Pages

Monday, September 30, 2013

အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်

အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်
=====================
စက်တင်ဘာ ၃၀၊ ၂၀၁၃
M-Media

အော်ရီဒူးဖုန်း ကုမ္ပဏီနှင့် Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာ မိုဘိုင်းနည်းပညာ၏ အကျိုးကျေးဇူးများကို အောက်ခြေ လူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ စီးပွားရေးဆောင်ရွက်လိုစိတ်ကို 

ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။ ထိုအစီအစဉ်အား နယူးယောက်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်နေကြ ဖြစ်သည့် Clinton Global Initiative (CGI)  အစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံလူဦးရေ၏ ၂၅-ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အောက်တွင် အသက်ရှင်နေရပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်အတွက် စွဲဆောင်မှုများ 

အလျင်အမြန်လိုအပ်နေသည်။ အမျိုးသမီးများ၏ လူနေမှုဘ၀ကြွယ်ဝလာ စေရန်နှင့် လူသားရင်းမြစ် တိုးတက်လာစေရန် လှုံ့ဆော်ခြင်းများမှာ အော်ရီဒူးမှ လုပ်ဆောင်မည့် အစီအစဉ်များတွင်ပါဝင်ပြီး အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း၎င်းတို့အတွက် အလားအလာများ မည်ကဲ့သို့ရှိသည်ကို သိရှိနားလည်လာစေရန် အကူအပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဟု အော်ရီဒူးက ခံယူခဲ့သည်။

အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ဘ၀များ၊ ၎င်းတို့အားမှီခိုနေသူများ၏ ဘ၀များမြင့်တက်စေရန် မိုဘိုင်းနည်းပညာများကို တန်းတူညီစွာ အသုံးပြုခွင့် ရှိသင့်သည်ဟု ယုံကြည်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ 

မိုဘိုင်းနည်းပညာများကို အဆင့်မြှင်တင်ပေးကာ ဖြစ်ပေါ်လာမည့် ဈေးကွက်များ အတွင်း အမျိုးသမီးများအား ထည့်သွင်းခန့်ထားခြင်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသောအကျိုးသက်ရောက်မှုတစ်ခုကို လုပ်ဆောင်နိုင်မည်ဟု အော်ရီဒူးကယုံကြည်နေသည်။ 

ကမ္ဘာပေါ်တွင်မိုဘိုင်းဖုန်းအသုံးပြုမှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၀-ရာခိုင်နှုန်းအောက်သာ မိုဘိုင်းဖုန်းအသုံးပြုနိုင်ကြသည်။ 

မြန်မာနိုင်ငံ၏လက်ရှိအနေအထားမှာ နိုင်ငံအတွင်း မိုဘိုင်းကွန်ရက် တည်ဆောက်ရန် လိုင်စင်ရရှိထားသည့် အောရီဒူး အတွက် အခွင့်အရေး ကောင်းဖြစ်နေပြီး မြန်မာနိုင်ငံ၏လူဦးရေ သန်း-၆၀ အတွက် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ဖြန့်ဝေပေးရမည်ဖြစ်သည်။ 
thepeninsulaqatar

RangonNewsDaily:: September 30, 2013 အော်ရီဒူးဖုန်းကုမ္ပဏီနှင့်Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာမိုဘိုင်းနည်းပညာ၏အကျိုး
ကျေးဇူးများကို အောက်ခြေလူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိအမျိုးသမီးများစီးပွားရေးဆောင်
ရွက်လိုစိတ်ကို ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။

