Pages

Monday, September 30, 2013

အကြမ်းဖက်မှုခံခဲ့ရတဲ့ သံတွဲမြို့ နောက်ဆက်တွဲ ယနေ့ အခြေအနေ

RangonNewsDaily:: September 30, 2013
သံတွဲ ။ ။ မနေ့ညနေပိုင်းမှစတင်၍ အကြမ်းဖက်မီးရှို့ခံရသော သံတွဲမြို့တွင် ထပ်မံ၍ အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေများ ဖန်တီးနေပြီး အကြမ်းဖက်မှုများအား ညနေပိုင်းတွင် ပြန်လည် စတင်လာနိုင်မည်ဟု သံတွဲ မြို့ခံများမှ စိုးရိမ်နေကြောင်း သိရပါတယ်။ "ဒီနေ့ မနက်ပိုင်း ၁၀-နာရီလောက်ကတည်းက သံတွဲ မြို့ပြင်ဘက်မှာ လူစုနေကြတယ်။ သံတွဲမြို့ပြင်က ဗောဓိကုန်း ဘုန်းကြီးကျောင်းမှာ လူစုနေကြတာ။ သံတွဲမြို့ ဈေးထဲက ဘာသာခြား ဆိုင်ပိုင်ရှင်တချို့လည်း သူတို့ပစ္စည်းတွေကို မြို့ပြင်ကို သယ်ထုတ်နေကြတယ်။

ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ဗုဒ္ဓဘာသာ မိတ်ဆွေတချို့ကပြောတယ် ကျွန်တော်တို့ ခဏလောက် ရှောင်နေကြပါတဲ့။ ဘယ်လိုလုပ်ပြီး ဘယ်သွားရှောင်နေရမှာလဲဗျာ။
::
အခု ညနေ နေ၀င်ချိန်မှာမှာ အကြမ်းဖက်မှုတွေ ပြန်လုပ်မယ်လို့ ပြောနေကြတယ်။ အခုလို ထပ်ဖြစ်လာတာက စစ်တပ်က မထိန်းလို့ဗျ။ မနေ့ကတည်းက သူတို စစ်တပ်ချထားတဲ့ ကင်းရှေ့မှာ ဖြစ်နေကြတာ သူတို့မထိန်းဘူး။

ကျွန်တော်တို့ သံတွဲမြို့ကလူတွေ စိုးရိမ်နေကြသလို အဝေးရောက်မိသားစုတွေလည်း ပူပင်သောကရောက်နေတယ်။ ဒီကြားထဲ ဖုန်းလိုင်းတွေက ဖြတ်လို့ အဆက်သွယ်ပြတ်တာတွေကလည်း ရှိသေးတယ်။ အခုလည်း ဒီနေ့ညနေ နေ၀င်ချိန်ကို လုပ်မယ်တဲ့။ ဘယ်သူတွေက ဘယ်လို ထိန်းပေးကြမှာလဲ။
::
အခုလို ဖြစ်နေတာတွေကိုကျွန်တော်တို့ပြောပြစရာလူလည်းမရှိဘူး။ဒီတော့မီဒီယာတွေကပဲ အချိန်နဲ့ တပြေး
ညီတင်ပြပေးပါ။"လို့ M-Media ကို ဆက်သွယ်ပြောကြားလာပါတယ်။

ထွန်းတောက်
M-Media::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment