Pages

Friday, July 5, 2013

ဇူလိုင် ဒုတိယပတ်အတွင်း လက်ကျန် နိုင်ကျဉ်းအချို့ လွတ်မြောက်ဖွယ်ရှိ

ရန်ကုန်၊ ဇူလိုင် ၅

ဇူလိုင် ဒုတိယပတ်အတွင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားအချို့ လွတ်မြောက်ဖွယ်ရှိနိုင်ကြောင်း နိုင်ငံ ရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် မှ ဦးညိုထွန်းက ပြောသည်။လက်ကျန် နိုင်ငံရေး အကျဉ်းသား အချို့၏ စာရင်းကို နိုင်ငံတော်သမ္မတထံ ဇွန်လနောက်ဆုံးပတ်ကတင်ပြထားပြီး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ လွတ် မြောက်နိုင်ခြေအား မျှော်လင့်ထားခြင်း ဖြစ်ကြောင်း၎င်းက ပြောသည်။ ”စိစစ်ပြီး ၁ဝဝ ဝန်းကျင်စာရင်း တင်ပြထားတယ်”ဟု ဦးညိုထွန်း က ပြောသည်။တင်ပြထားသော ၁ဝဝ ဝန်းကျင် စာရင်း၌ ပုဒ်မ ၁၇/၁ နှင့် ၁၇/၂ ဖြင့် ပြစ်ဒဏ်ချခြင်းခံထားရသူများ ပါဝင်ပြီး ၄င်းတို့ ပြန်လည် လွတ်မြောက်နိုင်ခြေ များကြောင်း ၄င်းက ဆိုသည်။

”ပြည်တွင်းငြိမ်းချမ်းရေးကို အမှန် တကယ်ဖော်ဆောင်နေတယ်လို့ ယူဆ တဲ့အတွက် လွတ်မယ့်အထဲမှာ သူတို့ (ပုဒ်မ ၁၇/၁နှင့် ၁၇/၂ ဖြင့် ပြစ်ဒဏ် ချခြင်းခံထားရသူများ)တွေပိုများမယ်လို့ ပြောတာပါ”ဟု ဦးညိုထွန်းက ပြော သည်။

ယခုတစ်ကြိမ် တင်ပြမှုသည် တတိယအကြိမ်ဖြစ်ပြီး ယခင်နှစ်ကြိမ် တင်ပြခဲ့စဉ်က တင်ပြပြီးနောက် ရက် သတ္တနှစ်ပတ်အတွင်း တင်ပြထားသော စာရင်းပါ လူများအနက်မှ အချို့ ပြန် လည် လွတ်မြောက်လာ ခဲ့ကြောင်း နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ စာ ရင်းများအရ သိရသည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ် ရေးနှင့် ပတ်သက်၍ နိုင်ကျဉ်းနှင့် သက်ဆိုင်သော အဖွဲ့ ၅ ဖွဲ့မှ တင်ပြလာ သော စာရင်းများကို စုပေါင်း၍ စိစစ် ကာ နောက်ဆုံး(ဦးစားပေး) စာရင်းအား နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း များ အဖွဲ့မှ ဦးရဲအောင် ကပြောသည်။

လက်ကျန်နိုင်ကျဉ်းနှင့် ပတ်သက် ပြီး ၄င်းတို့အဖွဲ့မှ ၁၅၇ ဦးစာရင်းတင်ပြ ခဲ့ခြင်းဖြစ်ပြီး အခြားသော အဖွဲ့အစည်း များကလည်း ယင်းသို့ပင် အသီး သီးတင် ပြခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းအတိအကျ ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၄င်းကဆိုသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ကလည်း ဇွန်လ ၄ ရက်က ပြောကြားခဲ့ သော ရေဒီယိုမိန့်ခွန်းတွင် ယုံကြည် ချက် ကြောင့်အကျဉ်းကျခံနေရသော နိုင်ငံ ရေးအကျဉ်းသားအားလုံးကိုမကြာမီပြန် လည်လွတ်မြောက်ခွင့်ပေးတော့မည် ဖြစ် ကြောင်း ထည့်သွင်းပြော ကြားထား ခဲ့သည်။

လက်ကျန်နိုင်ကျဉ်းစိစစ်ရေး ကော်မတီဖွဲ့စည်း၍ အကျဉ်းထောင်များ အသီးသီး၌ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများအား ပြန်လည် လွှတ် ပေးရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားမှု ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပထမ အကြိမ် စိစစ်ရေးကော်မတီမှ တင်ပြစာ ရင်းများအရ ဧပြီလ ၂၃ ရက်က နိုင် ကျဉ်း ၅၉ ဦးနှင့် ဒုတိယအကြိမ် တင်ပြ စာရင်းများအရ မေလ ၁၇ ရက်က နိုင် ကျဉ်း ၂၃ ဦးတို့ ပြန်လည်လွတ်မြောက် လာခဲ့သည်။

ဥာဏ်လင်းအောင်
ပေါ်ပြုလာမြန်မာ ,  ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၅.၇.၂၀၁၃

0 comments:

Post a Comment