Pages

Friday, July 5, 2013

မန္တလေးဟာ မူးယစ်ဆေးဝါးဖြန့်ဖြူးရာ ဆုံချက်မြို့ ဖြစ်နေပြီလား

5.7.2013

မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ အချက်အ ချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ မန္တလေးမြို့ဟာ မူးယစ်
ဆေးဝါး ရောင်းဝယ်ဖောက်ကားရာမှာ လည်း ဆုံချက်မြို့ဖြစ်နေတယ်လို့ မန္တလေးမြို့က မြောက်ပိုင်းမူးယစ် (အထူး)အဖွဲ့ရဲ့ ကြီးကြပ်သူအရာရှိ ဒုတိယရဲမှူးဒီဒီရောဟန်က ပြောပါ တယ်။
နိုင်ငံကြီးများ၏လမ်းဆုံ ရှမ်းပြည်နယ်ဘက်ကဘိန်း ဖြူ၊ဘိန်းမည်းတွေနဲ့တရုတ်ပြည်နယ်စပ်ကလာတဲ့စိတ်ကြွ
ရူးသွပ် ဆေးပြားတွေဟာ မန္တလေးမြို့ကို ဖြတ်ပြီးမှ အိန္ဒိယနယ်စပ်ဘက်ကို ဝင်ရောက်ရသလို အိန္ဒိယနယ်
စပ် က ဝင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကလည်းမန္တ လေးမြို့ကိုဖြတ်ပြီးမှ တရုတ်ပြည်ဘက်
ကို သယ်ဆောင်နေကြရတာ ပါ။

ရှမ်းပြည်နယ်နဲ့တရုတ်ပြည်ကလာတဲ့ဘိန်းဖြူ၊ဘိန်းမည်းတွေနဲ့ စိတ်ကြွဆေးပြားတွေကို မန္တလေး ဘူတာကြီး

ကတစ်ဆင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ် တွင်းက ဒေသတွေမှာ တစ်ဆင့်ပြန် ရောင်း ဖို့ သယ်
ဆောင်နေကြတာ တွေလည်း ရှိနေတာကြောင့် မန္တ လေးမြို့ဟာ အချက်အချာကျတဲ့ မြို့အဖြစ် ရပ်တည်
နေပါတယ်။

ရထားကြီးပျော်ပျော်စီး မန္တလေးဘူတာကြီးမှာ ယခု နှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခြောက်လအတွင်း မူး

ယစ်ဆေးဝါး မှုပေါင်း ၁၇ မှု၊ တန်ဖိုးငွေ ကျပ် ၃၆၅၅ သိန်းကျော်ဖိုး ဖမ်းဆီးထား ပြီး ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်သူတွေကို မန္တလေး ကနေ မြစ်ကြီးနားထွက်တဲ့ ရထား တွေမှာချည်း မိခဲ့တဲ့အမှု

တွေဖြစ်ပါ တယ်။ မြစ်ကြီးနား၊ဖားကန့်လို နေရာမျိုးတွေမှာ တစ်ဆင့်ပြန် ရောင်းရင် ဈေးကောင်းရလို့ ခုလို သယ်ဆောင်ပြီး ရောင်းဝယ်နေကြ တာဖြစ်တယ်လို့ မီးရထားရဲစခန်း တာဝန်ရှိသူထံက စုံစမ်း သိရပါ တယ်။

မီးရထားရဲစခန်းရဲ့စခန်းမှူးရဲအုပ်သိန်းလင်းကကချင်ပြည်နယ်ဘက်သွားတဲ့လမ်းကမီးရထားလမ်းပဲ ကောင်း

ကောင်းသွားလို့ ရတာမို့ ခုလောလောဆယ် တခြား သယ်စ ရာ လမ်းမရှိသေးဘူး၊ ဘူတာကြီး မှာ စီစီတီဗီလို
မျိုးတွေ တပ်ပြီး ဒီ ထက် စနစ်တကျ ဖမ်းနိုင် မယ်ဆို ရင်လဲ ခုထက်ပိုမိနိုင်သေး တယ်˘ လို့ ပြောပါတယ်။

ကုန်းကြောင်းရေကြောင်းစုံညီပြီးခဲ့တဲ့လ ၂၈ ရက်နေ့ က ရှမ်း ပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က အမျိုးသား

တစ်ဦးကို ဖားကန့်ဒေ သမှာ ပြန်ရောင်းဖို့ သယ်လာတဲ့ ဘိန်းစိမ်းပိဿာ ၂၀ ကျော်နဲ့အတူ ကျောက်ဆည်မြို့
မှာ ဖမ်းဆီးခဲ့ရ ပါသေးတယ်။

မူးယစ်ဆေးဝါးကို ဆိုင်ကယ်ကယ်ရီတွေ၊လူအများစီး တဲ့ ခရီးသည်တင်ယာဉ်တွေ၊ မီးရထားတွေအပြင် ချင်း

တွင်းမြစ် ကြောင်းတစ်လျှောက်က သင်္ဘော တွေနဲ့လည်း ပုံစံအမျိုးမျိုးနဲ့သယ် ဆောင်နေကြပါတယ်။

ကြောက်ခမန်းလိလိ မန္တလေးမြို့အစွန်တွေမှာရှိတဲ့ သင်ပန်းကုန်းရပ်ကွက်လို၊ ကျောက်သပိတ်ရပ်ကွက်တွေ

