Pages

Wednesday, December 19, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်-ကျွန်းစု ခရီးစဉ်များကို ပါတီဝင်များမှ လုံခြုံရေးအပြည့်အ၀ တာဝန်ယူသွားမည်ဖြစ်ပြီး အာဏာပိုင်များကို သီးသန့်အကူအညီတောင်းခံထားခြင်း မရှိကြောင်းသိရ


ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်-ကျွန်းစု ခရီးစဉ်များကို ပါတီဝင်များမှ လုံခြုံရေးအပြည့်အ၀ တာဝန်ယူသွားမည်ဖြစ်ပြီး အာဏာပိုင်များကို သီးသန့်အကူအညီတောင်းခံထားခြင်း မရှိကြောင်းသိရ  

WEDNESDAY, 19 DECEMBER 2012 11:39

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်-ကျွန်းစု ခရီးစဉ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များက လုံခြုံရေးအပြည့်အ၀ တာဝန်ယူသွားမည်ဖြစ်ပြီး အာဏာပိုင်များ ကို သီးသန့် အကူအညီတောင်းခံထားခြင်း မရှိကြောင်း ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်သော မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုံခြုံရေးအစည်းအဝေးမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်မည့် ကော့သောင်းမြို့အပါအ၀င် ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကံမော်ခရီးစဉ်များအနက် မြိတ်ခရိုင်အတွင်း သွားလာမည့် ခရီးစဉ်များအတွက် လုံခြုံရေးအစည်းဝေးကို မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

''ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီခရီးစဉ်မှာ မြိတ်မြို့ကို လာရောက်ခြင်း မဟုတ်ဘဲ ကျွန်းစုမြို့နယ်မှာ လေယာဉ်ကွင်းမရှိတဲ့အတွက် ခရီးစဉ်တစ်ထောက် ရပ်နားခြင်း ဖြစ်ပါတယ်။ ကော့သောင်းမြို့ကနေ ၂၂ ရက်မှာ မြိတ်ကို ရောက်ရှိလာမှာဖြစ်ပြီး နောက်နေ့မှာ ကံမော်ကျေး

ရွာနဲ့ ကျွန်းစုမြို့နယ်ကို ဆက်တိုက် သွားရောက်မှာ ဖြစ်ပါတယ်။ မြိတ်မြို့ မှ ဟောပြောမယ့် အစီအစဉ်ကို လုပ်သွားမှာဖြစ်ပြီး အချိန်ရရင် ရသလို သိမ်တော်ကြီး ဘုရားဖူးတာနဲ မြို့နယ်ရုံးမှာ ပါတီဝင်များနဲ့ တွေ့ဆုံမယ့် အစီ အစဉ်တွေလည်း ရှိနိုင်ပါတယ်။ လုံခြုံရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက် အုပ်စုခေါင်းဆောင်တွေကို ခွဲဝေပေးထားပြီး လုံခြုံရေးကိုတော့ များနိုင်သမျှ များအောင်နဲ့ စနစ်တကျဖြစ်ဖို့ စီစဉ်ဆောင်ရွက်သွားပါမယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဖြိုးဝင်းထွန်းက ပြောကြားခဲ့သည်။ ယခင်စီစဉ်ထားသည့် ခရီးစဉ်များကို အနည်းငယ် ပြောင်းလဲထားပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိကာ ပြည်သူလူထုနှင့် တွေ့ဆုံမည်ဖြစ်ကာ ညနေ ၃ နာရီခွဲခန့်တွင် မြိတ် မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ရှိ ဦးစောဂျက်ခန်းမတွင် မြိတ်မြို့ရှိ ပြည်သူများနှင့် တွေ့ဆုံ မိန့်ခွန်းပြောကြားမည်ဖြစ်ကာ မြိတ်မြို့၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် ကံမော် ကျေးရွာသို့ အမြန်ရေယာဉ်ဖြင့် သွားရောက်ကာ ဒေသခံလူထုများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကျွန်းစုမြို့နယ်သို့ ညနေ ၄ နာရီတွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကာ ကျွန်းစုမြို့နယ်၌ ပြည်သူများနှင့်တွေ့ဆုံကာ ညနေစောင်းတွင် မြိတ်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ လေယာဉ်ကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အသေးစားပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် လေယာဉ်ပေါ်မှ ဆင်းသည်မှစပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသည့် အချိန်အထိ လုံခြုံရေးကို စနစ်တကျ လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။


မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်လုံခြုံရေးအတွက် ဆွေးနွေးနေစဉ်

အေးချမ်းမွန်မှ  Eleven Media Groupတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်လုံခြုံရေးအတွက် ဆွေးနွေးနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်-ကျွန်းစု ခရီးစဉ်များကို အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များက လုံခြုံရေးအပြည့်အ၀ တာဝန်ယူသွားမည်ဖြစ်ပြီး အာဏာပိုင်များ ကို သီးသန့် အကူအညီတောင်းခံထားခြင်း မရှိကြောင်း ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်သော မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုံခြုံရေးအစည်းအဝေးမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်မည့် ကော့သောင်းမြို့အပါအ၀င် ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကံမော်ခရီးစဉ်များအနက် မြိတ်ခရိုင်အတွင်း သွားလာမည့် ခရီးစဉ်များအတွက် လုံခြုံရေး
စည်းဝေးကို မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

''ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီခရီးစဉ်မှာ မြိတ်မြို့ကို လာရောက်ခြင်း မဟုတ်ဘဲ ကျွန်းစုမြို့နယ်
မှာ
 လေယာဉ်ကွင်းမရှိတဲ့အတွက် ခရီးစဉ်တစ်ထောက် ရပ်နားခြင်း ဖြစ်ပါတယ်။ ကော့သောင်းမြို့ကနေ ၂၂ ရက်မှာ မြိတ်ကို ရောက်ရှိလာမှာဖြစ်ပြီး နောက်နေ့မှာ ကံမော်ကျေး

ရွာနဲ့ ကျွန်းစုမြို့နယ်ကို ဆက်တိုက် သွားရောက်မှာ ဖြစ်ပါတယ်။ မြိတ်မြို့မှ ဟောပြောမယ့်အစီအစဉ်ကို လုပ်
သွားမှာဖြစ်ပြီး အချိန်ရရင် ရသလို သိမ်တော်ကြီး ဘုရားဖူးတာနဲ မြို့နယ်ရုံးမှာ ပါတီဝင်များနဲ့ တွေ့ဆုံမယ့် အစီ အစဉ်တွေလည်း ရှိနိုင်ပါတယ်။ လုံခြုံရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက် အုပ်စုခေါင်းဆောင်တွေကို ခွဲဝေပေးထားပြီး လုံခြုံရေးကိုတော့ များနိုင်သမျှ များအောင်နဲ့ စနစ်တကျဖြစ်ဖို့ စီစဉ်ဆောင်ရွက်သွားပါမယ်
''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဖြိုးဝင်းထွန်းက ပြောကြားခဲ့သည်။ 
 
ယခင်စီစဉ်ထားသည့် ခရီးစဉ်များကို အနည်းငယ် ပြောင်းလဲထားပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့မှ
ကာ့သောင်းမြို့သို့ ရောက်ရှိကာ ပြည်သူလူထုနှင့် တွေ့ဆုံမည်ဖြစ်ကာ ညနေ ၃ နာရီခွဲခန့်တွင် မြိတ် မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ရှိ ဦးစောဂျက်ခန်းမတွင် မြိတ်မြို့ရှိ ပြည်သူများနှင့် တွေ့ဆုံ မိန့်ခွန်းပြောကြားမည်ဖြစ်ကာ မြိတ်မြို့၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် ကံမော် ကျေးရွာသို့ အမြန်
ရယာဉ်ဖြင့် သွားရောက်ကာ ဒေသခံလူထုများနှင့် တွေ့ဆုံမည်ဖြစ်ပြီးကျွန်းစုမြို့နယ်သို့ညနေ ၄ နာရီတွင်
ရာက်ရှိမည်ဟု ခန့်မှန်းထားကာ ကျွန်းစုမြို့နယ်၌ ပြည်သူများနှင့်တွေ့ဆုံကာ ညနေစောင်းတွင် မြိတ်မြို့
သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ လေယာဉ်ကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အသေးစားပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဆွေးနွေး
ခဲ့ကြ
သလို ဒေါ်အောင်ဆန်းစုကြည် လေယာဉ်ပေါ်မှ ဆင်းသည်မှစပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသည့် အ
ချိန်အထိ လုံခြုံရေးကို စနစ်တကျ လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။


 
Eleven Media Group

0 comments:

Post a Comment