Pages

Monday, September 30, 2013

မိုဘိုင်းဖုန်း Software ၀န်ဆောင်မှုများ အတွက် SOC Corner များဖွင့်လှစ်မည်

RangonNewsDaily:: September 30, 2013

မိုဘိုင်းဖုန်းများအတွင်းမြန်မာစာ စနစ် နှင့် ဂိမ်း App များကို ဈေးနှုန်း သက်သာစွာဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း SOC Mobile Service Corner မှ သိရသည်။ အဆိုပါ Corner များကို လက်ရှိတွင် စမ်းချောင်း ၊ သင်္ဃန်းကျွန်း နှင့် တာမွေ ABC ဆိုင်များတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး Mobile Software ၀န်ဆောင်မှုများကို နာရီပိုင်းအတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

မြန်မာစာ စနစ် ထည့်သွင်းခြင်းအတွက် ငွေတစ်ထောင်ကျပ် သာ ကျသင့်မည်ဖြစ်ပြီး App များ အတွက် တစ်ခုလျင် သုံးရာကျပ် ကျသင့်မည်ဖြစ်သည်။

ထို့အပြင် RingTune Service များ ၊ Firmware အသစ် မြှင့်ခြင်းများကိုလည်း ၀န်ဆောင်မှုပေးသွားမည်ဖြစ်
သည်။

သုတလင်း
Popular Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment