UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ သိရသည်။
အာဖရိက
မှ အာရှအထိ ဒေါ်အောင်ဆန်းစုကြည် ၏ အကြောင်းကို ပြောကြပြီးအားကျအတုယူဖွယ် ကောင်း
သည့် ပုဂ္ဂိုလ်ဖြစ်ကာ UNAIDS ၏ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ရသည့်
အတွက် ဂုဏ်ယူမိ ကြောင်း UNAIDS ၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ မီရှဲလ်
ဆီဒီဘေး က ပြောကြားသည်။
ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေး အတွက် နေ့စဉ် ရုန်းကန်လှုပ်ရှား နေရသည့်လူများ၏ ခေါင်းဆောင်
ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေး အတွက် နေ့စဉ် ရုန်းကန်လှုပ်ရှား နေရသည့်လူများ၏ ခေါင်းဆောင်
အဖြစ်
ရွေးချယ် ခံရခြင်း အတွက် အလွန် ဂုဏ်ယူ မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က
ပြောကြားသည် ဟု UNAIDS ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါရှင် လေးသောင်း ကို ကုသ ပေးနေရပြီး၊ ရောဂါရှိ
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါရှင် လေးသောင်း ကို ကုသ ပေးနေရပြီး၊ ရောဂါရှိ
ကြောင်း သံသယ ရှိလျှင် စောစီးစွာ စစ်ဆေးခြင်းဖြင့် ရောဂါသစ်
များကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဆီဒီဘေးက ပြောကြားသည်။
0 comments:
Post a Comment