Pages

Wednesday, December 19, 2012

ရှေ့တန်းတွင် ကျဆုံးသွားသော စစ်သားတစ်ယောက်၏ မိခင်တစ်ဦး မှ သမ္မတထံ ပေးစာ

ရှေ့တန်းတွင် ကျဆုံးသွားသော စစ်သားတစ်ယောက်၏ မိခင်တစ်ဦး မှ သမ္မတထံ ပေးစာ

သမ္မတကြီးရှင့်…

နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက် အယှက် ဖြစ်စေလိုတဲ့စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက် မိပါတယ်။ ကျွန်မဟာ တိုင်းပြည် အတွက် ခြေတစ် ဖက် စွန့်ထား သူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည် အတွက် အလုပ် အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။

ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေး တံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ် ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည် နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီး တို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။ ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ် တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မ အမျိုးသား ဟာ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သား ငယ်လေးဟာ ကချင်ပြည် နယ်မှာ အသက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သားငယ်ဟာ အသက် စွန့်ပြီး စီးပွားရေး လုပ်ခဲ့ တာ မဟုတ် ပါဘူး။

တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မ တကြီး တို့ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည် နယ်ေ တွ ပါဝင် တဲ့ မြန်မာနိုင်ငံ မြေပုံ ကြီး ဖြစ်အောင် မွေးရပ်မြေ ကို စွန့်ခွာပြီး အသက်စွန့် တာဝန်ထမ်းေ ဆာင်နေ တဲ့ မြန်မာနိုင် ငံရဲ့ တပ်မတော် သားတွေပါရှင်။ အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။

ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီးထမ်းဆောင်ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော် ရွှင် ရွှင် ဖြတ် သန်းချိန်မှာ ကျွန်မသား အတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော် ရဲဘက်တွေပဲ ဖြစ်ခဲ့ ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲေ တွ ကို နှစ်ပေါင်း များစွာ မိသားစုနဲ့ အတူ ပျော်ရွှင်ခွင့် မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန် ဆုံဖို့ အခွင့် အရေးကို ဆုံးရှုံးခဲ့ရပါပြီ။

နိုင်ငံကြီးတစ်ခုက စစ်သား တစ်ယောက်ဟာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မ လုံေ လာက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေးေ တာင်း ဆို လို့ အစိုးရက ဖြေရှင်းခဲ့ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ် ငတ် အပြတ်ပြတ် တာဝန် ထမ်းဆောင် တဲ့ တပ်မ တော် သားတွေအတွက် သမ္မတကြီးတို့ အစိုးရ အဖွဲ့မှာ တာဝန် မရှိဘူးလို့ သမ္မတကြီး ယူဆပါလား လို့ ကျွန်မ တကယ် မေးလိုက် ချင်တယ်။ စစ်သား ဘ၀ကို ဖြတ်သန်းပြီးမှ သမ္မ တဖြစ် လာတဲ့ သမ္မတကြီး တို့လို လူကြီး တွေက တပ်မတော်သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ် ပါဘူးလား။ မာနယ်ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်းနိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင် လက်နက်ကိုင်ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါသ လား။

ကချင် ထိုးစစ်ရပ် ဆိုလို့ ရပ်ထားခဲ့ ရတယ်တဲ့။ ဒါဆို ထိုးစစ်ရပ် ဆိုတဲ့ ကာလမှာ ကျွန်မ သား ဟာ ရန်သူ့ရဲ့ ကျည်ဆံအောက်မှာ ကျဆုံးခဲ့ ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေး သာ စစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မ သား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်းနေ ရမှာပါ။ ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မ သားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတ ကြီးရဲ့ ထိုးစစ် ရပ်ဆိုတဲ့ စကားေ ကြာင့် ဆို တဲ့ အတွေး ကလည်း ကျွန်မကို နှိပ်စက်နေပါတယ်။ သမ္မတကြီးရဲ့ အမိန့်ကို ကာကွယ်ရေး ဦးစီး ချုပ် က နာခံပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။

ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလို အပ် ဘူး။ ကေအိုင်အေပဲ လိုအပ်တယ် ဆိုရင် ကချင်ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်း လိုက်ပါတော့လား။ ဒါဆို ကျွန်မ သားလို ကျည် တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော် သားတွေ မရှိနိုင်တော့ဘူး မဟုတ် လား ရှင်။ အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သားတွေဟာ သူရဲကောင်းတွေပါ။ သူရဲကောင်းတို့ အသက်စွန့်ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူတွေပါ။

သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင် မှာ သေဆုံးတုန်း ကတောင် အမေရိကန် သမ္မတ က သူ့မိသားစု တွေဆီကို ၀မ်း နည်းကြောင်း ပို့ပေးခဲ့ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အသက် ပေးခဲ့ရသူတွေ အတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့်ဘူး လားလို့ မေးချင်ပါတယ်။ ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာတစ်ဖက်၊ ခံပြင်းတာ တစ်ဖက်မို့ အရူး တစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင် ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီး တို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။ သမ္မတကြီးကို အားကိုးယုံကြည်လျှက်။

ကျွန်တော်ထပ်ဖြည့်ပါရစေ....

