Pages

Wednesday, July 29, 2020

Desktop မှာ ယူနီကုဒ် ပြောင်းပြီး Zawgyi ကော၊ Unicode ပါ ဆက်သုံးနည်း


RangonNewsDaily::Wednesday, July 29, 2020
ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဒီတစ်ခေါက်ကတော့ အောင်မြင်မှု အရှိဆုံးပါပဲ။ ဒီလိုအောင်မြင်ခဲ့တာ Facebook က Facebook app မှာ Zawgyi, Uni နှစ်မျိုးလုံးဖတ်နိုင်အောင်လုပ်ပေးလို့ အခက်အခဲမရှိ ပြောင်းနိုင်ကြတာရယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းစကားကြောင့်ရယ်လို့ ဆိုရင် မမှားပါဘူး။
Facebook မှာတော့ ယူနီကုဒ်ပြောင်းနည်းတွေက ဖုန်းတွေအတွက်တော့ ပေါပေါများများပါပဲ၊ ဒါပေမယ့် Desktop အတွက် ပြောင်းဖို့နည်းလမ်းကိုတော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် ရုံးတွေ၊ ရုံးတွေမှာ ယူနီကုဒ်ပြောင်းဖို့ အခက်တွေ့နေကြမှာစိုးလို့ ဒီနည်းလမ်းလေးကို Myanmar Web Designer (MWD) Co., Ltd. က မျှဝေလိုက်ရတာပါ။
Desktop မှာ Unicode ရေးနိုင်၊ ဖတ်နိုင်ဖို့အတွက် အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ⬇⬇
➡ Zawgyi install လုပ်ထားတာရှိရင် Remove (သို့) Uninstall ပြုလုပ်ပါ။ (ဆယ်စုနှစ်တစ်ခုကျော် အင်တာနက်မှာ မြန်မာစာ အသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဇော်ဂျီရေ)
➡ ယူနီကုဒ်ရေးဖို့ keyboard လိုပါတယ်၊ ဖတ်ဖို့အတွက် font လိုပါတယ်။ ဒါပေမယ့် software တစ်ခု download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ ဒီ ၂ခုလုံးအဆင်ပြေပါတယ်။ http://www.unicodetoday.org/downlo…/All-in-One-Setup-5.2.exe ကို download လုပ်ပြီးတော့ install လုပ်လိုက်ပါ။ အောက်မှာဆက်ပြောတာတွေနဲ့ တူဖို့အတွက် ဘာ setting မှ အထူးတလည်မပြောင်းပါနဲ့။ Next တွေပဲနှိပ်သွားပါ။
➡ Install လုပ်ပြီးရင်တော့ keyboard အတွက် Pyidaungsu MM, ဇတ်ကုဒ် (ဇော်ကုဒ်), my-Win 2.3.0 Unicode 5.2, မြန်စံ (Smart), ဇော်ဂျီ ဆိုပြီး Keyboard (၅)မျိုး ပါပါတယ်။
Install လုပ်လိုက်ပြီဆိုရင်တော့ ရင်းနှီးပြီးသား Zawgyi လက်ကွက်နဲ့ပဲ Zawgyi ကော Unicode ပါ ရိုက်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပါတဲ့ Keyboard (၅) မျိုးထဲက Unicode ရိုက်ဖို့ဆိုရင် ဇတ်ကုဒ် (ဇော်ကုဒ်) ကိုရွေးပါ။ Zawgyi ရိုက်ဖို့ဆိုရင် ဇော်ဂျီ ကိုရွေးပြီး ရိုက်ရုံပါပဲ။ Keyboard shortcut နဲ့ရွေးမယ်ဆိုရင်တော့
Ctrl + Shift
————–
အရင်ကလိုပဲ အင်္ဂလိပ်နဲ့ မြန်မာစာ အပြန်အလှန်ပြောင်းဖို့ သုံးရတဲ့ shortcut ပါ။
Ctrl + Space
—————-
ပါဝင်တဲ့ Keyboard (၅) မျိုးလုံးကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ Keymagic မှာဆိုရင် Keyboard (၅)မျိုးတောင် ပါဝင်တာမို့ ကိုယ်မလိုအပ်တဲ့ Keyboard များကို Remove ပြုလုပ်ထားလို့ရပါတယ်။ Remove လုပ်ထားတဲ့အခါ keyboard ပြောင်းရင် Ctrl + Space ခဏခဏနှိပ်ဖို့မလိုတော့ဘူးပေါ့။
အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ယူနီကုဒ်စနစ်ကြီးကို မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီ post ကိုဖုန်းနဲ့ဖတ်နေတာဆိုရင် computer ရှေ့ရောက်တဲ့အခါ ပြန်ကြည့်ဖို့ share လုပ်ထားလိုက်ပါ။
PC မှာ ယူနီကုဒ်မပြောင်းဖြစ်သေးတဲ့သူတွေ သင့် Friend ထဲမှာ ရှိနေမယ်ဆိုရင်လည်း Share ပေးဖို့ မမေ့နဲ့နော်။
Credit::myanmarwebdesigner