Pages

Thursday, November 22, 2012

မြန်မာအစိုးရတပ်များ KIA တပ်မဟာ(၂) ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်


ဗမာစစ်တပ်မှတပ်မ(၁)ခုဟာကချင်ပြည်နယ်မှာရှိတဲ့KIAတပ်မဟော(၂)ကိုတိုက်ခိုက်သိမ်းပိုက် ဖို့ ပြင်ဆင်
နေကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ဒေသခံများပြောပြချက် အရ ဗမာစစ်တပ်မှ စစ်ယာဉ် တန်း များနေ့စဉ်ဖြတ်သန်းသွားနေပြီးလက်နက်ကြီးများ၊အမြောက်များ၊ကျည်ဆံခဲယမ်းများပါပါရှိကြောင်းသိရပါ
တယ်။

လယ်မြေများ ပြန်မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံ၍ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်

ဝါဝါဝင်း ကုမ္ပဏီရှေ့ ၂၂ရက် ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော် လည်း ထူးခြားမှု တစုံတရာ မရှိ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ လယ် သမားများက ၎င်းတို့ လယ်ယာမြေများ ပြန်လည် မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံပြီး ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း----

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကို သုံးလအတွင်း တရုတ်ကုမ္ပဏီ တည်ဆောက်မည်

world's tallest building

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီး တစ်ခုကို တရုတ်ကုမ္ပဏီ တစ်ခုက (၃)လအတွင်း အပြီးသတ်တည်ဆောက်
ရန် စီစဉ်နေကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ချန်ရှားတွင် တည်ဆောက်မည့် Sky City
ဆိုသော အထပ်(၂၂၀)ပါ အဆောက်အအုံကြီးကို (၃)လဖြင့် ပြီးစီးအောင် တည်ဆောက်သွားရန် မိမိတို့ စီမံ
ကိန်း ရေးဆွဲထားကြောင်း တရုတ်အခြေစိုက် Broad Group ကုမ္ပဏီက ကြေညာခဲ့သည်။

အရှေ့တောင်အာရှ အားကစားပွဲအမီ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များ ရောင်းချပေးမည်


မြန်မာနိုင်ငံ၌ လာမည့်နှစ် ဇွန်လခန့်မှ စတင်ကာ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များကို အရှေ့တောင်အာရှ အားကစားပွဲအမီ ထုတ်လုပ်ရောင်းချသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက နိုဝင်ဘာ ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ပြောသည်။

ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီးသွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား


နိုင်ငံတကာမီဒီယာအများစုကဘင်္ဂလာဒေခ်ျ့နိုင်ငံမှစက်လှေများဖြင့်ခိုးထွက်ပြီးမလေးရှားသို့ သွားလာနေကြ
သူများမှာမန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖေါက်ခံရ၍ထွက်ပြေးတိမ်းရှောင်လာရသူ ရိုဟင်ဂျာဆိုသူများ
ဖြစ်ကြောင်းထုတ်ဖေါ်ရေးသားနေကြခြင်းမှာမဟုတ်မမှန်ဘဲလိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသ
ည်ဟုဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။

မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ

http://2.bp.blogspot.com/-D65ZediGLPg/UK37eG8Qw4I/AAAAAAAAilI/Oa-8oMcem70/s200/shwe+myanmar+group.jpg



စစ်ကိုင်းတိုင်း ကောလင်းမြို့ နယ်တွင် ဖြစ်ပေါ်နေသော သစ်ခိုးထုတ်မှုများ တွင်  အောက်ခြေ ဝန်ထမ်းများ ပါဝင်ကြောင်း ဌာနဆိုင်ရာများသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူမှု မရှိသောကြောင့်
ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုအောင်ကြည်မြင့်ကို ကျောက်တံတားရဲစခန်း
မှ မွန်းလွဲ တစ်နာရီခွဲခန့်တွင် ဖမ်းဆီး သွားကြောင်း သတင်းရရှိသည် ။

စည်းကမ်းမဲ့ ရဲတပ်သားတစ်ဦးကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝေဖန်ခံရ

 

ကူညီပါရစေဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့ 
ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ကျေးရွာ၌အသက်(၁၅)နှစ်အရွယ် အားရဲတပ်သားချစ်မွေး(အိမ်
ထောင်ရှင်)ကသားမယားအဖြစ်(၁၀)ရက်ခန့်ပြုကျင့်ခဲ့သည်ဆိုကာရဲစခန်းသို့တိုင်ကြားထားကြောင်း ကာယ
ကံရှင်များနှင့်တာဝန်ရှိ သူ အချို့ထံက သိရှိရ သည်။

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ စည်းစိမ်ရှင်စားသောက်ဆိုင် မီးလောင်

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့် ရှိ စည်းစိမ်ရှင်စားသောက်ဆိုင်
ဂက်စ်အိုး ဂက်စ်ယိုစိမ့်ရာမှ ညနေ ၅ နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စား
သာက်ဆိုင်တစ်ဆိုင်တည်းသာ လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ကွေးညွှတ်နိုင်မည့် မိုဘိုင်းလ်ဖုန်း Samsung ထုတ်လုပ်မည်


တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီး Samsungသည် ကွေးကောက်နိုင်သည့် Screenမျိုး တပ်ဆင်ထား
မည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားကို ထုတ်လုပ်ရောင်းချရန် စတင်လုပ်ဆောင်နေကြောင်းသိရသည်။ယင်းဖုန်း
အမျိုးအစားသစ်ကို Samsungက သုတေသန ပြုလုပ်မှု နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး လာမည့်နှစ်အ
တွင်း စတင်ရောင်းချသွားဖွယ် ရှိနေသည်။

UNAIDS ၏ ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ်


UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

ကမ္ဘာ့ အမြန်ဆုံးကား ဖြစ်လာမည့် SSC Tuatara

Thursday, November 22, 2012

လက်ရှိ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားတဲ့ ဂျာမနီ Bugatti Veyron များကို ကျော်ဖြတ်တော့မယ် ကား ဖြစ်ပါ
တယ်။ အမေရီကန် Shelby SuperCars ကုမ္မဏီက ထုတ်ပြီး SSC Tuatara လို့ အမည်ပေးထားပါတယ်။ ယခင် SSC Aero ပြီး နောက်ထပ် အသစ် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ 

မုံရွာကြေးနီစီမံကိန်းရှိရေများ ဓာတုအဆိပ်သင့်ဓာတ်များစွာ ပါဝင်နေ

ကြေးနီစီမံကိန်းရှိရေများသည် ဓာတုအဆိပ်သင့်ဓာတ်များစွာပါဝင်ကြောင်း နိုင်ငံတကာ စမ်းစစ်လေ့လာရေး၏ သုတေသနပြုချက်များအရ သိရသည်။
ကြေးနီမိုင်းတွင်းရှိ သောက်သုံးရေကိစ္စတစ်ရပ်အား သတင်းမရေးရန် (၇)ရက်သတင်းသမား၊ ဦးမျိုးမင်းဦးနှင့်အပေါင်းအပါများသည် မြန်မာယန်စီ/ မြန်မာဝမ်ပေါင်ကုမ္မဏီရှိ ပြန်ကြားရေးလက်ပါးစေ ဦးအောင်ဇော်ဦး ဆိုသူနှင့် ညှိနှိုင်းကာ သတင်းအမှောင်ချထားခဲ့ကြောင်းသိရသည်။
ဖော်ပြသတင်းဓာတ်ပုံကိုလည်း အသုံးမပြုကျရန် ဦးမျိုးမင်းဦးဆိုသူ သတင်းထောက်က တားမြစ်ခဲ့ကြောင်း မုံရွာအခြေစိုက်သတင်းသမားများထံမှသိရသည်။

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Monywa Times
Monywa Times
ကြေးနီစီမံကိန်းရှိရေများသည် ဓာတုအဆိပ်သင့်ဓာတ်များစွာပါဝင်ကြောင်း နိုင်ငံတကာ စမ်းစစ်လေ့လာရေး
၏ သုတေသနပြုချက်များအရ သိရသည်။

"အဓိပ္မါယ်ရှိသောလူ၊ တန်ဖိုးရှိသောဘ၀"