ဒီပေးစာကို ကျွန်တော် ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲမှာ
ဖော်မပြနိုင် ပြောမပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားလိုက်ရပါတယ်

တစ်ကယ်တော့ စစ်သားတိုင်းဟာ စစ်ကို မလိုကြပါဘူး ဒါကို တစ်ချို့တွေက
မြို့ပေါ်မှာနေ လမ်းပေါ်ထွက် ပြီး စစ်ပွဲတွေရပ်ပေးပါလို့ အော်နေတဲ့သူတွေကို
ကျွန်တော် စကားတစ်ခွန်းလောက် ပါးလိုက် ပါရစေ အဲဒါကတော့

စစ်ပွဲကို လိုလားသော စစ်သားမှာ နယ်ချဲ့တွေပဲ ရှိပါတယ်လို့..ပြောလိုက်ပါရစေ.....

From:OppositeEyE


သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကိုမအားလပ်နိုင်အောင်ထမ်းဆောင်နေရတဲ့သမ္မတကြီးကို အနှောက် အယှက် ဖြစ်
စေလိုတဲ့စိတ် မရှိပေမယ့် ကျွန်မဒီစာကို ရေးလိုက်မိပါတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် ခြေတစ် ဖက်
စွန့်ထား သူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည်အတွက် အလုပ်
အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။

အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်

အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်  

အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နှစ်ညအိပ် သုံးရက်ခရီးဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်သည် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ မိတ်ဖက်ဖြစ်မှု နှစ် (၂၀) ပြည့်မြောက်သောနှစ် ဖြစ်သည်။

အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်မှာ "ASEAN-India Partnership for Peace and Shared Prosperity" ဖြစ်ကြောင်းနှင့် အဆိုပါထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် လုပ်ဆောင်ဖွယ်ရာများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့သည်။ အဆိုပါခရီးသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

Eleven


ဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် နိုင်ငံတော်မ္မတဦးသိန်းစိန် 
အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှတာဝန်ရှိသူ
တစ်ဦးက ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားခဲ့သည်။

စီးပွားရေးလုပ်မည်ဆိုက ဆရာဝန်မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်စဉ် ဆရာဝန် အချို့ ကို ပြောကြား

စီးပွားရေးလုပ်မည်ဆိုက ဆရာဝန်မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်
ပြောကြား