Call Center ၏ Hot Line နံပါတ်တစ်ခု ထပ်တိုး

Photo: Call Center ၏ Hot Line နံပါတ်တစ်ခု ထပ်တိုး
Monday, September 30, 2013

1876 Call Center မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော Hot Line နံပါတ်ဝန်ဆောင်မှုအချို့ ထပ်တိုးလိုက်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  
1877 Hot Line ဝန်ဆောင်မှု ထပ်တိုးလိုက်ခြင်းဖြစ်ပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများကို အဆိုပါ Hot Line သို့ ဆက်သွယ်နိုင်မည်ဟုဆိုသည်။ “1877 Hot Line နံပါတ်မှာ အိမ်ခြံမြေအထွေထွေလုပ်ငန်း ဝန်ဆောင်မှုတွေ၊ အသက်အာမခံနဲ့ အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုတွေပါရှိမှာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ 1876 Call Center မှ သတ်မှတ်နံပါတ်များအလိုက် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ ဥပဒေရေးရာဆိုင်ရာဝန်ဆောင်မှုများကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပြီး ယခုဝန်ဆောင်မှုမှာ အိမ်၊ ခြံ၊ မြေနှင့် အာမခံဆိုင်ရာကို အဓိကထား မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
1877 Hot Line ၏ လိုင်းခွဲနံပါတ် 1-1 တွင် အသင့်နေတိုက်ခန်းများ၊ တိုက်ခန်းအလွတ်များ၊ ကွန်ဒိုများ၊ အသင့်နေလုံးချင်းအိမ်ရာများ၊ မြေကွက်များနှင့်ပတ်သက်၍ ရောင်းလို ဝယ်လိုသည်များကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။ ရောင်းချရန် ဆက်သွယ်ထားသူများအတွက် စာတိုပို့စနစ်ကြော်ငြာကို အသုံးပြု၍ Marketing ပြုလုပ်ခြင်း၊ Call Center Facebook နှင့် Website များကို အသုံးပြု၍ ရောင်းချနိုင်ရန်ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်မည်ဟု သိရသည်။ 1877 Hot Line ၏ လိုင်းခွဲနံပါတ်1-2 တွင် အသက်အာမခံနှင့် အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများကို ခေါ်ဆိုမေးမြန်းနိုင်မည်ဟု ဆိုသည်။
 
ယခုလတတိယပတ်မှ စတင်ကာ တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 1877 Hot Line သို့ခေါ်ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်ဖြစ်၍ Call Center သို့ ခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် စုစုပေါင်း ၈၀ ကျပ် ကျသင့်မည် ဖြစ်သည်။ အဆိုပါ Call Center အနေဖြင့် 1876, 1875 စသည့် Hot Line များကိုလည်း ခေါ်ဆိုကာ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အိမ်တိုင်ရာရောက် ကားလက်မှတ် ပို့ဆောင်ပေးသည့်စနစ်၊ ဗေဒင်ဆိုင်ရာဝန်ဆောင်မှုများ အစရှိသည်တို့ကို သတ်မှတ်လိုင်းခွဲနံပါတ်များအတိုင်း ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်သည်။
 
ထွန်းထွန်း
Popular Journal

RangonNewsDaily:: September 30, 2013

1876 Call Center မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော Hot Line နံပါတ်ဝန်ဆောင်မှုအချို့ ထပ်တိုးလိုက်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သေဘာတူညီမှု ရရှိ

Photo: ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သေဘာတူညီမှု ရရှိ
Monday, September 30, 2013

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ
အတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သေဘာတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်က
ပြောပါတယ်။

လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို လွှတ်တော်မှာ တင်သွင်းနေစဉ်
ကာလအတွင်း လုံးဝမဖျက်ဆီးရန်၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်မှာ လူ ၅ ယောက်ထက်မပိုဘဲ ဖူးမြော်ခွင့် ပေးရမယ်၊ ချီတက်
လမ်းလျှောက် ဆန္ဒြပသူတွေကို လုံးဝအေရးမယူရေး စတဲ့အချက် ၃ ချက်ကို
သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

အရင်က လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို ပုဒ်မ ၁၄၄ ချမှတ်ထား
တဲ့အတွက် လုံး ၀ သွားရောက်ခွင့်မြပုဘဲ အခု လူ ၅ယောက်ထက်မပိုဘဲ သွားရောက်ဖူးမြော်ခွင့် ရရှိခဲ့တယ်လို့ ကိုလှိုင်က ပြောပါတယ်။

သွားရောက် ဖူးမြော်ရင်လည်း တာဝန်ရှိသူတွေကို အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

DVB

RangonNewsDaily:: September 30, 2013

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ
အတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သေဘာတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်ကပြောပါတယ်။

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ

Photo: ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
Monday, September 30, 2013

စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက်(၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်
ကို တွေ့ရှိရ

