Pages

Sunday, June 9, 2013

အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ Unity for Peace Networks မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

ဇွန် ၉၊ ၂၀၁၃

ရန်ကုန် ။ ။ အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ်အထင်အမြင်လွဲမှားနေမှုများနှင့်ပတ်သက်၍သတင်းစာရှင်း

လင်းပွဲတစ်ရပ်ကို ယခု ဇွန်လ ၁၂-ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ Y.M.C.A ခန်းမ၌ ပြု
လုပ်မည်ဖြစ်ကြောင်း သိရသည်။

အထက်မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မန္တလေးတိုင်း အများဆုံးဟုဆို

မန္တလေး၊ ဇွန် ၉

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာရာ အထက်မြန်မာနိုင်ငံ တွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၂၄၅ ဦး ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် မန္တလေးတိုင်းဒေသကြီးတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၅၆ ဦး ထွက်ပေါ်ခဲ့သဖြင့် ဘာသာစုံဂုဏ်ထူးရှင် အများဆုံးဖြစ်ကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေဆိုးမိုးမှုအားနည်းကြောင်း ပြင်ဦးလွင်မြို့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည့်ပြောကြား


အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ပြင်ဦးလွင်မြို့သို့ရောက်ရှိခဲ့သည်။ထို့နောက်နေ့လည်၂နာရီတွင်ပြင်ဦးလွင်မြို့မဟာအံ့ထူးကံသာဘုရားအနီးပြင်ဦးလွင်မီးပုံးပျံကွင်းတွင်
 ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မေမြို့လူထု တွေ့ဆုံ


Sunday, June 9, 2013
မေမြို့/ပြင်ဦးလွင်မြို့ကို ရောက်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မဟာအံ့ထူးကံ
သာ မီးပုံးပျံကွင်းမှာ ဟောပြောပွဲလုပ်ပါတယ်။

မက္ကဆီတွင် ထောင်နှင့်ချီသောလူများ အ၀တ်မဲ့ စက်ဘီးစီးကာ ဆန္ဒပြ

မက္ကဆီတွင် ထောင်နှင့်ချီသောလူများ အ၀တ်မဲ့ စက်ဘီးစီးကာ ဆန္ဒပြ
=================
ဇွန် ၉ ၊၂၀၁၃
M-Media

ပရမ်းပတာကားမောင်းနှင်မှု၊ လေထုညစ်ညမ်းမှု၊ တင်းမာသည့်သဘောထားများအပေါ် ဆန့်ကျင်အသိပေးချက်အဖြစ် ထောင်ချီသောလူတို့သည် အ၀တ်များချွတ်၍ စက်ဘီးစီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မက္ကဆီကိုတွင် အ၀တ်မဲ့နှင့် အရှက်လုံအောင်ဖုံးရုံမျှ ၀တ်ဆင်ထားသသော စက်ဘီးသမားများသည် ပရမ်းပတာ ကားမောင်းသူများ၊ ကားများမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၊ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ သဘောထားတင်းမာခြင်း အပါအ၀င် အနှောင့်အယှက် အဟန့်အတားဖြစ်စေသော အရာများစွာကို စက်ဘီးနင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လုံးဝအ၀တ်မဲ့သူအချို့လည်းပါဝင်သည့် ဆန္ဒပြသူ သုံးထောင်ခန့်သည် ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲဒေသတစ်ခုဖြစ်သော ဂျာလစ္စကိုပြည်နယ်၏အကြီးဆုံးမြို့တော် ဂွါဒလာဂျလာ သို့ ၁၂ မိုင်စက်ဘီးနင်းကာ ဆန္ဒထုတ်ဖော်ကြသည်။

မက္ကဆီကိုတစ်လျှောက်ထပ်မံဖြတ်သန်းသွားသည့် လူ ၂၀၀၀ ဦးတွင် အချို့သည် “ စက်ဘီးများများစီးခြင်းဖြင့် လေထု ညစ်ညမ်းမှုကို လျှော့ချပါ ”၊ “ လူတိုင်းအတွက်မြို့တော်၊ စက်ဘီးဖြတ်ခွင့်ပြု ” စသည့် အသားကပ်စတစ်ကာများအား ခန္ဓာကိုယ်ပေါ်ကပ်ထားခဲ့ကြသည်။

အချို့စက်ဘီးသမားတို့မှ အ၀တ်မဲ့နေပြခြင်းသည် လမ်းမပေါ်တွင် စက်ဘီးစီးနင်းသူများ နည်းပါးလာမှု နှင့် ၄င်းတို့ရင်ဆိုင်ရသည့် အန္တရာယ်များကို အသားပေးပုံဖော်ရန် ရည်ရွယ်သည်ဟုဆိုသည်။ သို့သော် ဂွါဒလာဂျလာရှိ ဆန္ဒပြသူတို့ကမူ တင်းကြပ်သည့်သဘောထားများအား ဖယ်ထုတ်နိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

“ ဒီမြို့ဟာ ရှေးရိုးစွဲကြီးလွန်းတဲ့မြို့ဖြစ်တယ်။ ဒီလိုရဲရဲတင်းတင်း စက်ဘီးစီးပြခြင်းဟာ ကက်သလစ်ဝါဒရဲ့ချုပ်ချယ်မှုတွေကို တွန်းတိုက်နိုင် လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် ” ဟု ရေချိုးအ၀တ်ဝတ်ဆင်ထားသော အသက် ၂၇ နှစ်အရွယ်ရှိ လူစီယာအက်စ်ကလဲန်တီ က ပြောပြသည်။

ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲလှုပ်ရှားမှုကို ၂၀၀၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ ကနေဒါနိုင်ငံ၊ ဗန်ကိုးဗား၌ စတင်၍ နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြရာ ၄င်းကာလမှ ယနေ့တိုင် မြို့ပေါင်း ၂၉ မြို့တွင် ကျင်းပပြီးဖြစ်သည်။

Ref: aljazeera

http://www.m-mediagroup.com/news/14583

ဇွန် ၉ ၊၂၀၁၃

ပရမ်းပတာကားမောင်းနှင်မှု၊ လေထုညစ်ညမ်းမှု၊ တင်းမာသည့်သဘောထားများအပေါ် ဆန့်ကျင်အသိပေး
ချက်အဖြစ် ထောင်ချီသောလူတို့သည် အ၀တ်များချွတ်၍ စက်ဘီးစီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တောင်ကြီးတွင် ဦးဝီရသူ၏ ၉၆၉ တရားပွဲပြုလုပ်ရန် ကြေညာဘုတ်များ လိုက်လံ စိုက်ထူလျက်ရှိ

ဇွန်လ ၉၊ ၂၀၁၃

တောင်ကြီးမြို့ တွင် ဇွန်လ ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်

ရှိသည်။ယင်းတရားပွဲကိုဇွန်လ ၁၇ ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့  ရှိသိမ်တောင် ပရိယတ္တိစာသင်တွင်
ည ၇ နာ၇ီတွင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ရောက်ရှိလာသော Manchester United ကစားသမားဟောင်း များအဖွဲ့ ရွှေတိဂုံစေတီတော်သို့သွားရောက်ဖူးမျော်


ဇွန်လ ၉ ရက်နေ့ မနက်၉နာရီက မြန်မာနိုင်ငံသို့ရောက်ရှိလာသောManchester United ကစားသမားဟောင်း
များအဖွဲ့ယနေ့မနက်ပိုင်းကပင် ရွှေတိဂုံစေတီတော်သို့ဦးစွာသွားေ၇ာက်ဖူးမျှော်ခဲ့ ကြောင်းသတင်းရရှိသည်။

အွန်လိုင်းစာမျက်နှာများမှ သွေူးထိုးလှုံဆော်နေသော မလေးရှားသတင်းတစ်ခု


အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်း မလေးရှားရောက်မြန်မာများအသတ်ခံနေရတာကို ခုတုံးလုပ်ပြီး
 ပြည်တွင်းမှာ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်နေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်း အောင်ချက် သတ္တမအဆင့်သာရှိ

အောင်ချက် ရာခိုင်နှုန်း ဆက်တိုက် ကျဆင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်သည် တစ်နိုင်ငံလုံးတွင် အဆင့်ခုနှစ် (သတ္တမ) သာရှိကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။နှစ်စဉ် ကျဆင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်၌ အောင်ချက် ၃၃ ဒသမ ၁၉ ရာခိုင်နှုန်း ရှိပြီး ယခင် ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် ၃၃ ဒသမ ၇၀ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။

နယူးယောက်မြန်မာမိသားစုနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များတွေ့ဆုံ

နယူးယောက်မြန်မာမိသားစုနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များတွေ့ဆုံ
2013-06-09