ဆရာဝန်လုပ်မည်ဆိုပါက စီးပွားရေးကို မကြည့်ဘဲ၊ စီးပွားရေးလုပ်မည် ဆိုလျှင်လည်း ဆရာဝန်လောက အတွင်းသို့ ဝင်ရောက်မလာသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်စဉ် ဆရာဝန် အချို့ကို ပြောကြားသွားသည်။ “စီးပွားရေး လုပ်ချင်တာလား။ ပိုက်ဆံလိုချင်ရင် ဆရာဝန် မလုပ်နဲ့၊ ပိုက်ဆံလိုချင်လို့ ရှိရင် စီးပွားရေးပဲ လုပ်ပါ။ ဆရာဝန်ဖြစ်လာရင် ပိုက်ဆံရှာလို့ မဖြစ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လေ့လာစဉ် တာဝန်ကျ ဆရာဝန်ငယ်များအား ဆေးရုံ အုပ်ကြီးနှင့် တာဝန်ကျ ဆရာဝန်များ ရှေ့တွင် ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ဆရာဝန်ငယ်အချို့သည် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ချိန်မှာ ၃ လသက်တမ်းသာ ရှိသေးကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနများ၊ ရေအိမ်သန့်ရှင်းမှုရှိ မရှိနှင့် လေဝင်လေထွက် ကောင်းမွန်ခြင်းရှိ မရှိ၊ ဆေးရုံ သန့်ရှင်းရေး စသည်တို့အပြင် တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များအား အဆင်ပြေမှုရှိ မရှိ မေးမြန်းခဲ့ပြီး ဆေးရုံရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကိုပါ မေးမြန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော် အပါအဝင် တာဝန်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံကြီးအတွက် အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အစည်းအဝေးခန်း တွင် ခေတ္တတွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ “ဆေးရုံကြီးရဲ့ ဆေးကိရိယာ ပစ္စည်းတွေ အကြောင်း မေးတဲ့အခါကျတော့ သူတို့က ဝန်ခံပါတယ်။ လူနာကို အားလုံးယူခဲ့ခိုင်းရတယ်။ ဂွမ်းတို့၊ ပတ်တီးတို့ အားလုံးယူခဲ့ခိုင်းရပါတယ်တဲ့။ သူတို့အနေနဲ့လည်း ဒီဟာကို ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူးလို့ ပြောပါတယ်။ ကျွန်မတို့နိုင်ငံမှာ အရေးပါဆုံးဖြစ်တဲ့ ဆေးရုံကြီးမှာတောင် ဒီလိုအဆင့်အတန်း အင်မတန်မှ နိမ့်ကျနေတယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်အတွက် အင်မတန်မှ မှေးမှိန်နေတယ်လို့ ပြောချင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့နိုင်ငံကို ထောက်ပံ့ချင်တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း လုပ်တဲ့နေရာမှာ စုစုစည်းစည်းနဲ့ ထိထိမိမိ လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့အပြင် ရန်ကုန်ဆေးရုံကြီး ဆိုတာဟာ ကျွန်မတို့ ဆေးပညာ သင်ကြားရေးနဲ့လည်း ဆက်နွှယ်နေပါတယ်။ ကောင်းတဲ့ဌာနတစ်ခုအနေနဲ့ ပြန်ပြီးမွမ်းမံသင့်ပါတယ်။ သုတေသနပြုနိုင်တဲ့ အခြေခံလိုအပ်ချက်တွေတော့ ရှိပြီးသားပါ။ ဒါပေမယ့် အဆင့်တော့ မမီတာပေါ့။ ဒါပေမယ့် အစကတည်းက ရောဂါတွေ မြောက်မြားစွာနဲ့ ပတ်သက်လို့ သုတေသနပြုနိုင်အောင် စစ်ဆေးနိုင်အောင်လို့ ဖန်တီးထားပါတယ်။ မတိုးတက်နိုင်ဘူး ဆိုပေမယ့် ဒါတွေက ရှိပြီးသားတွေဆိုတော့ ခေတ်မီအောင် လုပ်လိုက်နိုင်ရင် အများကြီး ကောင်းသွားပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းစဉ် ပြောကြားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် တစ်နာရီကြာ လေ့လာ ကြည့်ရှုခဲ့ပြီး ဆေးရုံမှ တာဝန်ရှိသူတို့က သစ်ခွပန်း ပန်းချီကား လက်ဆောင်ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆရာဝန်လုပ်မည်ဆိုပါက စီးပွားရေးကို မကြည့်ဘဲ၊ စီးပွားရေးလုပ်မည်ဆိုလျှင်လည်းဆရာဝန်လောက
တွင်းသို့ ဝင်ရောက်မလာသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်
စဉ် ဆရာဝန် အချို့ကို ပြောကြားသွားသည်။

ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား

ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား


တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။


(၁) ငှက်ပျောသီးအပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝအတိုင်း စားရင် မဝစေ ပါဘူး။

(၂) ငှက်ပျောသီးမှာ ကိုလက်စထရော၊ ဆိုဒီယမ်နဲ့ အဆီတွေမပါဝင်ပါဘူး။ ဒါကြောင့် ငှက်ပျောသီးက လူကိုဝစေတယ်ဆိုတာ မမှန်ပါဘူး။

(၃)ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးပါ။ ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ သင့်ကိုဝစေပါလိမ့်မယ်။

(၄)ငှက်ပျောသီးက စွမ်းအင်ချက်ချင်းရရှိစေတာကြောင့် အားကစားသမားတွေအတွက် နံပါတ်တစ်အကောင်းဆုံး အသီးဖြစ်ပါတယ်။

(၅)ငှက်ပျောသီးမှာ သဘာဝသကြားဓာတ်တွေ ဖြစ်တဲ့ Sucrose, Fructose နဲ့ Glucose တွေပါဝင်ပြိး အမျှင်ဓာတ်နဲ့ ပေါင်းကာ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။

(၆)ငှက်ပျောသီးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနဲ့ ခုခံအားဆဲလ်တွေ အတွက်လည်း B6 ကို မရှိမဖြစ်လိုအပ်ပါတယ်။