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
အန်ဂျလီနာ ဂျိုလီအနေဖြင့် ဒါရိုက်တာအဖြစ် သူမတာဝန်ယူထားသော Unbroken ဇာတ်ကား ရိုက်ကွင်းများကို ခေတ္တကျောခိုင်းကာ ကလေးများနှင့်အတူ ဩစတြေးလျတွင် အေးအေးလူလူ အချိန်ပေး အနားယူနေခဲ့ကြောင်း သိရသည်။ စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက် (၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်ကို တွေ့ရှိရသည်။ အသက်(၃၈)နှစ်ရှိ မင်းသမီးနှင့်အတူ (၉)နှစ်အရွယ် ပက်စ်၊ (၈)နှစ်အရွယ် ဇာဟာရာနှင့် (၇)နှစ်အရွယ် ရှာလိုတို့က ပျော်ရွှင်စွာ လိုက်ပါလာကြသည်။ 

ဂျိုလီတို့ သားအမိ (၄)ဦးသည် Bondi Junction ဈေးဝယ်စင်တာတွင် ကလေးများနှင့်အတူ လည်ပတ်ခဲ့သလို နေ့လယ်ပိုင်းတွင် Great Moscow ဆက်ကပ်ပွဲသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ဂျိုလီသည် In the Land of Blood and Honey ဇာတ်ကားအပြီး ဒုတိယမြောက် ဇာတ်ကားတစ်ခုကို ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ဆစ်ဒနီတွင် ရုပ်ရှင်ရိုက်နေခြင်း ဖြစ်သည်။ Unbroken ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ပစိဖိတ်တွင် လေယာဉ်ပျက်ကျပြီး အသက်ရှင်ခဲ့သည့် အိုလံပစ် အားကစားသမား တစ်ဦး၏ ရုန်းကန်ဖြတ်သန်းရမှုကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ 

ဂျိုလီနှင့် ကလေးများမှာ ဩစတြေးလျသို့ ရောက်ရှိနေချိန်တွင် သူမ၏ချစ်သူ ပစ်တ်မှာမူ ဗြိတိန်တွင် အလုပ်များလျှက် ရှိသည်။ ပစ်တ်သည်လည်း ဒုတိယကမ္ဘာစစ် နောက်ခံ ဇာတ်ကားတစ်ခုဖြစ်သော Furyတွင် ပါဝင်သရုပ်ဆောင်လျှက် ရှိသည်။ ယင်းဇာတ်ကားသည် စစ်ကြီး ပြီးဆုံးခါနီး နောက်ဆုံးနေ့ရက်များတွင် အမှုထမ်းခဲ့သည့် ရှားမန်းတင့်ကား တစ်စင်းအတွင်းမှ စစ်မှုထမ်းများ၏ အတွေ့အကြုံကို ရိုက်ကူးထားခြင်းဟု သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: September 30, 2013

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
အန်ဂျလီနာ ဂျိုလီအနေဖြင့် ဒါရိုက်တာအဖြစ် သူမတာဝန်ယူထားသော Unbroken ဇာတ်ကား ရိုက်ကွင်းများကို ခေတ္တကျောခိုင်းကာ ကလေးများနှင့်အတူ ဩစတြေးလျတွင် အေးအေးလူလူ အချိန်ပေး အနားယူနေခဲ့ကြောင်း သိရသည်။

ဂျပန်က ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန်သာ သုံးမည်ဟု ဆို

Photo: ဂျပန်က ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန်သာ သုံးမည်ဟု ဆို
Monday, September 30, 2013

ဂျပန်နိုင်ငံမှပေးအပ်မည့် ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက်သာ အသုံးပြုရန် စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပသော အဆင့်မီ မြို့ပတ်ရထား စတင်ပြေးဆွဲခြင်းကိစ္စနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရထားတွဲတွေ အဆင့်မြှင့်တင် ပြေးဆွဲရေးကတော့ အခုချက်ချင်းလက်ငင်း ဖြစ်လာနိုင်ရန် မလွယ်သေးဘူး။ နောက်ရလာတဲ့ ချေးငွေကလည်း ရထားတွဲတွေပါ အဆင့်မြင့်ဖို့၊ ဘူတာတွေ အဆင့်မြင့်ဖို့လောက်အထိ မရဘူး။ တဖြည်းဖြည်းချင်း လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ယခင်ဝန်ကြီးများ လက်ထက်က အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ ရရှိခဲ့သည့် ချေးငွေများနှင့် စက်ခေါင်းသစ်၊ လူစီးတွဲ၊ ကုန်တွဲများ ဝယ်ခြင်း၊ စက်ခေါင်း ထုတ်လုပ်သည့် စက်ရုံတည်ခြင်း၊ သင်တန်းကျောင်းများ အဆင့်မြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ ကြောင်း၊ ယခုရရှိမည့် ဂျပန်ချေးငွေကိုမူ လမ်းပိုင်း အဓိကထားကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန် မန္တလေး ရထားလမ်းပိုင်း အဆင်မြှင့်ရေးအတွက် ၁. ၇ ဘီလီယံ သုံးရန် စီစဉ်ထားကြောင်း၊ ကျန်ရှိငွေများကို မြို့ပတ်လမ်းပိုင်း အဆင့်မြင့်ရေး အတွက် သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ချေးငွေသုံးစွဲမှုနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည် ဖြေကြား ခဲ့သည်။