  • "အဓိပ္မါယ်ရှိသောလူ၊ တန်ဖိုးရှိသောဘ၀"
 
ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ
လိုက်နာကျင့်သုံးရမဲ့ဘ၀နေနည်းကောင်းတွေကို အခုလို သြ၀ါဒ ပေးတော်မူ
ခဲ့ပါတယ်...၊

* တောမီးသည်သစ်ရွက်ခြောက်ကိုလောင်လွယ်၏၊ သစ်ရွက်စိုကိုမတတ်နိုင်၊
မသူတော်မီးသည် မေတ္တာခမ်းသူကိုလောင်လွယ်၏၊
မေတ္တာဖျန်းသူကိုမတတ်နိုင်............။

*နံ့သာတုံးသည်မီးရှို့သူကိုမကျွမ်းမချင်း အနံ့ဖြင့်မွှေးစေ၏၊
သူတော်ကောင်းသည်ညှဉ်းဆဲသူကိုလည်း မသေမချင်းအကျိုးဆောင်၏။

*လူကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလှစ်ကောင်း၊ 
သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း၊

*ကျားကြောက်၍ ပြေးစဉ်ခွေးဟောင်သည်ကိုအရေးမယူရ၊
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကိုကြောက်၍ ပါရမီဖြည့်စဉ်)
မသူတော်ညှဉ်းသည်ကိုအရေးမယူရ၊

*ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ၊ 
မကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ 

အချုပ်ကတော့ မပြည့်စုံတဲ့လောကကြီးထဲမှာ ငြိမ်းအေးမှု့ဆိုတဲ့ အနှစ်ကိုထုတ်ယူ နိုင်ရင် အကောင်းဆုံးဘ၀နေနည်းပါဘဲ...။
အားလုံးငြိမ်းချမ်းကြပါစေ။
နန်းမြင့်ဂျာနယ်၊ အတွဲ(၃)၊ အမှတ် (၁၁၃)

    ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ လိုက်နာကျင့်သုံး
    ရမဲ့ဘ၀နေနည်းကောင်းတွေကို အခုလို သြ၀ါဒ ပေးတော်မူခဲ့ပါတယ်...၊

မီးစက်ကိစ္စဆွေးနွေးစဉ် မီးပျက်၍ လွှတ်တော်အား ပထမဆုံးအကြိမ် နေရာပြောင်း ကျင်းပ

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်န၀မအကြိမ်အစည်းအဝေး
၌ ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံအား MISUBISHI M701D ဂတ်ဆာဗိုင်(၂)ခုအခမဲ့ ပေးမည်ဆိုသည့်ကိစ္စနှင့်ပတ်
သက် ၍ ဆွေးနွေးနေစဉ် မီးပျက်သွား၍ ပြည်သူ့လွှတ်တော်ခန်းမသို့ ပြောင်းရွှေ့ကျင်းပရကြောင်း လွှတ်တော်
ကိုယ်စားလှယ်များထံမှ သိရှိရသည်။

Apple အဆောက်အအုံသစ်ကြီး ၂၀၁၆ နှစ်လယ်လောက်မှ ဖွင့်လှစ်နိုင်မည်

Apple အဆောက်အအုံသစ်ကြီး ၂၀၁၆ နှစ်လယ်လောက်မှ ဖွင့်လှစ်နိုင်မည်

ပုံမှာ မြင်တွေ့နေရတာကတော့ Apple မှ အသစ်တည်ဆောက်မယ့် Apple ရုံးချုပ် ဖြစ်ပါတယ်။ 

တည်နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊  Cupertino မြို့ မှာ ဖြစ်ပြီး ၂.၈ မိုင် စတုရန်းပေ ကျယ်ဝန်းတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သစ်ပင် ပေါင်း ၇၀၀၀ ကျော်နဲ့လည်း ဝန်းရံထားမှာ ဖြစ်ပါတယ်။ ယင်း အဆောက်အအုံကို Spaceship Campus လို့အမည်ပေးထားပြီး စတိဂျော့ ပါဝင်ခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလို့ ဆိုပါတယ်။ 

