Pages

Sunday, June 9, 2013

မက္ကဆီတွင် ထောင်နှင့်ချီသောလူများ အ၀တ်မဲ့ စက်ဘီးစီးကာ ဆန္ဒပြ

မက္ကဆီတွင် ထောင်နှင့်ချီသောလူများ အ၀တ်မဲ့ စက်ဘီးစီးကာ ဆန္ဒပြ
=================
ဇွန် ၉ ၊၂၀၁၃
M-Media

ပရမ်းပတာကားမောင်းနှင်မှု၊ လေထုညစ်ညမ်းမှု၊ တင်းမာသည့်သဘောထားများအပေါ် ဆန့်ကျင်အသိပေးချက်အဖြစ် ထောင်ချီသောလူတို့သည် အ၀တ်များချွတ်၍ စက်ဘီးစီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မက္ကဆီကိုတွင် အ၀တ်မဲ့နှင့် အရှက်လုံအောင်ဖုံးရုံမျှ ၀တ်ဆင်ထားသသော စက်ဘီးသမားများသည် ပရမ်းပတာ ကားမောင်းသူများ၊ ကားများမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၊ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ သဘောထားတင်းမာခြင်း အပါအ၀င် အနှောင့်အယှက် အဟန့်အတားဖြစ်စေသော အရာများစွာကို စက်ဘီးနင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လုံးဝအ၀တ်မဲ့သူအချို့လည်းပါဝင်သည့် ဆန္ဒပြသူ သုံးထောင်ခန့်သည် ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲဒေသတစ်ခုဖြစ်သော ဂျာလစ္စကိုပြည်နယ်၏အကြီးဆုံးမြို့တော် ဂွါဒလာဂျလာ သို့ ၁၂ မိုင်စက်ဘီးနင်းကာ ဆန္ဒထုတ်ဖော်ကြသည်။

မက္ကဆီကိုတစ်လျှောက်ထပ်မံဖြတ်သန်းသွားသည့် လူ ၂၀၀၀ ဦးတွင် အချို့သည် “ စက်ဘီးများများစီးခြင်းဖြင့် လေထု ညစ်ညမ်းမှုကို လျှော့ချပါ ”၊ “ လူတိုင်းအတွက်မြို့တော်၊ စက်ဘီးဖြတ်ခွင့်ပြု ” စသည့် အသားကပ်စတစ်ကာများအား ခန္ဓာကိုယ်ပေါ်ကပ်ထားခဲ့ကြသည်။

အချို့စက်ဘီးသမားတို့မှ အ၀တ်မဲ့နေပြခြင်းသည် လမ်းမပေါ်တွင် စက်ဘီးစီးနင်းသူများ နည်းပါးလာမှု နှင့် ၄င်းတို့ရင်ဆိုင်ရသည့် အန္တရာယ်များကို အသားပေးပုံဖော်ရန် ရည်ရွယ်သည်ဟုဆိုသည်။ သို့သော် ဂွါဒလာဂျလာရှိ ဆန္ဒပြသူတို့ကမူ တင်းကြပ်သည့်သဘောထားများအား ဖယ်ထုတ်နိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

“ ဒီမြို့ဟာ ရှေးရိုးစွဲကြီးလွန်းတဲ့မြို့ဖြစ်တယ်။ ဒီလိုရဲရဲတင်းတင်း စက်ဘီးစီးပြခြင်းဟာ ကက်သလစ်ဝါဒရဲ့ချုပ်ချယ်မှုတွေကို တွန်းတိုက်နိုင် လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် ” ဟု ရေချိုးအ၀တ်ဝတ်ဆင်ထားသော အသက် ၂၇ နှစ်အရွယ်ရှိ လူစီယာအက်စ်ကလဲန်တီ က ပြောပြသည်။

ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲလှုပ်ရှားမှုကို ၂၀၀၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ ကနေဒါနိုင်ငံ၊ ဗန်ကိုးဗား၌ စတင်၍ နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြရာ ၄င်းကာလမှ ယနေ့တိုင် မြို့ပေါင်း ၂၉ မြို့တွင် ကျင်းပပြီးဖြစ်သည်။

Ref: aljazeera

http://www.m-mediagroup.com/news/14583

ဇွန် ၉ ၊၂၀၁၃

ပရမ်းပတာကားမောင်းနှင်မှု၊ လေထုညစ်ညမ်းမှု၊ တင်းမာသည့်သဘောထားများအပေါ် ဆန့်ကျင်အသိပေး
ချက်အဖြစ် ထောင်ချီသောလူတို့သည် အ၀တ်များချွတ်၍ စက်ဘီးစီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မက္ကဆီကိုတွင် အ၀တ်မဲ့နှင့် အရှက်လုံအောင်ဖုံးရုံမျှ ၀တ်ဆင်ထားသသော စက်ဘီးသမားများသည် ပရမ်းပ
တာ ကားမောင်းသူများ၊ ကားများမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၊ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်
၍ သဘောထားတင်းမာခြင်း အပါအ၀င် အနှောင့်အယှက် အဟန့်အတားဖြစ်စေသော အရာများစွာကို စက်
ဘီးနင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လုံးဝအ၀တ်မဲ့သူအချို့လည်းပါဝင်သည့် ဆန္ဒပြသူ သုံးထောင်ခန့်သည် ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲဒေသတစ်ခုဖြစ်သော ဂျာလစ္စကိုပြည်နယ်၏အကြီးဆုံးမြို့တော် ဂွါဒလာဂျ
လာ သို့ ၁၂ မိုင်စက်ဘီးနင်းကာ ဆန္ဒထုတ်ဖော်ကြသည်။

မက္ကဆီကိုတစ်လျှောက်ထပ်မံဖြတ်သန်းသွားသည့် လူ ၂၀၀၀ ဦးတွင် အချို့သည် “ စက်ဘီးများများစီးခြင်း
ဖြင့် လေထု ညစ်ညမ်းမှုကို လျှော့ချပါ ”၊ “ လူတိုင်းအတွက်မြို့တော်၊ စက်ဘီးဖြတ်ခွင့်ပြု ” စသည့် အသား
ကပ်စတစ်ကာများအား ခန္ဓာကိုယ်ပေါ်ကပ်ထားခဲ့ကြသည်။

အချို့စက်ဘီးသမားတို့မှ အ၀တ်မဲ့နေပြခြင်းသည် လမ်းမပေါ်တွင် စက်ဘီးစီးနင်းသူများ နည်းပါးလာမှု နှင့် ၄င်းတို့ရင်ဆိုင်ရသည့် အန္တရာယ်များကို အသားပေးပုံဖော်ရန် ရည်ရွယ်သည်ဟုဆိုသည်။ သို့သော် ဂွါဒ
လာဂျလာရှိ ဆန္ဒပြသူတို့ကမူ တင်းကြပ်သည့်သဘောထားများအား ဖယ်ထုတ်နိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

“ ဒီမြို့ဟာ ရှေးရိုးစွဲကြီးလွန်းတဲ့မြို့ဖြစ်တယ်။ဒီလိုရဲရဲတင်းတင်းစက်ဘီးစီးပြခြင်းဟာ ကက်သလစ်ဝါဒရဲ့ချုပ်
ချယ်မှုတွေကို တွန်းတိုက်နိုင် လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် ” ဟု ရေချိုးအ၀တ်ဝတ်ဆင်ထားသော အ
သက် ၂၇ နှစ်အရွယ်ရှိ လူစီယာအက်စ်ကလဲန်တီ က ပြောပြသည်။

ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲလှုပ်ရှားမှုကို၂၀၀၄ ခုနှစ်၊ဇွန်လ ၁၂ ရက်၊ကနေဒါနိုင်ငံ၊ ဗန်ကိုးဗား၌ စတင်
၍ နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြရာ ၄င်းကာလမှ ယနေ့တိုင် မြို့ပေါင်း ၂၉ မြို့တွင် ကျင်းပပြီးဖြစ်သည်။

Ref: aljazeera , M-Media, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) :၉.၆.၂၀၁၃


0 comments:

Post a Comment