(၇) ငှက်ပျောသီးမှာ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

(၈)ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာ စေပါတယ်။

(၉)ငှက်ပျောသီးဟာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပါတယ်။

(၁၀) ငှက်ပျောသီးမှာ သဘာဝအက်ဆစ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီးစားပေးနိုင်ပါတယ်။
Ref : Good Health

တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တ
ကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။

တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ် ယနေ့မနက်ပိုင်းက စတင်ဖွင့်လှစ်



ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ်  

WEDNESDAY, 19 DECEMBER 2012 14:57

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထားသည့်  ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိသည်။

အဆိုပါတံတားအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်း တိုင်းဒေသကြီး ၀န်ကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ဖွင့်လှစ်ခဲ့သည် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ) (ဘယ်)နှင့် ယခင်ဘေလီတံတားအဟောင်း (ညာ)တို့ကို တွေ့ရစဉ်
ဘေလီတံတားအဟောင်းမှာ ကျဉ်းမြောင်းပြီး တံတား၏ ယာဉ်သွားလမ်းမှာ တစ်ဖက်တစ်လမ်းစီသာ ရှိခြင်းကြောင့် ယာဉ်သွားလာမှု ပမာဏနှင့် မလုံလောက်တော့ခြင်းကြောင့် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ)ကို ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ တံတားအား ယခုနှစ်စက်တင်ဘာလအတွင်းက တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခွင့် ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှသာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘေဘီတံတားအသစ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမှ တောင်ဥက္ကလာပမြို့နယ်သို့ အ၀င်အတွက် အသုံးပြုခွင့်ပေးထားပြီး ယခင်ဘေလီတံတား အဟောင်းကိုမူ တောင်ဥက္ကလာမြို့နယ်မှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သို့ ပြန်အ၀င်အတွက် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဘေလီတံတားအဟောင်းကို  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဘေလီတံတားအသစ်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခုတံတားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပထမဆုံးဆောက်လုပ် ဖွင့်လှစ်သည့် တံတားဖြစ်ကြောင်း သိရသည်။

ငမိုးရိပ်တံတား (ပါရမီ) နှင့် ပတ်သက်သည့် အချက်အလက်များ

တံတားအမျိုးအစား             - သံကူကွန်ကရစ်

ယာဉ်သွားလမ်း                - ၂ လမ်းသွား

လမ်းအကျယ်                  - ၄၀ ပေ(လူသွားစလက်ဖောင်း ၁၂ပေ၊ ယာဉ်သွားလမ်း ၂၈ပေ)

တံတားအရှည်                 - ၆၀၀ ပေ

တံအားခံနိုင်ဝန်                - ၇၅ တန်

တံတားအောက်ရေလမ်းလွတ်အမြင့် - ၁၀ ပေ ၆ လက်မ

တံတားအုတ်မြစ်             - ဘိုးပိုင် ဖောင်ဒေးရှင်း

eleven media group
ဖွင့်လှစ်ခဲ့သည် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ) (ဘယ်)နှင့် ယခင်ဘေလီတံတားအဟောင်း (ညာ)တို့ကို တွေ့ရစဉ်
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဘေလီ
တံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၇ နာရီ မိနစ် ၄၀ အချိန်
ခန့်က ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

Modern Toilet လို့အမည်ပေးထားတဲ့ ထိုင်ဝမ်မှ အိမ်သာ စားသောက်ဆိုင်

ထိုင်ဝမ်မှ အိမ်သာ စားသောက်ဆိုင်

Modern Toilet လို့အမည်ပေးထားတဲ့ စားသောက်ဆိုင်လေး ဖြစ်ပြီး တည်နေရာကတော့ (တရုတ်)-ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပါတယ်။ 

အပြင်အဆင် အခင်းအကျင်းက အစ သန့်စင်ခန်းထဲက ပစ္စည်းတွေချည်း သုံးပါတယ်။ ဥပမာ- ထိုင်ခုံအစား ဘိုထိုင် အိမ်သာခွက်ကို အသုံးပြု ထားပါ တယ်။ ပြီးတော့ ကြေးအိုးတို့ ဟော့ပေါ့တို့ မှာစားမယ်ဆိုရင်လည်း ဘိုထိုင် အိမ်သာပုံစံ ခွက်ငယ်နဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ ဖျော်ရည်မှာသောက်ရင်လည်း ထည့်ပေးတဲ့ခွက်က အပေါ့သွားခွက်လိုမျိုးတို့၊ မစင်ပုံ ခွက်တို့လိုဟာတွေ နဲ့ ဖြစ်ပါတယ်။ ပြီးတော့ အစားအသောက်တွေကိုလည်း သန့်စင်ခန်းထဲက အလေးအပေါ့ အရောင်တို့နဲ့ အနီးစပ်ဆုံးလုပ်ပါတယ်။ ရေခဲမုန့်တိုလို အစားအသောက်က အစ ဖြစ်ပါတယ်။ 

