Pages

Monday, September 30, 2013

Call Center ၏ Hot Line နံပါတ်တစ်ခု ထပ်တိုး

Photo: Call Center ၏ Hot Line နံပါတ်တစ်ခု ထပ်တိုး
Monday, September 30, 2013

1876 Call Center မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော Hot Line နံပါတ်ဝန်ဆောင်မှုအချို့ ထပ်တိုးလိုက်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  
1877 Hot Line ဝန်ဆောင်မှု ထပ်တိုးလိုက်ခြင်းဖြစ်ပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများကို အဆိုပါ Hot Line သို့ ဆက်သွယ်နိုင်မည်ဟုဆိုသည်။ “1877 Hot Line နံပါတ်မှာ အိမ်ခြံမြေအထွေထွေလုပ်ငန်း ဝန်ဆောင်မှုတွေ၊ အသက်အာမခံနဲ့ အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုတွေပါရှိမှာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ 1876 Call Center မှ သတ်မှတ်နံပါတ်များအလိုက် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ ဥပဒေရေးရာဆိုင်ရာဝန်ဆောင်မှုများကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပြီး ယခုဝန်ဆောင်မှုမှာ အိမ်၊ ခြံ၊ မြေနှင့် အာမခံဆိုင်ရာကို အဓိကထား မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
1877 Hot Line ၏ လိုင်းခွဲနံပါတ် 1-1 တွင် အသင့်နေတိုက်ခန်းများ၊ တိုက်ခန်းအလွတ်များ၊ ကွန်ဒိုများ၊ အသင့်နေလုံးချင်းအိမ်ရာများ၊ မြေကွက်များနှင့်ပတ်သက်၍ ရောင်းလို ဝယ်လိုသည်များကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။ ရောင်းချရန် ဆက်သွယ်ထားသူများအတွက် စာတိုပို့စနစ်ကြော်ငြာကို အသုံးပြု၍ Marketing ပြုလုပ်ခြင်း၊ Call Center Facebook နှင့် Website များကို အသုံးပြု၍ ရောင်းချနိုင်ရန်ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်မည်ဟု သိရသည်။ 1877 Hot Line ၏ လိုင်းခွဲနံပါတ်1-2 တွင် အသက်အာမခံနှင့် အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများကို ခေါ်ဆိုမေးမြန်းနိုင်မည်ဟု ဆိုသည်။
 
ယခုလတတိယပတ်မှ စတင်ကာ တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 1877 Hot Line သို့ခေါ်ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်ဖြစ်၍ Call Center သို့ ခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် စုစုပေါင်း ၈၀ ကျပ် ကျသင့်မည် ဖြစ်သည်။ အဆိုပါ Call Center အနေဖြင့် 1876, 1875 စသည့် Hot Line များကိုလည်း ခေါ်ဆိုကာ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အိမ်တိုင်ရာရောက် ကားလက်မှတ် ပို့ဆောင်ပေးသည့်စနစ်၊ ဗေဒင်ဆိုင်ရာဝန်ဆောင်မှုများ အစရှိသည်တို့ကို သတ်မှတ်လိုင်းခွဲနံပါတ်များအတိုင်း ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်သည်။
 
ထွန်းထွန်း
Popular Journal

RangonNewsDaily:: September 30, 2013

1876 Call Center မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော Hot Line နံပါတ်ဝန်ဆောင်မှုအချို့ ထပ်တိုးလိုက်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 1877 Hot Line ဝန်ဆောင်မှု ထပ်တိုးလိုက်ခြင်းဖြစ်ပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများကို အဆိုပါ Hot Line သို့ ဆက်သွယ်နိုင်မည်ဟုဆိုသည်။ “1877 Hot Line နံပါတ်မှာ အိမ်ခြံမြေအထွေထွေလုပ်ငန်း ဝန်ဆောင်မှုတွေ၊ အသက်အာမခံနဲ့ အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုတွေပါရှိမှာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ 1876 Call Center မှ သတ်မှတ်နံပါတ်များအလိုက် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ ဥပဒေရေးရာဆိုင်ရာဝန်ဆောင်မှုများကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပြီး ယခုဝန်ဆောင်မှုမှာ အိမ်၊ ခြံ၊ မြေနှင့် အာမခံဆိုင်ရာကို အဓိကထား မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

1877 Hot Line ၏ လိုင်းခွဲနံပါတ် 1-1 တွင် အသင့်နေတိုက်ခန်းများ၊ တိုက်ခန်းအလွတ်များ၊ ကွန်ဒိုများ၊ အသင့်နေလုံးချင်းအိမ်ရာများ၊ မြေကွက်များနှင့်ပတ်သက်၍ ရောင်းလို ဝယ်လိုသည်များကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။ ရောင်းချရန် ဆက်သွယ်ထားသူများအတွက် စာတိုပို့စနစ်ကြော်ငြာကို အသုံးပြု၍ Marketing ပြုလုပ်ခြင်း၊ Call Center Facebook နှင့် Website များကို အသုံးပြု၍ ရောင်းချနိုင်ရန်ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်မည်ဟု သိရသည်။ 1877 Hot Line ၏ လိုင်းခွဲနံပါတ်1-2 တွင် အသက်အာမခံနှင့် အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများကို ခေါ်ဆိုမေးမြန်းနိုင်မည်ဟု ဆိုသည်။

ယခုလတတိယပတ်မှ စတင်ကာ တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 1877 Hot Line သို့ခေါ်ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်ဖြစ်၍ Call Center သို့ ခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် စုစုပေါင်း ၈၀ ကျပ် ကျသင့်မည် ဖြစ်သည်။ 
 
အဆိုပါ Call Center အနေဖြင့် 1876, 1875 စသည့် Hot Line များကိုလည်း ခေါ်ဆိုကာ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အိမ်တိုင်ရာရောက် ကားလက်မှတ် ပို့ဆောင်ပေးသည့်စနစ်၊ ဗေဒင်ဆိုင်ရာဝန်ဆောင်မှုများ အစရှိသည်တို့ကို သတ်မှတ်လိုင်းခွဲနံပါတ်များအတိုင်း ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်သည်။

ထွန်းထွန်း
Popular Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment