Pages

Sunday, June 9, 2013

ကချင်တကျော့ပြန်စစ် ၂နှစ်ပြည့် ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက်ဆုတောင်းပွဲ ကျင်းပ


ရန်ကုန်၊ ဇွန် ၉
ကချင်စစ်ပွဲ နှစ်နှစ်အတွင်း သေဆုံးခဲ့ကြသူများအား ရည်စူး၍ ပြုလုပ်သည့် ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်း
လျောက်ဆုတောင်းပွဲကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမ
ရှေ့မှ စတင်၍့် မြို့နယ် ၅ ခုသိှု့ဖြတ်သန်းသွားရမည်ဟုသိရသည။ဖြတ်သန်းခွင့် တရားဝင် စာတင်ထားရာ ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်း အဆိုပါ ဆုတောင်းပွဲ ပြုလုပ်ရာတွင် လိုက်ပါမည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မခွန်ဂျာက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ မြို့တော်ခန်းမရှေ့
မှတစ်ဆင့် အလုံမြို့နယ်သို့ ချီတက်၍ လွမ်းသူပန်းခွေချဆုတောင်းကြမည်ဖြစ်သည်။ 
 
လွမ်းသူပန်းခွေချ၍ ဆုတောင်းအမျှဝေမှုအား အလုံမြို့နယ် သစ်တောလမ်းရှီ ဇောတနာရာမကျောင်းတိုက်
၌ ပြုလုပ်မည်ဖြစ်ကာ ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သည့် အဖြူ
ရောင်တွဲလက်များ၊ လိုင်ဇာလမ်းလျှောက်ချီတက်အဖွဲ့၊ Kachin Women etwork, Kachin Peace Network စ
သည့် အဖွဲ့ပေါင်း (၂၈)ဖွဲ့ ပါဝင်ကြမည် ဖြစ်သည်။ 
 
ရန်နိင် ဓါတ်ပုံ -စိုးထွဋ်မြတ်(ပေါ်ပြုလာမြန်မာ)
RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃
 

0 comments:

Post a Comment