ထို့အပြင် မြေအောက်ရထား၊ မိုးပျံရထား ပြေးဆွဲရေး၊ ဘူတာများ အဆင့်မြှင့်ရေး အတွက် နိုင်ငံတကာမှ အကူအညီ ရယူရန် စီစဉ်ထားကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို တင်ပြပေးရန် နိုင်ငံ ၅ ခုကို ပြောကြားထားပြီး ဖြစ်ကြောင်း၊ အကောင်းဆုံး တင်ပြနိုင်သည့် နိုင်ငံနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဘူတာတွေမှာ အိမ်တွေပါ ပါမယ့် အလွှာလိုက် နေနိုင်မယ့် အဆောက်အဦးတွေ ဆောက်ဖို့ စီစဉ်ထားတယ်။ ဘယ်သူနဲ့ လုပ်မလဲ ကတော့ ရွေးတုန်းပဲမို့ မပြောတတ်သေးဘူးပေါ့။ ဒါလိုတွေလုပ်မှ ရထားစီးသူ များလာမယ်။ ဒီအတွက် လုပ်မှာပါ။ ပထမဆုံး ကတော့ လမ်းပိုင်း ပြင်ပါမယ်” ဟု ဦးသန်းဌေးက ဆက်ပြောသည်။

ရထားသံလမ်းပိုင်း အဆင့်မြှင့်တင်ရေးတွင် ပြေးလမ်းသစ် ထပ်မံရှာဖွေ သွားရန် အတွက်လည်း စီစဉ်ထားကြောင်း၊ လက်တွေ့တွင် ရထားလမ်းပိုင်း၌ အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ဖြတ်လမ်းပိုင်းများနှင့် အောက် ခံပိုင်းများအား အမြန် ပြေးဆွဲနိုင်ရေးအတွက် လဲလှယ်ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ သံလမ်းအနီးနားတွင် လူနေအိမ်များရှိခြင်း၊ ဈေးရောင်းချ နေခြင်းတို့ကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။

“ပထမအဆင့်ကတော့ ရထားသံလမ်းပိုင်းနားက လူတွေကို သူတို့ဟာ ကျူးကျော်တွေ ဆိုတာ အကြောင်း ကြားထားပါတယ်။ ဘယ်တုန်းက စနစ်ကြောင့် ဘယ်လိုတွေ ရောက်လာလဲဆိုတာ ပြန်စစ်ရမယ်။ ခက်တော့ ခက်တယ်။ ကျူးကျော်သူတွေက ကျူးကျော်နေတာကို မသိဘဲ ဆန္ဒပြမယ်ဆိုတော့ ဥပဒေ စိုးမိုးမှုက ပြောရခက်တယ်။ တခုကတော့ အခုသံလမ်းနားက အိမ်ယာ ဘယ်လောက် ကျူးကျော်နေတယ် ဆိုတာကို စာရင်း လိုက်ကောက်နေတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောရ စောသေးတယ်။ သေချာတာကတော့ စာရင်း စကောက်နေပါပြီ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် သံလမ်းတလျှောက် ဈေးရောင်းချခြင်း၊ အမှိုက်ပစ်ခြင်း တို့ကြောင့် လမ်းပိုင်း အဆင့်မြှင့်ရေးမှာ အခက်အခဲ များစွာရှိ နေကြောင်း သိရသည်။

“လူပေါက်စေ့တော့ ဝန်ထမ်းတွေက လိုက်မကြည့်နိုင်ဘူး။ အဆင့်မြင့်မြင့် စီးချင်ရင် တယောက်ချင်းစီက စည်းကမ်းရှိဖို့ လိုတယ်။ အကောင်းအတိုင်း စီးစေချင်လို့ ချပေးရင်တောင် ဖျက်ဆီးသွားတာတွေ၊ အမှိုက်မပစ်ရဆို ပစ်တယ်။ ဥုံဖွ မန်းပြီး လုပ်လို့မှ မရတာ။ ရှေ့ကလုပ်၊ နောက်က ဖျက်ဆီးဆိုလည်း မခံနိုင်ဘူး။ အခုက ရထားက မလုပ်လို့လို့ ပြောကြတယ်။

