Pages

Thursday, November 22, 2012

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကို သုံးလအတွင်း တရုတ်ကုမ္ပဏီ တည်ဆောက်မည်

world's tallest building

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီး တစ်ခုကို တရုတ်ကုမ္ပဏီ တစ်ခုက (၃)လအတွင်း အပြီးသတ်တည်ဆောက်
ရန် စီစဉ်နေကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ချန်ရှားတွင် တည်ဆောက်မည့် Sky City
ဆိုသော အထပ်(၂၂၀)ပါ အဆောက်အအုံကြီးကို (၃)လဖြင့် ပြီးစီးအောင် တည်ဆောက်သွားရန် မိမိတို့ စီမံ
ကိန်း ရေးဆွဲထားကြောင်း တရုတ်အခြေစိုက် Broad Group ကုမ္ပဏီက ကြေညာခဲ့သည်။
မိုင်ဝက်မျှ အမြင့်ရှိသည့် အဆိုပါ အဆောက်အအုံကြီးသည် လက်ရှိ ကမ္ဘာ့အမြင့်ဆုံးဖြစ်သော ဒူဘိုင်းမှ ဘာ့ဂ်ျ
ကာလီဖာထက် (၃၂)ပေ ပိုမြင့်မည်ဟု သိရသည်။ ထို့အပြင် အနောက်ဥရောပ၌ အမြင့်ဆုံးအဖြစ် ရပ်တည်
နသည့် လန်ဒန်မြို့မှ ရှာ့ဒ် အဆောက်အအုံသည် Sky Cityနှင့် ယှဉ်လျှင် လူပုလေးနှင့် လောရှည်သဖွယ် ဖြစ်
သွားနိုင်ကြောင်း သတင်းများက ဆိုသည်။ 

Sky Cityသည် မြန်နှုန်းမြင့်မြင့် တည်ဆောက်မည် ဖြစ်သည့်တိုင် အလွန်ခိုင်မာပြီး ရစ်ခ်ျတာစကေး (၉.၀)ရှိ
သည့် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိမည်ဟု Broad Groupက ပြောကြားခဲ့သည်။

world's tallest building

(၂၇၄၉)ပေ မြင့်မားမည့် အဆိုပါ အဆောက်အအုံတွင် လူပေါင်း (၁၇၄၀၀)ဦး ဝင်ရောက်နေနိုင်ပြီး ဟိုတယ်
များ၊ ဆေးရုံများ၊ ကျောင်းများနှင့် ရုံးခန်းများပါ ထည့်သွင်း တည်ဆောက်သွားမည်ဟု သိရသည်။ အဆောက်
အအုံတွင် မြန်နှုန်းမြင့်မားစွာ အတက်အဆင်း ပြုလုပ်နိုင်မည့် ဓာတ်လှေကား (၁၀၄)စင်း တပ်ဆင်ထားမည်
 ဖြစ်သည်။ 

Broad Groupသည် နောက်ဆုံးပေါ် ဆောက်လုပ်ရေး နည်းပညာဖြစ်သည့် လုပ်ငန်းခွင် ပြင်ပတွင် ကြိုတင် ပုံစံချ တပ်ဆင်ထားသည့် ဘလောက်များကို ဆက်တိုက် နေရာထည့်သွင်း တပ်ဆင်ကာ ယခုအဆောက်
အအုံကို တည်ဆောက်မည် ဖြစ်သည်။ 

၎င်းတို့သည် အဆိုပါ နည်းပညာဖြင့် ယမန်နှစ်က အထပ်(၃၀)ရှိသောအဆောက်အအုံ တစ်ခုကို(၁၅)ရက်နှင့်
အပြီးတည်ဆောက်ခဲ့ဖူးသည်။


Planet Myanmar Network:

0 comments:

Post a Comment