Pages

Sunday, June 9, 2013

ပြည်သူ့ရင်ပြင်၌် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ရောင်းချမည်

ဇွန်လ ၉ ရက် ၂၀၁၃

ပြည်သူ့ဥယျာဉ်နှင့် ပြည့်သူ့ရင်ပြင် ကစားကွင်းတွင် နိုင်ငံခြားသား ခရီးသည်များအတွက် ရည်ရွယ်၍ မြန့်မာရိုးရာ လက်မှုပစ္စည်းများကို ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း Natural World Co.,td မှ Marketing Manager ဒေါ်အေးအေးအောင်၏ ပြောကြားချက်အရ သိရသည်။ "ကျွန်မတို့က နေရာငှားရမ်း ပေးသွားမှာပါ။ အဆောက်အဦကတော့ အခုမှ စဆောက်တာပါ။ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်မယ့် ပစ္စည်းတွေကို ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချ ပေးသွားမှာပါ။ မြန်မာ့အစား အသောက်တွေ ရောင်းချတဲ့ ဆိုင်ခန်းတွေလည်း ပါမယ်" ဟု မအေးအေးအောင်က ပြောကြားသည်။

နိုင်ငံခြားသားများအတွက် မြန်မာ့မှု ပစ္စည်းများ ရောင်းချခြင်း အပါအ၀င်၊ ကားပါကင်၊ မုခ်ဦး၊ မြန်မာ့အစားအသောက်များကို ဆိုင်ခန်းများဖြင့် ရောင်းချပေးမည့် အစီအစဉ်ကို ၂၀၁၄ ခုနှစ်မှ စတင်ပြုလုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ခန်းတွင် မြန်မာ့ရိုးရာ ပစ္စည်းများဖြစ်သော ကျောက်စီပန်းချီကား၊ ယွန်းထည်များ၊ တရားစာအုပ်များ၊ လက်မှုပစ္စည်းများ၊ မြန်မာမှုပစ္စည်းများ၊ Hand Made ပစ္စည်းများ စသည့်ပစ္စည်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Natural World Co.,td မှ ကားပါကင်၊ အ၀င်မုခ်ဦးနှင့် ဆိုင်းခန်းများ ပါဝင်သည့်
နှစ်ထပ်အဆောက်အဦကို ဆောက်လုပ်လျက် ရှိကြောင်းလည်း သိရသည်။

Eleven , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃

0 comments:

Post a Comment