အကုန်လုံးကို နေ့စဉ်အလုပ် လိုက်ကြည့်စေချင်တယ်၊ မနိုင်တာ။ အမှိုက်ကောက် မနိုင်ဘူး၊ ရထားလမ်းပေါ် ဈေးရောင်း၊ရထားလာရင် ခါးလေးကော့ရှောင်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာ တော်တော် ခေါင်းခြောက်ရပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုမှ အဆင့်မမြင့်နိုင်ဘူး” ဟု ဦးသန်းဌေးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကြုံတွေ့နေရသော ယာဉ်ကျောပိတ်ဆို့မှုကို ကုစားနိုင်ရန်အတွက် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ စမ်းသပ်အနေဖြင့် တွဲဆိုင်း ၅ ဆိုင်းပါ ရထားတစီးဖြင့်သာ စတင် ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ နောက်ပိုင်းတွင် ထပ်တိုးကာ ပြေးဆွဲသွားရန် စီစဉ်ထာေးကြာင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် စတင်ပြောင်းလဲ ပြေးဆွဲမည့် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို လူတဦးလျှင် ၄၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား တဦး လျှင် ၂ ဒေါ်လာ နှုန်းဖြင့် လာမည့် အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင် ပစ္စည်း ဝန်စည်စလယ်များ တင်ဆောင်ခွင့်မပေးဘဲ လူစီး သီးသန့်သာ လက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

“ပြေးဆွဲမှုတခေါက်ကို ငွေကျပ် ၁ သိန်းကျော် ရှုံးပါတယ်။ ရထားဝန်ကြီးဌာနရဲ့ လုပ်ငန်းပိုင်းအရ ပထမဆုံး အနေနဲ့ စတင်လုပ် ဆောင်တာပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ နည်းပညာနဲ့ ငွေကြေးပိုင်းကို ဝန်ကြီးဌာနကနေ တာဝန်ယူပြီး လုပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေက မပါဝင်ဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ တွဲတွေ ရေရှည်ခံဖို့ ပြည်သူတွေက ဝိုင်းထိန်း ပေးစေချင်တယ်” ဟု ဦးသန်းဌေးက ပြောသည်။

အဆိုပါ ရထားတွဲမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ချက်ချင်းရပ်တန့်နိုင်သည့် တစီးတည်းသော ရထားဖြစ်ပြီး သန့်စင်ခန်းမှာ လည်း ယခင်စနစ်များကဲ့သို့ မဟုတ်သည့် လေယာဉ်ပျံများတွင် သုံးသော ပြန်သိမ်းစနစ်ကို သုံးစွဲထားကြောင်း သိရသည်။

“ဘူတာက ၁၃ ဘူတာပဲ ရပ်မယ်။ မြို့တပတ်ကို အရင်က ပတ်ရင် ၂ နာရီ မိနစ် ၅၀ ကြာတယ်။ ဒီရထားက အရင် ရထားတွေ ပြေးချိန်ထက် ၃၅ မိနစ် ပိုသက်သာတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိ ပြေးဆွဲနေသည့် မြို့ပတ်ရထားများတွင် ကုန်စည် တင်နိုင်ရန်အတွက် ကုန်စည်တွဲများကို ချိတ်သွားရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင်သာ ကုန်စည်များ တင်ရမည်ဖြစ်ပြီး တခြား တွဲများတွင် ကုန်စည်တင်ခွင့်ကို အောက်တိုဘာလမှ စ၍ ခွင့်မပေးတော့ကြောင်း၊ ကုန်စည်တွဲများကို ရုံးချိန်တွင်း ဆွဲသည့် မနက် ၈ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီ စသည့် ရထား နှစ်စင်းမှ လွဲ၍ ကျန်အချိန် ပြေးဆွဲသည့် မြို့ပတ်ရထားတိုင်းတွင် ချိတ်ဆွဲသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ရှင်းပြသည်။

