Pages

Sunday, June 9, 2013

သံဃာတော်များအား မီးလောင်စေသောဗုံး အသုံးပြု နှိမ်နင်းခြင်းအတွက် အရေးယူခြင်း မရှိစေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးတွင် ဥပဒေကြောင်းအရ ထုချေခွင့် မရှိဘဲ ထောင်ဒဏ်ကျခံ ခဲ့ရသူ ခုနစ်ဦးအထိ ရှိလာ

၉.၆.၂၀၁၃၊ တနင်္ဂနွေနေ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ယနေ့အထိ ဖမ်းဆီး

ထောင်ချ ခံရသူခုနစ်ဦးအထိ ရှိနေပြီးဖမ်းဆီးခံရသူများမှာ တရားဥပဒေ ကြောင်းအရ ထုချေခွင့် မရှိခဲ့သည့်
အပြင် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရက်စွဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တံဆိပ်တုံး စသည့်ခိုင်
မာမှု ရှိသည့် အထောက်အထားများ ပါဝင်မှု မရှိဘဲ ထုတ်ပြန်ချက်များ ရှိနေကြောင်း ဇွန် ၈ ရက်က မြန်မာ
ဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရှိရသည်။
လက်ပံတောင်းတောင် ကြေးနီသတ္တု တူးဖော်ရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စီမံကိန်းအား ဆက်လက်
လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်များ ထွက်ရှိလာပြီးနောက် ဒေသခံများ၏ နစ်နာမှုများ ကူညီဆောင်
ရွက်သူ ကျောင်းသားလူငယ်များအား အမှုအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊ ဒေသခံများအတွက် ပုဒ်မ ၁၄၄ ထုတ်၍ လယ်ယာမြေ ထွန်ယက်ခြင်းများ ပြုလုပ်ပါက ၀ရမ်းထုတ်ခြင်း၊ ဒေသခံများမှ လက်ပံတောင်းတောင်နှင့် ပတ်
သက်သည့် ဒေသခံများ ဖွင့်လှစ်သည့် အမှုများအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုဆိုကာ ဥပဒေကြောင်းအ
ရ ကာကွယ်ပေးမှု မရှိခြင်း စသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့နေရကြောင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများ
က တစ်ညီတစ်ညွတ် ပြောဆိုသည်။

"ဇွန် ၄ ရက် ရက်စွဲနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အသိပေးကြေငြာချက် ထုတ်တယ်။ ဒီလိုတိုင်းဒေသ

ကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ဆိုပေမဲ့တာဝန်ယူ၊တာဝန်ခံတဲ့ ဒေသဆိုင်ရာရဲတပ်ဖွဲ့အမှတ်တံဆိပ် မပါတဲ့အပြင် 
ရက်စွဲတောင် တပ်မထားဘူး။ အဲ့ဒီ ထုတ်ပြန်ချက်မှာ ကျွန်တော် အပါအ၀င် လူ ၁၅ ဦးကို ဖမ်းဝရမ်း ထုတ်
ထားတယ်လို့ ပါတယ်။ 

ဒါပေမဲ့ ကျွန်တော်အပါအ၀င် ဘယ်သူ့ကိုမှ တရားရုံး ဆင့်ခေါ်စာ မပို့ခဲ့ပါဘူး။ ဒီလိုဆင့် ခေါ်စာတောင် မပို့ဘဲ၊ တရားခံပြေးအဖြစ် ခိုင်မာမှု မရှိတဲ့ အမိန့်ကြေညာစာနဲ့ တရားခံပြေးအဖြစ် ကြေညာပြီး ဖမ်းဆီးတာဟာ ဒီမို
ကရေစီ နိုင်ငံကို ကူးပြောင်းနေပါတယ် ဆိုတဲ့ အသွင်ကူးပြောင်းမှုတွေ၊ ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို
 လျော့ကျစေပါတယ်" ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက သတင်းစာ ရှင်းလင်းပွဲတွင်
 ပြောပါသည်။

လက်ပံတောင်းတောင် အရေးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် အထက်ဗမာပြည် လုပ်ငန်းကော်မတီဒုဥက္ကဌကိုနွေဦးကို၊တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (မုံရွာ) ဥက္ကဋ္ဌကိုဟိန်းဇော်ဝင်းနှင့် 

