Pages

Sunday, June 9, 2013

နယူးယောက်မြန်မာမိသားစုနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များတွေ့ဆုံ

နယူးယောက်မြန်မာမိသားစုနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များတွေ့ဆုံ
2013-06-09

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်မလာဖို့နဲ့ သခင်စိတ်ဓါတ်မွေးကြဖို့ မနေ့ညက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ ကျင်းပတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့ဟောပြောပွဲကို နယူးယောက်ပြည်နယ် အထက်ပိုင်းက မြန်မာတွေ လာရောက်စုဝေးကြတာပါ။

အခန်းအနားမှာ ကိုမင်းကိုနိုင်က အပြောင်းအလဲတွေ ဖြစ်နေတဲ့ မြန်မာပြည်မှာ သခင်စိတ်ဓါတ်မွေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကိုမင်းကိုနိုင် ပြောပြတာကို ယူတီကာမြို့က အခမ်းအနား ကျင်းပရေးတာဝန်ခံတဦးဖြစ်တဲ့ ကိုအောင်ကျော်မြင့်က ခုလိုပြောပါတယ်။

သူပြောသွားတာ ကျွန်တော်နားလည်တာက လက်ရှိတိုင်းပြည်က အပြောင်းအလဲကို စနေပြီ ပွင့်လင်းပြီဆိုတာကို ပိုပြီးတော့ လက်တွေ့အသက်ဝင်အောင် သူတို့ကြိုးစားနေတယ် သူတို့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြသွားတယ်လို့ နားလည်တယ်၊ တစ်ဖက်ကလည်း ဒီအပြောင်းအလဲတွေဟာ သူကိုယ်တိုင်လည်းအာမမခံနိုင်သေးဘူး၊ အပြောင်းအလဲတွေဟာ ခိုင်မာတဲ့အဆင့်မှာမရှိသေဘူး၊ အားလုံးသတိရှိကြဖို့ ထောက်ပြသွားပါတယ်။

တဆက်တည်း ကိုမင်းကိုနိုင်က နိုင်ငံတကာရောက် မြန်မာတွေ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ တတ်နိုင်သလောက် ပါဝင်ကူညီဖို့လည်း ပြောဆိုသွားပါတယ်။

ဟောပြောပွဲမှာ မြန်မာမိသားစု ၁၅၀ လောက်တက်ရောက်ကြပြီး  ယူတီကာမြို့ မြို့တော်ဝန်ရဲ့ လက်ထောက်လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

2013-06-09

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ
တွက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်
မလာဖို့နဲ့သခင်စိတ်ဓါတ်မွေးကြဖို့ မနေ့ညကနယူးယောက်ပြည်နယ်ယူတီကာမြို့မှာ ကျင်းပတဲ့ မြန်မာမိသား
စုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့ရဲ့ဟောပြောပွဲကို နယူးယောက်ပြည်နယ် အထက်ပိုင်းက မြန်မာတွေ လာရောက်
စုဝေးကြတာပါ။

အခန်းအနားမှာ ကိုမင်းကိုနိုင်က အပြောင်းအလဲတွေ ဖြစ်နေတဲ့ မြန်မာပြည်မှာ သခင်စိတ်ဓါတ်မွေးဖို့ လိုအပ်
တယ်လို့ ပြောပါတယ်။

ကိုမင်းကိုနိုင် ပြောပြတာကို ယူတီကာမြို့က အခမ်းအနား ကျင်းပရေးတာဝန်ခံတဦးဖြစ်တဲ့ ကိုအောင်ကျော်
မြင့်က ခုလိုပြောပါတယ်။

သူပြောသွားတာ ကျွန်တော်နားလည်တာက လက်ရှိတိုင်းပြည်က အပြောင်းအလဲကို စနေပြီ ပွင့်လင်းပြီဆို
တာကို ပိုပြီးတော့ လက်တွေ့အသက်ဝင်အောင် သူတို့ကြိုးစားနေတယ် သူတို့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့
 ဆောင်ရွက်ချက်တွေကို ရှင်းပြသွားတယ်လို့ နားလည်တယ်၊ တစ်ဖက်ကလည်း ဒီအပြောင်းအလဲတွေဟာ သူကိုယ်တိုင်လည်းအာမမခံနိုင်သေးဘူး၊ အပြောင်းအလဲတွေဟာ ခိုင်မာတဲ့အဆင့်မှာမရှိသေဘူး၊ အားလုံး
သတိရှိကြဖို့ ထောက်ပြသွားပါတယ်။

တဆက်တည်း ကိုမင်းကိုနိုင်က နိုင်ငံတကာရောက် မြန်မာတွေ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ တတ်
နိုင်သလောက် ပါဝင်ကူညီဖို့လည်း ပြောဆိုသွားပါတယ်။

ဟောပြောပွဲမှာ မြန်မာမိသားစု ၁၅၀ လောက်တက်ရောက်ကြပြီးယူတီကာမြို့ မြို့တော်ဝန်ရဲ့ လက်ထောက်
လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
RFA (Burmese) ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃

0 comments:

Post a Comment