စတင်ပြေးဆွဲမည့် အဆင့်မီ မြို့ပတ်ရထားများကို အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန်မြို့ပတ် အဖြစ် အောက်တိုဘာ ၆ ရက်နေ့မှ ၈ ခေါက်စီ စတင် ပြေးဆွဲမည် ဖြစ်ကာ ဘုရားလမ်းဘူတာ၊ ကြည့်မြင်တိုင် ဘူတာ၊ ကမာရွတ် ဘူတာ၊ သမိုင်း ဘူတာ၊ အင်းစိန် ဘူတာ၊ ဒညင်းကုန်း ဘူတာ၊ မင်္ဂလာဒုံ ဘူတာ၊ ပုရွက်ဆိတ်ကုန်း ဘူတာ၊ ရထားကလေး ဘူတာ၊ ကံဘဲ့ဘူတာ၊ မလွှကုန်း ဘူတာ၊ ပုစွန်တောင် ဘူတာနှင့် ရန်ကုန်ဘူတာကြီး တို့တွင်သာ ရပ်သွားမည်ဖြစ်ပြီး လပေး စီးနင်းမှုများကိုလည်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေပြီဖြစ်သည့် အဆင့်မီ မြို့ပတ်ရထားသစ် (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)
ရန်ကုန်မြို့တွင်း ပြေးဆွဲနေပြီဖြစ်သည့် အဆင့်မီ မြို့ပတ်ရထားသစ် (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)
RangonNewsDaily:: September 30, 2013

ဂျပန်နိုင်ငံမှပေးအပ်မည့် ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက်သာ အသုံးပြုရန် စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁.၁ သန်းတန် နာမည်ကျော် Mclaren P1

Photo: အမေရိကန်ဒေါ်လာ ၁.၁ သန်းတန် နာမည်ကျော် Mclaren P1
Monday, September 30, 2013

နာမည်ရဈေးကြီးပြိုင်ကားတွေထဲမှာ McLaren Automotive ကထုတ်တဲ့
McLaren P1 ကိုလည်းမေ့ထားလို့မရပါဘူး။နာမည်ကျော် Mclaren ရဲ့ 
Formula One(F1)ကားရဲ့ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဒီကား
ဟာ ပြိုင်ကားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အတွင်းပိုင်းမွန်းမံမူကအစ F1 ပုံစံ အတိုင်းအစီစဉ် တကျ မွန်းမံထားတယ်လို့ဆိုပါတယ်။

McLaren M838T twin-turbo ကို ၃.၈ လီတာ၊ဆလင်ဒါ ၈ လုံး၊V အင်ဂျင်
ပုံစံတည်ဆောက်ထားပါတယ်။ ဂီယာ-၇ ချက်အော်တို၊လက်ထိုးနှစ်မျိုးအသုံး
ပြုထားပေမယ့် F-1 နည်းပညာကို အခြေခံထားတဲ့ အတွက် စတီယာရင်
မှာ ဂီယာအတင်၊အချကို လက်မနဲ့ ထိန်းချုပ်လွယ်ကူ အောင်တပ်ဆင်ပေး
ထားပါတယ်။

Plug-in Hybrid အမျိုးအစားဖြစ်ပြီး စုစုပေါင်းမြင်းကောင်ရေ 903 bhp အထိ
ထုတ်လုပ်နိုင်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်ကတော့ ၃ စက္ကန့် အတွင်းကို ကီလိုမီတာ ၁၀၀(၆၂ မိုင်နှုန်း)၊ ၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၂၀၀(၁၂၄ မိုင်နှုန်း)၊ ၁၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၃၀၀(၁၈၆ မိုင်နှုန်း) အထိအရှိန်မြင့်တင်နိုင်ပါတယ်။အမြန်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ
ကီလိုမီတာ ၃၄၉(မိုင် ၂၁၇)အထိ အရှိန်မြင့်မောင်းနှင်လို့ရပါတယ်။

၂၀၁၃ မော်ဒယ်လ်ဆိုပြီး Paris Motor Show မှာမိတ်ဆက်ပြသခဲ့သလို စုစု
ပေါင်းအစီးရေ ၃၇၅ စီးသာထုတ်လုပ်တဲ့ဒီကားဟာ ကြေငြာချက်အရ အစီးရေ ၂၅၀ ရောင်းချပြီးဖြစ်ကြောင်းဆိုထားပါတယ်။

တံခါးနှစ်ပေါက် Two-Door အမျိုးအစားနဲ့ မြင်တွေ့ရတဲ့ ဒီကားကို အမေရိကန်ဒေါ်လာ ၁.၃ သန်း တန်ကြေးရှိ ဈေးကြီးကားဖြစ်ကြောင်း သိရပါတယ်။