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်မလာဖို့နဲ့ သခင်စိတ်ဓါတ်မွေးကြဖို့ မနေ့ညက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ ကျင်းပတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့ဟောပြောပွဲကို နယူးယောက်ပြည်နယ် အထက်ပိုင်းက မြန်မာတွေ လာရောက်စုဝေးကြတာပါ။

အခန်းအနားမှာ ကိုမင်းကိုနိုင်က အပြောင်းအလဲတွေ ဖြစ်နေတဲ့ မြန်မာပြည်မှာ သခင်စိတ်ဓါတ်မွေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကိုမင်းကိုနိုင် ပြောပြတာကို ယူတီကာမြို့က အခမ်းအနား ကျင်းပရေးတာဝန်ခံတဦးဖြစ်တဲ့ ကိုအောင်ကျော်မြင့်က ခုလိုပြောပါတယ်။

သူပြောသွားတာ ကျွန်တော်နားလည်တာက လက်ရှိတိုင်းပြည်က အပြောင်းအလဲကို စနေပြီ ပွင့်လင်းပြီဆိုတာကို ပိုပြီးတော့ လက်တွေ့အသက်ဝင်အောင် သူတို့ကြိုးစားနေတယ် သူတို့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြသွားတယ်လို့ နားလည်တယ်၊ တစ်ဖက်ကလည်း ဒီအပြောင်းအလဲတွေဟာ သူကိုယ်တိုင်လည်းအာမမခံနိုင်သေးဘူး၊ အပြောင်းအလဲတွေဟာ ခိုင်မာတဲ့အဆင့်မှာမရှိသေဘူး၊ အားလုံးသတိရှိကြဖို့ ထောက်ပြသွားပါတယ်။

တဆက်တည်း ကိုမင်းကိုနိုင်က နိုင်ငံတကာရောက် မြန်မာတွေ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ တတ်နိုင်သလောက် ပါဝင်ကူညီဖို့လည်း ပြောဆိုသွားပါတယ်။

ဟောပြောပွဲမှာ မြန်မာမိသားစု ၁၅၀ လောက်တက်ရောက်ကြပြီး  ယူတီကာမြို့ မြို့တော်ဝန်ရဲ့ လက်ထောက်လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

2013-06-09

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ
တွက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်
မလာဖို့နဲ့သခင်စိတ်ဓါတ်မွေးကြဖို့ မနေ့ညကနယူးယောက်ပြည်နယ်ယူတီကာမြို့မှာ ကျင်းပတဲ့ မြန်မာမိသား
စုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

မွန်ပြည်နယ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှု (၅)နှစ်ဆက် ပထမရရှိ

မွန်ပြည်နယ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှု (၅)နှစ်ဆက် ပထမရရှိ

မော်လမြိုင်  ဇွန်  ၈

မွန်ပြည်နယ်အတွင်း ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့သည်။ ဇွန် ၈ ရက် နံနက် ၆ နာရီက ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကြေညာရာတွင် မွန်ပြည်နယ် အနေဖြင့် အောင်ချက် ရာခိုင်နှုန်း ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံးတွင် ပထမရရှိခဲ့ပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မှ ဖြေဆိုသူဦးရေ ၁၆၁၁ ဦး ဖြေဆိုခဲ့ရာ ၆ဝ၃ ဦး အောင်မြင်ခဲ့၍ ၃၇ ဒသမ ၄၃ ရာခိုင် နှုန်းဖြင့် အဆင့်(၁ဝ) ရရှိခဲ့သည်။

ဘီးလင်းမြို့နယ်၌ ၁၃၂၅ ဦး ဖြေဆို ခဲ့ရာ ၅၄၇ ဦး အောင်မြင်ခဲ့၍ ၄၁ ဒသမ ၂၈ ရာခိုင်နှုန်း အဆင့်(၅) ရရှိသည်။ သထုံမြို့နယ်၌ ၁၆၃ဝ ဦး ဖြေဆိုခဲ့ရာ ၆၇ဝ ဦး အောင်မြင်ခဲ့၍ ၄ဝ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် အဆင့် (၆) ရရှိသည်။ ပေါင်မြို့ နယ်၌ ၁၃၂၆ ဦး ဖြေဆိုခဲ့ရာ ၅၃၈ ဦး အောင်မြင်ခဲ့၍ ၄ဝ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် အဆင့်(၇) ရရှိသည်။

