ရမဲ့ဘ၀နေနည်းကောင်းတွေကို အခုလို သြ၀ါဒ ပေးတော်မူခဲ့ပါတယ်...၊
* တောမီးသည်သစ်ရွက်ခြောက်ကိုလောင်လွယ်၏၊ သစ်ရွက်စိုကိုမတတ်နိုင်၊ မသူတော်မီးသည် မေ
တ္တာခမ်းသူကိုလောင်လွယ်၏၊ မေတ္တာဖျန်းသူကိုမတတ်နိုင်............။
*နံ့သာတုံးသည်မီးရှို့သူကိုမကျွမ်းမချင်း အနံ့ဖြင့်မွှေးစေ၏၊ သူတော်ကောင်းသည်ညှဉ်းဆဲသူကိုလည်း
မသေမချင်းအကျိုးဆောင်၏။
*လူကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလှစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍
ဒေါသမဖြစ်ကောင်း၊
*ကျားကြောက်၍ ပြေးစဉ်ခွေးဟောင်သည်ကိုအရေးမယူရ၊ ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာ
ကိုကြောက်၍ ပါရမီဖြည့်စဉ်) မသူတော်ညှဉ်းသည်ကိုအရေးမယူရ၊
*ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ၊ မကောင်းကွက်ကိုသာကြည့်မည်
ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊
အချုပ်ကတော့ မပြည့်စုံတဲ့လောကကြီးထဲမှာ ငြိမ်းအေးမှု့ဆိုတဲ့ အနှစ်ကိုထုတ်ယူ နိုင်ရင် အကောင်း
ဆုံးဘ၀နေနည်းပါဘဲ...။ အားလုံးငြိမ်းချမ်းကြပါစေ။
နန်းမြင့်ဂျာနယ်
0 comments:
Post a Comment