Pages

Thursday, November 22, 2012

ကမ္ဘာ့ အမြန်ဆုံးကား ဖြစ်လာမည့် SSC Tuatara

Thursday, November 22, 2012

လက်ရှိ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားတဲ့ ဂျာမနီ Bugatti Veyron များကို ကျော်ဖြတ်တော့မယ် ကား ဖြစ်ပါ
တယ်။ အမေရီကန် Shelby SuperCars ကုမ္မဏီက ထုတ်ပြီး SSC Tuatara လို့ အမည်ပေးထားပါတယ်။ ယခင် SSC Aero ပြီး နောက်ထပ် အသစ် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ 
၂၀၁၁ ခုနှစ်မှာ အစမ်း တစ်စီး ထုတ်ထားပေမယ့် အမှန်တကယ် ထုတ်လုပ်မှုကတော့ ၂၀၁၃ မှာ စတင်မှာ
 ဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံးကားတွေကို ဂျာမနီတွေပဲ ထုတ်တယ်ဆိုတဲ့ စံချိန်ကို အမေရိကန်တို့ စတင်
ကျော်ဖြတ်မှာ ဖြစ်ပါတယ်။

တစ်နာရီ ၂၇၆ မိုင်မောင်းနှင်နိုင်မယ်လို့ တွက်ချက်ထားပြီး လက်ရှိ ၂၆၇.၉ နီးပါး နဲ့ စံချိန်တင်ထားတဲ့ Bugatti Veyron Super Sport ထက် သာလွန်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၉၇၀၀ စီစီ၊ တာဘိုနှစ်လုံးပူး V ၁၆ လုံး အင်ဂျင်ကို အသုံးပြုထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင် မှုက ၁၃၅၀ ရှိပြီး အမေရိကန်မှာ ဆိုရင်
 အိမ်ပေါင်း ၃၅၄၀ ကျော်ကို တစ်ပြိုင်တည်း လျှပ်စစ်ဓာတ်အား ပေးနိုင်တဲ့ ပါဝါမျိုး ဖြစ်ပါတယ်။

ဂီယ ၇ ချက် အော်တို နဲ့ ဆီမီး အော်တို နှစ်မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက်စီး နဲ့ တစ်ယောက်စီး နှစ်မျိုးထုတ်မှာ ဖြစ် ပါတယ်။ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်ဖြစ်ပြီး အလူမီနီ-စတီးရော သတ္တု
ပါင်းစပ်မှုလည်း ပါဝင်ပါသေးတယ်။ အင်ဂျင် ဝိတ်များတဲ့အတွက် ကားရဲ့  ဝိတ်ကို လျော့ချရ မယ့် သီအိုရီကို Shelby တို့ကောင်းကောင်း နားလည်ထားပါတယ်။ ဒါကြောင့် ကားရဲ့  အလေးချိန်ကို ၂၇၅၀ ပေါင်လောက်ထိ ထိန်းထား ပေးနိုင်ပါတယ်။

အရှည် ၁၇၄.၄ လက်မ၊ အကျယ် ၇၈.၄ လက်မ၊ အမြင့် ၄၃ လက်မ ကိုယ်စီ အတိုင်းရှိပြီး Ground Clearance ကတော့ ၄ လက်မပဲ ရှိပါတယ်။ ဒါကြောင့် အနိမ့်အမြင့် အရမ်းကြီးတဲ့နေရာနဲ့ တော့ အဆင်ပြေမှာ မဟုတ်ပါ
ဘူး။

ဈေးနှုန်းကိုတော့ အတိအကျ မကြေညာရသေးပါဘူး။ သို့ပေမယ့် ကမ္ဘာ့ ဈေး အကြီးဆုံး ကားစာရင်းထဲမှာ ထိပ်တန်း ပါဝင်လာမယ် ဆိုတာကိုတော့ လူတိုင်း သိနေပါတယ်။ ဒီဇိုင်းအားဖြင့်လည်း သေသပ်လှပနေတဲ့
 SSC Tuatara ကို ယခုလို မြင်တွေ့ ရပါတယ်။
 
 
 TechSpace Journal

0 comments:

Post a Comment