Ref:wiki
Stuff Myanmar Magazine

RangonNewsDaily:: September 30, 2013

နာမည်ရဈေးကြီးပြိုင်ကားတွေထဲမှာ McLaren Automotive ကထုတ်တဲ့
McLaren P1 ကိုလည်းမေ့ထားလို့မရပါဘူး။နာမည်ကျော် Mclaren ရဲ့ 
Formula One(F1)ကားရဲ့ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဒီကား
ဟာ ပြိုင်ကားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အတွင်းပိုင်းမွန်းမံမူကအစ F1 ပုံစံ အတိုင်းအစီစဉ် တကျ မွန်းမံထားတယ်လို့ဆိုပါတယ်။

မိုဘိုင်းဖုန်း Software ၀န်ဆောင်မှုများ အတွက် SOC Corner များဖွင့်လှစ်မည်

RangonNewsDaily:: September 30, 2013

မိုဘိုင်းဖုန်းများအတွင်းမြန်မာစာ စနစ် နှင့် ဂိမ်း App များကို ဈေးနှုန်း သက်သာစွာဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း SOC Mobile Service Corner မှ သိရသည်။ အဆိုပါ Corner များကို လက်ရှိတွင် စမ်းချောင်း ၊ သင်္ဃန်းကျွန်း နှင့် တာမွေ ABC ဆိုင်များတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး Mobile Software ၀န်ဆောင်မှုများကို နာရီပိုင်းအတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

သံတွဲမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု နိုင်ငံတကာမီဒီယာ အများစုကဖော်ပြနေ



RangonNewsDaily:: September 30, 2013
သံတွဲအကြမ်းဖက်ခံရမှုသတင်း နိုင်ငံတကာ သတင်းမီဒီယာတွေ ဖြစ်တဲ့Bangkokpost, Tribune,
ABC, FoxNews, Reuters တို့ မှာ တက်ပါပြီ။ အရင်ကလို သတင်းအမှောင်ချထားပြီး ကမ္ဘာကိုလိမ်ချင်တိုင်းလိမ်လို့ မရတော့ဘူး ဆိုတာ စစ်အရည်ခွံလဲ အစိုးရ သိထားပါ။

သံတွဲအကြမ်းဖက်ခံရမှုနှင့် နောက်ဆုံးရသတင်းအချက်အလက်များ

RangonNewsDaily:: September 30, 2013
နောက်ဆုံး ရသတင်းအဖြစ် တနိုင်ငံလုံး သိစေရန် အလို့ငှာတင်ပြ ပေးလိုက်ပါသည်။အချေအတင် စ
ကားများပြောဆိုမိသူဟာဂျီ ဦးကျော်ဇံလှကို အာမခံဖြင့် လွှတ်ပေးထား သည်ကို မကျေနပ်သော ရခိုင်
အကြမ်းဖက်သမားများသည်၎င်းတို့ အလိုကျ ထောင်ချအပြစ်မပေးလျှင် ဖျက်ဆီးမှုများဟထပ်မံပြု
လုပ်မည်ဟု ခြိမ်းခြောက်နေသည် ဟု သတင်းရသည်။

အကြမ်းဖက်မှုခံခဲ့ရတဲ့ သံတွဲမြို့ နောက်ဆက်တွဲ ယနေ့ အခြေအနေ

RangonNewsDaily:: September 30, 2013
သံတွဲ ။ ။ မနေ့ညနေပိုင်းမှစတင်၍ အကြမ်းဖက်မီးရှို့ခံရသော သံတွဲမြို့တွင် ထပ်မံ၍ အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေများ ဖန်တီးနေပြီး အကြမ်းဖက်မှုများအား ညနေပိုင်းတွင် ပြန်လည် စတင်လာနိုင်မည်ဟု သံတွဲ မြို့ခံများမှ စိုးရိမ်နေကြောင်း သိရပါတယ်။

လာမည့် ကျောင်းဖွင့်ရာသီ ပြဋ္ဌာန်းစာအုပ်တန်ဖိုး နှစ်ဆတက်မည်

RangonNewsDaily:: September 30, 2013
လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အ
ထက်တန်းအဆင့် အတန်းများအတွက် ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆ တက်မည် ဖြစ်
ကြောင်းပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်