မော်လမြိုင် မြို့နယ်၌ ၃၁၇၂ ဦး ဖြေဆိုခဲ့ရာ ၁၇၂၆ ဦး အောင်မြင်ခဲ့၍ ၅၄ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့် အဆင့်(၂)၊ ချောင်းဆုံမြို့နယ်တွင် ၇၅၈ ဦး ဖြေဆိုခဲ့ရာ ၃၉ဝ ဦး အောင်မြင်ခဲ့၍ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အဆင့်(၄) ရရှိပြီး ကျိုက်မရော မြို့နယ်၌ ၄၉၉ ဦး ဖြေဆိုခဲ့ရာ ၁၉ဝ ဦး အောင်မြင်ခဲ့၍ ၃၈ ဒသမ ဝ၈ ရာခိုင်နှုန်းဖြင့် အဆင့်(၉)၊ မုဒုံမြို့နယ်မှ ၁၂၇၁ ဦး ဖြေဆိုခဲ့ရာ ၈၅၁ ဦး အောင်မြင် ခဲ့ပြီး ၆၆ ဒသမ ၉၆ ရာခိုင်နှုန်းဖြင့် အဆင့် (၁) ရရှိခဲ့သည်။

သံဖြူဇရပ် မြို့နယ်၌ ၉၆၇ ဦး ဖြေဆိုခဲ့ရာ ၅၂၄ ဦး အောင်မြင်ခဲ့၍ ၅၄ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် အဆင့်(၃)၊ ရေးမြို့နယ်တွင် ၁၁၄၈ ဦး ဖြေဆိုခဲ့ရာ ၄၅၅ ဦး အောင်မြင်ခဲ့၍ ၃၉ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့်   အဆင့်(၈) အသီးသီး ရရှိခဲ့သည်။ 

မွန်ပြည်နယ်အတွင်း ခြောက်ဘာသာ ဂုဏ်ထူးရှင် စုစုပေါင်း ၁၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၃၁ ဦး၊  လေးဘာသာ ဂုဏ်ထူးရှင် ၁၂ဝ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၆၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၇ဝ ဦး၊  တစ်ဘာသာ ဂုဏ်ထူးရှင် ၁၄၅၇ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၂ဝ၅၃ ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း  သိရသည်။     

အေးချမ်းမွန် Copy & Cridet To >> မြ၀တီ<< Thank

မွန်ပြည်နယ်အတွင်း ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့သည်။ ဇွန် ၈ ရက် နံနက် ၆ နာရီက ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကြေ
ညာရာတွင် မွန်ပြည်နယ်အနေဖြင့် အောင်ချက် ရာခိုင်နှုန်း ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံး
တွင်ပထမရရှိခဲ့ပြီး မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်မှ ဖြေဆိုသူဦးရေ၁၆၁၁ ဦး ဖြေဆိုခဲ့ရာ၆ဝ၃ ဦး အောင်မြင်
ခဲ့၍ ၃၇ ဒသမ ၄၃ ရာခိုင် နှုန်းဖြင့် အဆင့်(၁ဝ) ရရှိခဲ့သည်။

မေမြို့ သို့သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ သည်မေမြို့ရောက်ရှိသွားပြီ

Photo: (Yatanarpon Cyber City ရှေ့ ပျဉ်စာပန်းခြံ)အနီးမှာ  လူထုကို မိန့် ခွန်းပြောကြားနေပါတယ်။

မောင်သူရိန်
9.6.2013
မျှဝေပါတယ်။
(Yatanarpon Cyber City ရှေ့ ပျဉ်စာပန်းခြံ)အနီးမှာ လူထုကို မိန့် ခွန်းပြောကြားနေစဉ်

ယနေ့နေလည်၁နာရီတွင်ပြုလုပ်မည့်ဒေါ်အောင်ဆန်းစုကြည်၏လူထုတွေ့ဆုံပွဲ အတွက်ပြင်ဦးလွင်မြို့ရှိမဟာ
အံ့ထူးကံသာမီးပုံးပျံကွင်းတွင် နံနက်ပိုင်းထဲကစောင့်ကြိုနေကြသူများနှင့ိုဖြတ်သန်းလာရာလမ်းတစ်လျှောက်
လူထုကကြိုဆိုနှတ်ဆက်နေကြောင်းသိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ယာဉ်တန်း ကျောက်ဖျာဒိုး ကျေးရွာ ကိုဖြတ်သန်းကျော်လွန်သွားပြီ

လူထုခေါင်းဆောင် ဒေါ်စုအား ဒေသခံတိုင်းရင်းသားများက အ မေ့ကို မေမြို့  အနီးစခန်းမှNLD အလံငယ်များကိုင်ဆောင်ပြီးကြိုနေကြပါပြီ ။
ShwezinZawwin