ရည်ရွယ်ချက်ကတော့ ဘာရယ်လို့မဟုတ်ပဲ ထူးခြားတဲ့ အပြင်အဆင်နဲ့ သဘာဝနဲ့ ဆန့်ကျင်တဲ့ အရသာကို ခံစားစေဖို့လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ် ကစလို့ ဖွင့်လှစ်ပြီး အာရှမြို့ ကြီးများမှာ ဖွင့်လှစ်သွားလို့တောင် စီမံကိန်း ဆွဲထားပါတယ်။ ယခု မြင်တွေ့ရတဲ့ စားသောက်ဆိုင်ကတော့ သုံးထပ်မြင့်တဲ့ အဆောက်အအုံဖြစ်ပြီး အကျယ် ၂၆၀ မီတာ စတုရန်း ဧရိယာ ကျယ်ဝန်း ပါတယ်။ ဆိုင်စဖွင့်တဲ့ နေ့ကစလို့ ယနေ့တိုင် လူစည်ကားပြီး လူကြိုက်များတဲ့ စားသောက်ဆိုင် အဖြစ် တည်ရှိလျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki

http://www.innewsmyanmar.com/2012/12/blog-post_19.html

Modern Toilet လို့အမည်ပေးထားတဲ့ စားသောက်ဆိုင်လေး ဖြစ်ပြီး တည်နေရာကတော့ (တရုတ်)-ထိုင်ဝမ်
နိုင်ငံမှာ ဖြစ်ပါတယ်။အပြင်အဆင် အခင်းအကျင်းက အစ သန့်စင်ခန်းထဲက ပစ္စည်းတွေချည်း သုံးပါတယ်။ 

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် ပက်ဂျွန်ဟိုင်း အသာရလျက်ရှိ


တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် ပက်ဂျွန်ဟိုင်း အသာရလျက်ရှိ

Posted on Dec 19 12 - 01:43 AM

တောင်ကိုရီးယားနိုင်ငံ ရုပ်သံသတင်းဌာနများ၏ ပြောကြားချက်အရ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ အမျိုးသမီးသမ္မတလောင်း ပက်ဂျွန်ဟိုင်း (Park Geun-Hye) က မဲရလဒ် ၅၀.၁ ရာခိုင်နှုန်းဖြင့် အသာရနေကြောင်း သိရှိရသည်။ သူမ၏ ပြိုင်ဘက်ဖြစ်သူ လက်ဝဲစွန်းဝါဒီ မွန်ဂျေအင်မှာ (Moon Jae-in) မှာ ၄၈.၉ ရာခိုင်နှုန်း ရရှိထားသည်။

ယခုမဲရလဒ် အတည်ဖြစ်လာပါက အမျိုးသမီး တောင်ကိုရီးယားသမ္မတတစ်ဦးကို မြင်တွေ့လာရမည် ဖြစ်သည်။ ပက်ဂျွန်ဟိုင်၏ ဖခင်ဖြစ်သူ ပက်ချောင်ဟီးသည် တောင်ကိုရီးယားသမ္မတအဖြစ် ၁၉၆၃ ခုနှစ်မှာ ၁၉၇၉ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network

တောင်ကိုရီးယားနိုင်ငံ ရုပ်သံသတင်းဌာနများ၏ ပြောကြားချက်အရ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ အမျိုးသမီးသမ္မတလောင်း ပက်ဂျွန်ဟိုင်း (Park Geun-Hye) က မဲရလဒ် ၅၀.၁ ရာခိုင်နှုန်းဖြင့် အသာရနေကြောင်း သိရှိရသည်။ သူမ၏ ပြိုင်ဘက်ဖြစ်သူ လက်ဝဲစွန်းဝါဒီ မွန်ဂျေအင်
မှာ (Moon Jae-in) မှာ ၄၈.၉ ရာခိုင်နှုန်း ရရှိထားသည်။

ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့ရှိ ထင်ရှားသောနေရာများ၊ ပဲခူး၊ ပုဂံဒေသများသို့ လည်ပတ်ခဲ့သည့် အမေရိကန်လူမျိုး အများစုပါဝင်သော အပျော်စီးသင်္ဘောလာရောက်