Pages

Friday, July 5, 2013

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း ၅၆ရပ်ကွက်တွင် ဂျမသ်ခါနာအတွင်း ဘုရားဝတ်ပြုနေသူ၅ ဦးဖမ်းဆီးခံရ

ဒီနေ့တောင်ဒဂုံ ၅၆ရပ်ကွက် ၉၂၇ ရတနာထိပ်ခေါင်၁လမ်း ၅၆ ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဂျမာသ်
ခါနာအတွင်း ၀တ်ပြုနေတဲ့လူ၅ဦးကိုဖမ်းဆီသွားတယ်လို့သိရပါတယ်။၅၆ရပ်ကွက်နေ တစ်ဦးမှပြောပြသွား
တာကတော့ အခုပြသနာဖြစ်တဲ့ ဂျမသ်ခါနာလေးမှာ တောင်ဒဂုံနဲ့ အနီးတစ်ဝိုက်က အစ္စလာမ်ဘာသာဝင်
တွေ နမာဇ်ဆောက်တည်နေတဲ့ နေရာတစ်ခုပါ။
ပြီးခဲ့တဲ့ လထဲကစပြီး ၄င်းဂျမသ်ခါနာကိုအမည်မသိလူစိမ်းတစ်ဦးက အပတ်စဉ်ရောက်လာပြီး နမာဇ် ၀တ်
ပြုနေတာတွေကို ဓာတ်ပုံရိုက် ဗီဒီယိုကင်မရာတွေနဲ့ ရိုက်တာတွေလုပ်နေခဲ့တယ်လို့သိရပါတယ်။

အခုဖြစ်တာလဲ အဲ့ဒီကင်မရာမင်း က နမာဇ်ဝတ်ပြုနေတဲ့သူတွေကိုမချေမငံပြော ရာကနေ ပြီးခဲ့တဲ့အပတ်
က ပြသနာတတ်သွားတာပါ။

ယခုအပတ် ဂျွမ်အာနမဇ်အပြီးမှာတော့ ကင်မရာမင်းနဲ့ ပြသနာတတ်ခဲ့တယ်ဆိုတဲ့သူနဲ့ ဦးလေး၊ အဖေ၊ အကိုတွေအားလုံး နမာဇ်ဖတ်နေစဉ် လာရောက်ဖမ်းဆီးသွားတာလို့ သိရှိရပါတယ်။

အဖမ်းခံရသူ ၅ဦးဦးသောင်းစိန်၊ ကိုကိုမောင်၊ ကိုကိုလေး၊ အောင်ကိုလတ်၊ အမည်မသိတစ်ဦး၊(အပေါ် ၄ ဦး သားအဖ)လို့သိရပါတယ်။

အဖမ်းခံရသူအားလုံးကို ရဲစခန်းမှတဆင့် အချုပ်ချထားပြီး ပုဒ်မှ၃၂၆ နဲ့တရားစွဲဆိုပါတယ်။ ဇူလှိုင် ၁၈ရက်
နေ့မှာ ရုံးချိန်ပြန်ခေါ်ထားတယ်လို့လဲသိရပါတယ်။ အခုတော့ အဖမ်းခံရသူတွေအားလုံးအင်းစိန်ထောင်ဆီ
ကိုပို့လိုက်ပြီလို့နောက်ဆုံးသတင်းရရှိထားပါတယ်။

ဂျမသ်ခါနာလေးကိုဘာလုပ်လိုက်တယ်ဆိုတာတော့မသိရသေးပါ။ ဆက်လက်စုံစမ်းပါဦးမည်။

တောင်ဒဂုံဖြစ်ရပ် အသေးစိပ်သိသူများလဲ သတင်း တင်ပေးကြပါအုံးး။

ခင်မင်လေးစားလျှက်
Credit: ရရှစ်က်ဘိုင်
RangonNewsDaily
kolatt(PBDN): 5.7.2013

0 comments:

Post a Comment