရောင်ရှိသော တံဆိပ်ခေါင်းသည် တရုတ်နိုင်ငံတွင် ကံကောင်းခြင်းနှင့် အနာဂတ် လှပခြင်းတို့ကို ရည်ညွှန်းပြီး တရုတ်ဘာသာဖြင့် "ကွင်မင်းဆက် စာပို့ဝန်ဆောင်မှု၊ တစ်ဒေါ်လာ"ဆိုသော စာသားကို တရုတ်၊ အင်္ဂလိပ် ဘာသာများဖြင့် ရေးထိုးထားသည်။
(၃)ရက်ကြာ ကျင်းပပြီး တရုတ်၊ ဟောင်ကောင်နှင့် အာရှတိုက်မှ တံဆိပ်ခေါင်းများကို လေလံတင် ရောင်းချသော ပွဲမှ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ (၇၁.၉)သန်းထိ ရရှိခဲ့ကြောင်း လေလံ စီစဉ်သူများက ဆိုသည်။
ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံကို မတော်တဆနှင့် အထက်အောက် ပြောင်းပြန် ရိုက်နှိပ်မိသော ရှားပါး တံဆိပ်ခေါင်း နှစ်ခုအတွက်လည်း ဒေါ်လာ (၇၀၀,၀၀၀)ဖြင့် ရောင်းချခဲ့ဖူးကြောင်း သိရှိရသည်။
PlanetMyanmar](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash3/p480x480/1013714_597834083590567_597932398_n.jpg)