ယင်း အဆောက်အအုံ ကို တည်ဆောက်ဖို့အတွက် တောကိုရှင်းလင်းရ မှာ ဖြစ်ပါတယ်။ တားဆီးသူ များစွာ ရှိနေပါတယ်။ ဒီအတွက် သယ်ဆိုင်ရာ ဒေသခံ အစိုးရနဲ့ Apple တို့ ညှိနှိုင်းနေရပြီး ၂၀၁၄ လောက် မှ ဖောင်ဒေးရှင်း စတည်လို့ ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ၂၀၁၆ နှစ်လယ်လောက်မှပဲ တရားဝင် အသုံးပြုနိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ Apple ဝန်ထမ်းအားလုံးကို ယင်း Spaceship သို့ ပို့ဆောင်မယ်လို့ လည်း ပြောဆိုနေကြပါတယ်။ သို့ပေမယ့် အဆောက်အအုံ တည်ဆောက်ဖို့ ကတော့ ထင်ထားတာထက် ပိုမို ကြာနေအုံးမှာ ဖြစ်ပါတယ်။ 

ဒီဇိုင်းအားဖြင့် ထူးခြားနေပြီး သဘာဝတောတောင် အလယ်မှာ တည်ဆောက်ထားတဲ့ Apple ရဲ့  Spaceship Campus ဒီဇိုင်းကို ယခု လို မြင်တွေ့ ရပါတယ်။ 
--
Ref: bloomberg
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/apple_21.html

ပုံမှာ မြင်တွေ့နေရတာကတော့ Apple မှ အသစ်တည်ဆောက်မယ့် Apple ရုံးချုပ် ဖြစ်ပါတယ်။ တည်နေရာ
ကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Cupertino မြို့ မှာ ဖြစ်ပြီး ၂.၈ မိုင် စတုရန်းပေ ကျယ်ဝန်းတဲ့ အဆောက်
အအုံဖြစ်ပါတယ်။ သစ်ပင် ပေါင်း ၇၀၀၀ ကျော်နဲ့လည်း ဝန်းရံထားမှာ ဖြစ်ပါတယ်။ ယင်း အဆောက်အအုံကို Spaceship Campus လို့အမည်ပေးထားပြီး စတိဂျော့ ပါဝင်ခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလို့ ဆိုပါတယ်။

ပင်စင်စား သက်ကြီးရွယ်အို များကို ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ

" ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ "

   ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။  မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။
ဒါဆိုလျင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart card လုပ်(စား)သူ (Cronies)  များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် ( သိန်းပေါင်း၂၄၀၀၀) အသာလေးရသွားလေသည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . . 

ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart card ကို ဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။ 
ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .

   ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။
အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ . . .

ဝါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။


ref; ဒေါက်တာခင်မောင်ညို

ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ေ
ပးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်
ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။

ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးယာဉ်တိမ်းမှောက်မှုဖြစ်ပွား MRTV-4 ၀န်ထမ်း တစ်ဦး အပါအ၀င် ခရီးသည် ၁၉ ဦးဒဏ်ရာရ

ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အင်းစိန်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသည့် မထသ ၄၈ မီနီဘတ်စ်တစ်စီးသည် ယနေ့နံနက် ၉ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ 

"တစ်ခုခုကို ရှောင်လိုက်လို့ မှောက်သွားခဲ့တာ"ဟု ၄င်းကားပေါ်၌ စီးနင်းလိုက်ပါခဲ့သူ လှိုင်မြို့နယ်အတွင်း နေထိုင်သော အသက် ၄၅ နှစ်ခန့် ဦးသန်းရွှေကပြောသည်။

ကားပေါ်တွင် ခရီးသည် ၃၀ ဦးကျော် စီးနင်းလိုက်ပါခဲ့ပြီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသ်ည။ 

သို့သော် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အင်းစိန်မှ လှည်းတန်းဘက်သို့ မောင်းနှင်
လာသည့် မထသ ၄၈ မီနီဘတ်စ်တစ်စီးသည် ယနေ့နံနက် ၉ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

အမေရိကန်တက္ကသိုလ်များသို့ တက်ရောက် နိုင်မည့် ပညာရေး လမ်းကြောင်း များ ထွက်ပေါ်