Pages

Thursday, November 22, 2012

ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးယာဉ်တိမ်းမှောက်မှုဖြစ်ပွား MRTV-4 ၀န်ထမ်း တစ်ဦး အပါအ၀င် ခရီးသည် ၁၉ ဦးဒဏ်ရာရ

ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အင်းစိန်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသည့် မထသ ၄၈ မီနီဘတ်စ်တစ်စီးသည် ယနေ့နံနက် ၉ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ 

"တစ်ခုခုကို ရှောင်လိုက်လို့ မှောက်သွားခဲ့တာ"ဟု ၄င်းကားပေါ်၌ စီးနင်းလိုက်ပါခဲ့သူ လှိုင်မြို့နယ်အတွင်း နေထိုင်သော အသက် ၄၅ နှစ်ခန့် ဦးသန်းရွှေကပြောသည်။

ကားပေါ်တွင် ခရီးသည် ၃၀ ဦးကျော် စီးနင်းလိုက်ပါခဲ့ပြီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသ်ည။ 

သို့သော် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်- အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အင်းစိန်မှ လှည်းတန်းဘက်သို့ မောင်းနှင်
လာသည့် မထသ ၄၈ မီနီဘတ်စ်တစ်စီးသည် ယနေ့နံနက် ၉ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

"တစ်ခုခုကို ရှောင်လိုက်လို့ မှောက်သွားခဲ့တာ"ဟု ၄င်းကားပေါ်၌ စီးနင်းလိုက်ပါခဲ့သူ လှိုင်မြို့နယ်အတွင်း နေ
ထိုင်သော အသက် ၄၅ နှစ်ခန့် ဦးသန်းရွှေကပြောသည်။

ကားပေါ်တွင် ခရီးသည် ၃၀ ဦးကျော် စီးနင်းလိုက်ပါခဲ့ပြီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးမှာ ရန်ကုန်
ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသ်ည။

သို့သော် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အင်းစိန်-ဆူးလေ ပြေးဆွဲသည့် ၄၈ မီနီဘတ်(စ်)ယာဉ် ဆင်ရေတွင်း မှတ်တိုင်အနီး တိမ်းမှောက် MRTV-4 ၀န်ထမ်း တစ်ဦး အပါအ၀င် ခရီးသည် ၁၉ ဦးဒဏ်ရာရ
===============================
စောမြင့်သန်း (ပေါက်တော)
===============================
အင်းစိန်-ဆူးလေပြေးဆွဲသည့် ၄၈ မီနီဘတ်(စ်)ယာဉ်သည်  ဆင်ရေတွင်းမှတ်တိုင် ရှိ ကျော်စားသောက် ဆိုင်နှင့် ရွှေဖလား လက်ဖက်ရည်ဆိုင်  တို့ အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်သည် အင်းစိန်ဘက်မှ ဆူးလေသို့  ခရီးသည်များကို တင်ဆောင်မောင်းနှင်လာစဉ် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ခရီးသည် ၁၉ ဦးမှာ ရန်ကုန် ဆေးရုံကြီးတွင် အရေး ပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။ 
“ကျွန်တော်က ဘူတာရုံလမ်းမှတ်တိုင်ကနေ စီးလာတာပါ ရုတ်တရက်ဆိုတော့ ကားပေါ်မှာ ကူပါ ကယ်ပါနဲ့ ပွက်လောညံသွားတယ် ကျွန်တော်လဲ ရုတ်တရက် ရတာဆွဲပေမယ့်လည်း မမီလိုက်ပဲ လူတွေပေါ်ပိ သွားတယ် ဖြစ်ဖြစ်ချင်းတော့ ဘာမှ မဖြစ်သလိုနဲ့ အခုမှ ရင်ဘတ်တွေ အောင့်နေပါတယ် သူများတွေ ထက်စာရင်တော့ ကြီးကြီးမားမား မဖြစ်ပေ့မယ့် တစ်ချို့ ဒဏ်ရာတော်တော်ပြင်းတဲ့သူတွေပါပါတယ်” ဟု ယင်းကားတွင်လိုက်ပါလာ သည့် ခရီးသည် တစ်ဦးဖြစ်သူ ဦးသန်းရွှေက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။ 
“ကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို အချိန်မီ ကုသဖို့ဆေးရုံကြီးကို ပို့ဆောင်ပေး နေပါတယ် အခုတိမ်းမှောက်မှုက ဘေးတိုက်ဖြစ်တဲ့အတွက်  ကားက ဂက်(စ်)အိုးတွေ တစ်ခုခုဖြစ်မှာ စိုးရိမ်ရ ပါတယ် ဒါကြောင့် မီးသတ်ကိုခေါ်ထားတာပါ ဘရိတ်ပေါက်လို့မှောက်တယ်ဆိုပေမယ့် ကျွမ်းကျင် သူတွေ နဲ့ စစ်ဆေး ရင် ဘာကြောင့် ဖြစ်သလဲဆိုတာ အဖြေ ပေါ်မှာပါ အခုကတော့ အတိအကျ မပြောနိုင်သေး ပါဘူး  ” ဟု ကမာရွတ်ရဲစခန်းမှ ရဲမှူးဖြစ်သူ  ဦးကြည်လွင်က ရန်ကုန်မီဒီယာဂရုပ်သို့ ပြောကြားသည်။ 
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ MRTV-4 မှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့်  ဆရာမတစ်ဦး တို့ပါဝင်ကြောင်း မျက်မြင်တစ်ဦးဖြစ်သူ ကိုစိုင်းပြည့်ဖြိုးက ပြောသည်။
“ကျွန်တော့်အမျိုးသမီးက စာသင်ဖို့ ဆူးလေကိုသွားတာပါ ဘူတာရုံလမ်းကနေ စီးလာတာပါ ၊ သူကတော့ အခုလက်ကျိုးသွားပါတယ် ၊ ဦးအုန်းစိန်ဆေးခန်းမှာ ကုသပြီးတော့ အိမ်ကိုရောက်နေပါပြီ” ဟု လက်ကျိုးသွား သည့် အမျိုးသမီး ဖြစ်သူ မကြည်မွှေး၏ ခင်ပွန်းက ပြောသည်။
“MRTV-4 က ၀န်ထမ်း အမျိုးသမီးကို ကျွန်တော်မေးကြည့်တော့ သိပ်မဖြေနိုင်ဘူး သူတော်တော် ဒဏ်ရာရထားတယ်နဲ့တူတယ် ဖြစ်ပြီးချင်းပဲ သူ့ကို ဒီနားက ဆေးခန်းမှာ ကုသနေပေမယ့် အခုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီလို့ သိရပါတယ်” ဟု မျက်မြင်တစ်ဦးဖြစ်သူ ကိုစိုင်းပြည့်ဖြိုးက ပြောသည်။

