Pages

Friday, July 5, 2013

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်


ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ
သည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်
ကိုင်နေရာမှ ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအားကိုင်ဆောင်သုံး
စွဲခြင်း၊လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများဖောသီစွာသုံးစွဲလျက်ရှိကြောင်းသတင်းရရှိမသင်္ကာ
သဖြင့် စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့တိမ်းရှောင်သွားကြောင်းသတင်းအရ လိုက်လံဖမ်း
ဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင် ဖမ်းဆီးရ
မိခဲ့ပါသည်။ 
 
၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်တက္ကသိုလ်ရိပ်မွန်အိမ်ယာ
တွင်ဆေးသုတ်သည့်အလုပ်အားလုပ်ကိုင်နေစဉ်အတွင်းကထမင်းစားနားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်း
များသို့ တက်ရောက် လေ့လာနေခဲ့ရာမှအခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်း သိရသောကြောင့်
၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင်အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှတက်ရာက်
ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်းတွင်တပ်ဆင်ထားသောမူလီများအားဝက်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်
ခဲ့ကြောင်း၊ 
 
အိပ်ခန်းအတွင်းရှိLEECOအမျိုးအစားမီးခံသေတ္တာအား၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီး သံဖြတ်
လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစု
ပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး သက်သေခံပစ္စည်းများ ပြန်လည်
သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police  , RangonNewsDaily
kolatt(PBDN): 5.7.2013

0 comments:

Post a Comment