လို မျိုးမှာ မူးယစ်ဆေးဝါးရောင်းဝယ် တာတွေရှိသလို တစ်ခါတစ်ရံမြို့ ပေါ်မှာလည်း မထင်မှတ်တဲ့အချိန် မှာ အရောင်းအဝယ်ကြီးကြီးမား မား လုပ်နေတာမျိုးတွေရှိတယ်လို့ မန္တလေး တိုင်းဒေသကြီးရဲတပ် ဖွဲ့ မှူးရုံးရဲ့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

အောင်မြေသာစံမြို့နယ် ၅၈ လမ်း၊ လမ်း ၂၀ နဲ့ ၂၁ လမ်းကြားက အိမ်တစ်အိမ်မှာ ကျပ်သိန်း ၁၇၆၀ ကျော်ဖိုး မူးယစ်ဆေးဝါးတွေအပါ အဝင် ဆက်စပ်ဆေးပစ္စည်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ ဖမ်း ဆီးမိခဲ့ပါ

တယ်။

နိုက်ကလပ်နဲ့ကေတီဗီ မန္တလေးမြို့ဟာ မူးယစ်ဆေး ဝါးရောင်းဝယ်ဖောက်ကားရာမှာ အဓိကလမ်းကြောင်း

ကျနေတာ ကြောင့် မြို့ပေါ်က မူးယစ်ဆေးသုံး စွဲနေသူ လူငယ်တွေကြားမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ အခြေ အနေတွေရှိနေပါတယ်။

မန္တလေး တိုင်းရဲရုံးက လစဉ်ဖမ်း ဆီးမိတဲ့ မူးယစ်ဆေးဝါးမှုတွေထဲ မှာလည်း နိုက်ကလပ်၊ကေတီဗီနေရာတွေ မှာ ဆေးပြားသုံးစွဲသူလူငယ်တွေများစွာပါဝင်နေတယ်။မန္တလေး မြို့နဲ့နီးစပ်နေတဲ့ တခြား မြို့ တွေမှာ လည်း

 မူးယစ်ဆေးဝါးမှု တွေ နေ့စဉ် ပုံမှန်သတင်းတက်နေ တယ်လို့ မန္တ လေးမြို့ မြောက်ပိုင်း မူးယစ်(အ ထူး)အဖွဲ့
ထံက မှတ် တမ်းတွေအရ သိရပါတယ်။

အားလုံးလက်တွဲ မူးယစ်ဆေးဝါးအရောင်းအ ဝယ်လုပ်ရာမှာ နယ်မြေခံရဲတချို့ပါ ပူးပေါင်းလုပ်နေတာမျိုးတွေ

ရှိလို့ အရေးယူထားတာမျိုးတွေလည်း လုပ်ထားပြီးပြီ။ ဆက်အရေးယူဖို့ လုပ်နေတယ်လို့ တိုင်းရဲ တပ်ဖွဲ့မှူး ရုံး
ရဲ့ ရဲမှူးစိုးညိမ်းက ပြောပါတယ်။

သူက ¯တကယ်ပေါင်းလုပ်နေ တယ်ဆိုရင်တော့ အရေးယူခံရမှာ ပဲ၊ မမိသေးတာပဲရှိမယ်၊ အဲဒီလို လုပ်နေ

တာမှန်ရင်တော့ ထိထိ ရောက် ရောက်အရေးယူမှာပါပဲ˘လို့ ပြောပါ တယ်။

မန္တလေးမြို့ မြောက်ပိုင်းမူး ယစ်(အထူး)အဖွဲ့ရဲ့ ကြီးကြပ်သူ အရာရှိ ဒုတိယရဲမှူးဒီဒီရောဟန်က လည်း ¯မန္တ

လေးက နိုင်ငံရဲ့ ဗဟိုနေ ရာလိုဖြစ်နေလို့ ပြည်သူလူထုပါ ပူး ပေါင်းထိန်းပေးမှကျွန်တော်တို့အမှုရပြီး နေ့တိုင်း
ဖမ်းနိုင်မှာ၊ ပြည် သူက သတင်းပေးရင်သတင်းအ သေးအမွှားကအစ ဖမ်းသွားမှာဖြစ် တယ်၊ ဝ၂-၇၂၃၁၀ ကို
ဘယ်သူ မဆို တိုင်ကြားနိုင်တယ်˘လို့ ပြောပါ တယ်။

စစ်ဆင်ရေးနဲ့အရေးယူ မန္တလေးမြို့မှာ မြောက်ပိုင်း မူး ယစ်(အထူး)တပ်ဖွဲ့နဲ့ တောင်ပိုင်း မူးယစ်(အထူး)တပ်

ဖွဲ့ နှစ်ဖွဲ့ရှိနေ ပြီး ယခုနှစ် ဇွန်လ ၁၅ ရက်နေ့က အိန္ဒိယနယ်စပ်မြို့တွေမှာ ဖမ်းဆီး ရမိခဲ့တဲ့ မူးယစ်ဆေးဝါး
အမှုတွေရဲ့ ကွင်းဆက်အနေနဲ့ဇွန် ၂၇ ရက်နေ့ က အထူးတပ်ဖွဲ့ဖွဲ့ပြီး မူးယစ်ဆေး ဝါး တွေကို operation (စစ်
ဆင် ရေး) တစ်ရပ်အနေနဲ့ ဖမ်းဆီးတာ မျိုး တွေ လုပ်နေတယ်လို့ ဒုတိယရဲမှူးဒီဒီရောဟန်ထံကသိရပါ တယ်။

The Modern News , RangonNewsDaily
kolatt(PBDN): 5.7.2013

0 comments:

Post a Comment