အင်းစိန်-ဆူးလေပြေးဆွဲသည့် ၄၈ မီနီဘတ်(စ်)ယာဉ်သည် ဆင်ရေတွင်းမှတ်တိုင် ရှိ ကျော်စားသောက် ဆို
င်နှင့် ရွှေဖလား လက်ဖက်ရည်ဆိုင် တို့ အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်သည် အင်းစိန်ဘက်မှ ဆူးလေသို့ ခရီးသည်များကို တင်ဆောင်မောင်းနှင်လာစဉ် ယနေ့ နိုဝင်
ဘာ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ခရီးသည် ၁၉ ဦးမှာ ရန်ကုန် ဆေးရုံကြီးတွင် အရေး ပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။

“ကျွန်တော်က ဘူတာရုံလမ်းမှတ်တိုင်ကနေ စီးလာတာပါ ရုတ်တရက်ဆိုတော့ ကားပေါ်မှာ ကူပါ ကယ်ပါနဲ့ ပွက်လောညံသွားတယ် ကျွန်တော်လဲ ရုတ်တရက် ရတာဆွဲပေမယ့်လည်း မမီလိုက်ပဲ လူတွေပေါ်ပိ သွား
တယ် ဖြစ်ဖြစ်ချင်းတော့ ဘာမှ မဖြစ်သလိုနဲ့ အခုမှ ရင်ဘတ်တွေ အောင့်နေပါတယ် သူများတွေ ထက်စာ
ရင်တော့ ကြီးကြီးမားမား မဖြစ်ပေ့မယ့် တစ်ချို့ ဒဏ်ရာတော်တော်ပြင်းတဲ့သူတွေပါပါတယ်” ဟု ယင်းကား
တွင်လိုက်ပါလာ သည့် ခရီးသည် တစ်ဦးဖြစ်သူ ဦးသန်းရွှေက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။

“ကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို အချိန်မီ ကုသဖို့ဆေးရုံကြီးကို ပို့ဆောင်
ပေး နေပါတယ် အခုတိမ်းမှောက်မှုက ဘေးတိုက်ဖြစ်တဲ့အတွက် ကားက ဂက်(စ်)အိုးတွေ တစ်ခုခုဖြစ်မှာ စိုး
ရိမ်ရ ပါတယ် ဒါကြောင့် မီးသတ်ကိုခေါ်ထားတာပါ ဘရိတ်ပေါက်လို့မှောက်တယ်ဆိုပေမယ့် ကျွမ်းကျင် သူ
တွေ နဲ့ စစ်ဆေး ရင် ဘာကြောင့် ဖြစ်သလဲဆိုတာ အဖြေ ပေါ်မှာပါ အခုကတော့ အတိအကျ မပြောနိုင်သေး ပါဘူး ” ဟု ကမာရွတ်ရဲစခန်းမှ ရဲမှူးဖြစ်သူ ဦးကြည်လွင်က ရန်ကုန်မီဒီယာဂရုပ်သို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ MRTV-4 မှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ဆရာမတစ်ဦး တို့ပါဝင်ကြောင်း မျက်မြင်တစ်ဦးဖြစ်သူ ကိုစိုင်းပြည့်ဖြိုးက ပြောသည်။ “ကျွန်တော့်အမျိုးသမီး
က စာသင်ဖို့ ဆူးလေကိုသွားတာပါ ဘူတာရုံလမ်းကနေ စီးလာတာပါ ၊ သူကတော့ အခုလက်ကျိုးသွားပါ
တယ် ၊ ဦးအုန်းစိန်ဆေးခန်းမှာ ကုသပြီးတော့ အိမ်ကိုရောက်နေပါပြီ” ဟု လက်ကျိုးသွား သည့် အမျိုးသမီး
 ဖြစ်သူ မကြည်မွှေး၏ ခင်ပွန်းက ပြောသည်။

“MRTV-4 က ၀န်ထမ်း အမျိုးသမီးကို ကျွန်တော်မေးကြည့်တော့ သိပ်မဖြေနိုင်ဘူး သူတော်တော် ဒဏ်ရာ
ရထားတယ်နဲ့တူတယ် ဖြစ်ပြီးချင်းပဲ သူ့ကို ဒီနားက ဆေးခန်းမှာ ကုသနေပေမယ့် အခုတော့ ရန်ကုန်ဆေး
ရုံကြီးကို ပို့လိုက်ပြီလို့ သိရပါတယ်” ဟု မျက်မြင်တစ်ဦးဖြစ်သူ ကိုစိုင်းပြည့်ဖြိုးက ပြောသည်။
7days News


0 comments:

Post a Comment