ပြန်လည်မျှဝေပါတယ်။
9.6.2013

မန္တလေး ဇွန် ၉ ။ ယနေ့နေလည်တွင် မေမြို့တွင် ပြုလုပ်မည့်လူထုတွေ့ဆုံဟောပြောပွဲသို့
သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည်ကျောက်ဖျာဒိုး ကျေးရွာ ကိုဖြတ်သန်းကျော်လွန်သွားပြီးဟု CJMyanmar မှသတင်းရရှိပါသည်။လူထုခေါင်းဆောင် ဒေါ်စုအား ဆရာတော်သံဃာတော်များနှင့် တိုင်းရင်းသားများက အ မေ့ကို မေမြို့  အနီးစခန်းမှကြိုနေကြကြောင်းသတင်းရရှိသည်။

ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ် ဓါးပြတိုက်ခိုက်ခံရ

နေပြည်တော်၊ ဇွန် ၉ ၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်ယနေ့ နံနက် ၆နာရီခွဲမှ စတင်၍ လူငယ် ၂၀၀ကျော်ခန့် တူညီဝတ်စုံများ ဝတ်ဆင်ကာ လမ်းလျှောက်


ရန်ကုန်၊ ဇွန် ၉။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၆နာရီခွဲမှ စတင်၍ လူငယ် ၂၀၀ကျော်ခန့်သည် ရန်ကုန်မြို့၊ နာနတ်တော ဂုံးကျော်တံတားအောက်မှ ပြည်သူ့ရင်ပြင်ထိ တူညီဝတ်စုံများ ဝတ်ဆင်ကာ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ

မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ 

ဇွန်လ ၉ ရက် ၂၀၁၃

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

ယခင်နှစ်များက ယခုကဲ့သို့ ၀ယ်ယူမှု မရှိဘဲ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရောက်ရှိမှသာ ၀ယ်ယူလာခြင်းဖြစ် ကြောင်း၊ တရုတ်ဘက်သို့ ဘီယာနှင့် အချိုရည်ဘူးခွံ ရောင်းချသူများ အနေဖြင့် ဘူးခွံများအား ပြားအောင်ပြုလုပ်ပြီးမှ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

"နှစ်တိုင်း ဒီလိုဝယ်လေ့ မရှိဘူး။ ဒီနှစ်ကျမှ ထူးထူးခြားခြား ဘီယာနဲ့ အချိုရည်ဘူးခွံတွေ လာဝယ်တယ်။ ထုပြီးပြား နေအောင် လုပ်ပြီးပို့ကြတယ်" ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပြုရာတွင် ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းလေးခုမှ တရားဝင် ကုန်သွယ်လျက်ရှိပြီး မူဆယ်မှ အဓိက ကုန်သွယ်ကြောင်း၊ နှစ်လအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄၁၈ သန်းကျော်ဖိုး ကုန်သွယ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၂၇၃၆ သန်း ကျော်ဖိုး ကုန်သွယ်ခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းနှင့် လယ်ယာထွက်ကုန်များကို လက်ရှိ၌ အများဆုံး ၀ယ်ယူလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ နှစ်လအတွင်း ဆန်တန်ချိန် ၃၅၀၀၀ အထိ ၀ယ်ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်သို့ ယာဉ်ယန္တရား၊ မော်တော်ဆိုင်ကယ်နှင့် ဓာတ်မြေသြဇာများအား အဓိကပြန်လည် တင်သွင်းနေ ကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်တွင် ဘီယာဗူးခွံများ ထူးထူးခြားခြား ၀ယ်ယူလာသကဲ့သို့ မြန်မာ-အိန္ဒိယ နယ်စပ်တွင်လည်း အိန္ဒိယ ကုန်သည်များက မြန်မာနိုင်ငံထုတ် စီးကရက်များအား ထူးထူးခြားခြား လာရောက်ဝယ်ယူ လျက်ရှိပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်ဖိုး လာရာက်ဝယ်ယူသည်ဟု သိရသည်။

Eleven

ဇွန်လ ၉ ရက် ၂၀၁၃

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

သံဃာတော်များအား မီးလောင်စေသောဗုံး အသုံးပြု နှိမ်နင်းခြင်းအတွက် အရေးယူခြင်း မရှိစေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးတွင် ဥပဒေကြောင်းအရ ထုချေခွင့် မရှိဘဲ ထောင်ဒဏ်ကျခံ ခဲ့ရသူ ခုနစ်ဦးအထိ ရှိလာ