Pages

Thursday, November 22, 2012

အိုဘားမားမှ ဒေါ်အောင်ဆန်းစုကြည်အား နမ်းခြင်းအပေါ် NLD ပါတီဝင်ဟောင်းများမှ ဆန္ဒပြမည်


မြန်မာနိုင်ငံသိုအမေရိကန်သမ္မတဘားရက်အိုဘားမားလာရောက်စဉ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်
အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာကို ဒေါ်အောင်ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့ပါတယ်။ဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကြောင့် NLD ပါတီဝင်ဟောင်းများမှ အိုဘာမားရဲ့ အနမ်းနဲ့ ပတ်သတ်ပြီး NLD
ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ တိုင်ပင်ခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးခဲ့တဲ့အထဲမှာ ယခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုရေးေ ဖာက်ပြန် ခဲ့ဖူးတယ်လို့ နာမည်ကြီး
နတဲ့ ဦးဒေးဗစ်လှမြင့်လည်း ပါဝင်ပါတယ်။

ထို့အပြင်၎င်းကိစ္စအပေါ် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ NLD ပါတီနာယက ဦးဝင်းတင်မှ ၄င်းကိစ္စအားပြေလည်အောင်ဖြေရှင်းချက်ပေးမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံပြီး ဖြေရှင်းချက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ 
မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအတွက်အိုဘားမားလာရောက်ခြင်းကိုကြိုဆိုသော်လည်းအမေရိကန် ကူညီ
မှမြန်မာ့ယဉ်ကျေးမှုများကို စွန့်လွှတ်ရမည်ဆိုခြင်းကို လက်မခံကြောင်း။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုယ့် ယဉ်ကျေးမှုနဲ့ကိုယ်နေလာတာဖြစ်ကြောင်း၊ မည်သည့်တိုင်းတပါးရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုကိုမျှ မခံနိုင်ကြောင်း” ဆန္ဒပြပွဲတွင်ပါဝင်သော ပါတီဝင်ဟောင်းတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
Konaylin  (Facebook)

0 comments:

Post a Comment

 
world time