Pages

Sunday, June 9, 2013

အထက်မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် မန္တလေးတိုင်း အများဆုံးဟုဆို

မန္တလေး၊ ဇွန် ၉

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာရာ အထက်မြန်မာနိုင်ငံ တွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၂၄၅ ဦး ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် မန္တလေးတိုင်းဒေသကြီးတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၅၆ ဦး ထွက်ပေါ်ခဲ့သဖြင့် ဘာသာစုံဂုဏ်ထူးရှင် အများဆုံးဖြစ်ကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ရာခိုင်နှုန်းမှာ ၃၉ ဒသမ ၄၇ ရှိပြီး ပြီးခဲ့သည့်နှစ်က ၃၂ ဒသမ ၀၉ ရာခိုင် နှုန်းဖြစ်သည့်အတွက် ယခင်နှစ်ကထက် ၇ ဒသမ ၃၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး
က ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား ကျောင်းသူ ၇၅,၂၈၂ ဦး ဖြေဆိုခဲ့ပြီး ၂၉,၇၁၅ ဦးအောင်မြင်ခဲ့ကာ ခြောက်ဘာသာဂုဏ်ထူးရှင် ၁၅၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၃၉၂ ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ၆၁၃ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၇၃၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉၇၉ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၂၀၆ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

အောင်ချက်ရာခိုင်နှုန်း များတွင် မန္တလေးခရိုင်တွင် ၄၄ ဒသမ ၃၁၇ာခိုင်နှုန်း၊ ပြင်ဦးလွင်ခရိုင်တွင် ၃၉ ဒသမ ၅၆ ရာခိုင်နှုန်း၊ ကျောက်ဆည်ခရိုင်တွင် ၃၃ ဒသမ ၉၁ ရာခိုင်နှုန်း၊ မြင်းခြံခရိုင်တွင် ၃၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ ညောင်ဦးခရိုင်တွင် ၃၃ ဒသမ ၅ ရာခိုင်နှုန်း၊ မိတ္ထီလာခရိုင်တွင် ၄၃ ဒသမ ၂၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ၄င်းကဆိုသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အနက် ချမ်းအေးသာစံမြို့နယ်သည် အောင်ချက် ရာခိုင်နှုန်း ၅၉ ဒသမ ၈၃ ဖြင့် အများဆုံး ဖြစ်ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၄၄ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၂၂ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၇၀ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၂၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၅၄ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၇၂ ဦးတို့ဖြစ် ကြောင်း ၄င်းထံမှ သိရှိရသည်။
The Voice Weekly , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) :၉.၆.၂၀၁၃

0 comments:

Post a Comment