Pages

Sunday, June 9, 2013

အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်၍ Unity for Peace Networks မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

ဇွန် ၉၊ ၂၀၁၃

ရန်ကုန် ။ ။ အစ္စလာမ်နှင့် မွတ်စလင်မ်များအပေါ်အထင်အမြင်လွဲမှားနေမှုများနှင့်ပတ်သက်၍သတင်းစာရှင်း

လင်းပွဲတစ်ရပ်ကို ယခု ဇွန်လ ၁၂-ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ Y.M.C.A ခန်းမ၌ ပြု
လုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင်အစ္စလာမ်နှင့်မွတ်စလင်မ်များအပေါ်အထင်အမြင်လွဲမှားမှုများနှင့်ပတ်သက်
၍ မွတ်စလင်မ်ပညာရှင်များက ရှင်းလင်းဖြေကြားမည်ဖြစ်ကြောင်းနှင့် ယင်းသတင်းစာရှင်းလင်းပွဲကိုမြန်မာ
နိုင်ငံသား အစ္စလာမ်ဘာသာဝင် လူမှုရေးကွန်ရက် အတော်များများ စုပေါင်းထားသည့် Unity For Peace Networks မှ ပြုလုပ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသည် မီဒီယာ၊ စာနယ်ဇင်းများနှင့်သာ ပြုလုပ်မည်ဖြစ်သောကြောင့် မီဒီယာအ

များစုကိုဖိတ်ကြားထားပြီးဖြစ်သော်လည်းဖိတ်စာမရရှိသေးသောမီဒီယာများအနေနှင့်လည်းသတင်းစာရှင်း
လင်းပွဲသို့ တက်ရောက်နိုင်ကြောင်းကို Unity for Peace Networks မှ ပြောပြလာပါတယ်။

M-Media
အမ်တူးအေ, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) :၉.၆.၂၀၁၃

0 comments:

Post a Comment