အတွင်းရေးမှူးကိုထင်ရှားပြည့်လျှံဦး၊လက်ပံတောင်းတောင်ကယ်တင်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်
အောင်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ နှစ်ဦးတို့အား ဖမ်းဆီးထောင်ချ
ခဲ့ပြီး ယင်းတို့အား ရုံးတင်စစ်ဆေးရာတွင် တရားဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့် မရှိခဲ့သည့်အပြင်
 နေ့ချင်းပြီး ထောင်ချမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။

"ဦးမြင့်အောင်ဆိုရင် ပုဒ်မ ၁၈ နဲ့ တရားရုံး တင်ခံခဲ့ရတာပါ။ ဥပဒေကြောင်းအရ ကာကွယ်ခွင့် မရှိတဲ့အပြင် ရုံး

တင်တဲ့နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ချခဲ့ပါတယ်။ မြန်မာပြည် အရပ်ရပ်မှာ ဖြစ်နေတဲ့ ပုဒ်မ ၁၈
 ပြဿနာတွေမှာ ငွေဒဏ်၊ ထောင်ဒဏ်တစ်လလောက်နဲ့ ပြီးပြတ်ပေမဲ့ လက်ပံတောင်းတောင်အရေး ပုဒ်မ ၁၈ မှာတော့တရားခံလို့ စွပ်စွဲခံရသူကဥပဒေကြောင်းအရထုချေခွင့် မရှိဘဲ ထောင်ကျခဲ့သလို၊ ရန်ကုန်ပြည်
သူ့အကျိုးဆောင်ကွန်ရက်မှကိုအောင်စိုးကိုလည်း ထောင်တစ်နှစ်ခွဲ ကျခံရမယ်လို့ အမိန့်ချပြီးမှ ဘယ်တရား
ရုံးမှာ ဘယ်ပုဒ်မနဲ့ ဘယ်လိုထောင်ချ လိုက်တယ်ဆိုတာ သိရပါတယ်

။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက စစ်ကိုင်းတိုင်း ဒေသကြီး အာဏာပိုင်တွေရဲ့ လက်ထဲမှာ လုပ်ချင်သလို လုပ်နေတာကို ထိန်းကျောင်းပေးဖို့ လိုပါတယ်။ အခုလို ထုချေပိုင်ခွင့် မရှိခဲ့ဘဲ ထောင်ဒဏ်ကျခံ ခဲ့ရတဲ့ လူ ၇ ဦးရဲ့ အမှုတွေကိုလည်း ပြန်လည်သုံးသပ်ပေးဖို့ လိုလာပါမယ်" ဟု ကိုဝေဠုက ဆက်လက်ပြောပါသည်။

လက်ပံတောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ အနေဖြင့် လက်

ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ သံဃာတော်များအား မီးလောင်ဗုံးဖြင့် တိုက်ခိုက်သည့် တရားခံ
များ ဖော်ထုတ်ပေးရန်၊ တိုင်းဒေသကြီး အာဏာပိုင်များ၏ ဥပဒေအရဟုဆိုကာ တရားဥပဒေမဲ့ လုပ်ဆောင်
နေခြင်းများအား ရပ်တန့်ပေးရန်၊ လယ်တီဆရာတော်ကြီး၏ သမိုင်းဝင် သာသနိက အဆောက်အအုံများအား ထိခိုက်မှု မရှိဘဲ ပြောင်းရွှေ့ရန်ဆိုသည့် ကော်မရှင် အကြံပြုချက်အတိုင်း အကောင်အထည် ဖော်နေမှုအား ထုတ်ပြန်ပေးရန် စသည့်အချက်များအား တောင်းဆိုခဲ့သည်။

ယင်းအပြင် ဒေသခံများကိုသာ လွတ်လပ်စွာ သွားလာခွင့်နှင့် လယ်ယာလုပ်ကိုင်ခွင့် ပိတ်ပင်ထားသည့် ပုဒ်မ ၁၄၄ အား ရုတ်သိမ်းပေးရန်၊ ဒေသခံများ၏ အကျိုးစီးပွားများအား မူလအခြေအနေအတိုင်း စောင့်ရှောက်ရန်

ဆိုသည့် ကော်မရှင် အကြံပြုချက်အားအပြည့်အ၀လိုက်နာရန်စသည့်အချက်များကိုလည်း တောင်းဆိုလိုက်
ကြောင်း သိရသည်။

Eleven Media Group , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃

0 comments:

Post a Comment