Pages

Thursday, November 22, 2012

မြန်မာအစိုးရတပ်များ KIA တပ်မဟာ(၂) ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်


ဗမာစစ်တပ်မှတပ်မ(၁)ခုဟာကချင်ပြည်နယ်မှာရှိတဲ့KIAတပ်မဟော(၂)ကိုတိုက်ခိုက်သိမ်းပိုက် ဖို့ ပြင်ဆင်
နေကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ဒေသခံများပြောပြချက် အရ ဗမာစစ်တပ်မှ စစ်ယာဉ် တန်း များနေ့စဉ်ဖြတ်သန်းသွားနေပြီးလက်နက်ကြီးများ၊အမြောက်များ၊ကျည်ဆံခဲယမ်းများပါပါရှိကြောင်းသိရပါ
တယ်။ မန္တလး-မြစ်ကြီးနားတစ်လျှောက်ရထားများပေါ်တွင်လည်းဗမာစစ်သားများအရပ်ဝတ်ဖြင့်နေ့စဉ်ပါရှိကြောင်း
နဲ့ရထားကုန်တွဲများအတွင်းတွင်လည်းလက်နက်ကြီးများ၊ရိက္ခာများ၊ကျည်ဆံများပါရှိသည်ကို တွေ့ရကြောင်း
ရထားစီး ခရီးသည်များထံမှ သိရပါတယ်။

ယခင် KIA တပ်မဟာ(၄)ဌာနချုပ်ကို ဗမာစစ်တပ်မှ တိုက်ခိုက်သိမ်းပိုက်စဉ်က KIA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ သွားရပြီး တပ်မဟာ(၄) ဌာနချုပ်လည်း ပျက်သွားခဲ့ပါတယ်။ ယခုအချိန်အထိ KIA တပ်မဟာ(၄) အဖွဲ့ တွေဟာ နေရာအတည်တကျမရှိသေးဘဲ ပြောက်ကျားစနစ်ဖြင့်သာ လှုပ်ရှားနေကြပါတယ်။ ဗမာစစ်တပ်မှ KIA တပ်မဟာ(၄)ကို တိုက်ခိုက်ရသည့် အကြောင်းအရင်းကတော့ တရုတ်နိုင်ငံဘက်သို့ တင်ပို့ပေးနေသည့် ဂတ်စ်ပိုက်လိုင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
 
ယခု KIA တပ်မဟာ(၂) ကို တိုက်မည့်အကြောင်းအရင်းကတော့ တပ်မဟာ(၂)ထိန်းချုပ်ရာ နေရာနဲ့ တနိုင်း ဖားကန့်ဒေသတွေဟာ ရွှေနဲ့ကျောက်စိမ်းများစွာ ထွက်ရှိမှုနဲ့ ပတ်သက်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။ 
 
ဖားကန့်ဒေသမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်တွေက KIA အဖွဲ့တွေ တောင်းခံသည့် ဆက်ကြေးနဲ့ ခွန်တွေကို ပေးဆောင်ကြပေမယ့် ယခုအချိန်အထိ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်တွေ ရပ်ဆိုင်းထားရတဲ့အတွက်လုပ်ငန်းရှင်တွေနဲ့အလုပ်သမားပြည်သူတွေစားဝတ်နေရေး ကျပ်တည်းနေကြရပါ
တယ်။နိုင်ငံခြားကိုတင်သွင်းမည့်တွင်းထွက်ရတနာတွေ မထုတ်လုပ်နိုင်တာကြောင့် နိုင်ငံခြားဝင်ငွေကျဆင်း
ပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်ပါတယ်။
 
ဗမာစစ်တပ်နဲ့KIAအကြားမှာ၂၀၁၁ခုနှစ်ဇွန်လမှစပြီး တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ စတင်တိုက်ပွဲ ဖြစ်ပွားတဲ့ အကြောင်းက တာပိန်ရေအား လျှပ်စစ်စက်ရုံမှ စတင်ခဲ့ပါတယ်။ 
 
ဗမာစစ်တပ်နဲ့KIAအကြားညှိနှိုင်းဆွေးနွေးပွဲကို၂၀၁၂ ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့မှာ ရွှေလီမြို့
တွင် ပြုလုပ်ခဲ့ပါတယ်။ 
 
ဗမာအစိုးရဘက်မှအဆုံးအဖြတ်ပေးနိုင်တဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ပေမယ့်KIAစစ်ဘက်မှ တာဝန်ရှိ
သူတွေတက်ရောက်ရန်ပျက်ကွက်ခဲ့တာကြောင့်အပစ်အခတ်ရပ်စဲရေးကိုယခုအချိန်အထိ သဘောတူနိုင်
ခင်း မရှိသေးပါဘူး။ 
 
 

0 comments:

Post a Comment