Thursday, January 31, 2013
ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့်
မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့် ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။
X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့တဲ့ ကိုဖြိုးဝေအောင် နဲပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
ဖြစ်သော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့
ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီ
အထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။
မော်တော်ဆိုင်ကယ်ကို အသုံးပြု၍ ကုန်းရေ နှစ်သွယ်သွား မော်တော်ဘုတ် တစ်စင်း တရုတ် ငါးဖမ်းသမား တစ်ဦး တည်ဆောက်
ပါ အသုံးပြု နိုင်သည့် ကုန်းရေ နှစ်သွယ်သွားယာဉ် တစ်စင်းကို တီထွင် ထုတ်လုပ် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ကချင်လူမျိုးများအပေါ် ဗမာအစိုးရတပ်များ လူမဆန်စွာ သတ်ဖြတ်
ဇန်န၀ါရီ (၃၀) ဗုဒ္ဓဟူး
မြစ်ကြီးနားမှ ၂၄ မိုင်အကွာရှိ မရမ့်ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ် အတွင်း သို့ မနေ့ည ဇန်န၀ါရီ ၂၉ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင်သေနတ်ကြီးကျည်ဆံ ကျရောက်ကာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အစိုးရ အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်းမသိရသေး သော် လည်း မြန်မာ အစိုးရမှ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။