Pages

Wednesday, December 19, 2012

ကင်ဆာ ရောဂါကို စောစီးစွာ ရှာဖွေနိုင်သည့် အာရုံခံ ကိရိယာ သြစတြေးလျတွင် ထုတ်လုပ်


ကင်ဆာ ရောဂါကို စောစီးစွာ ရှာဖွေနိုင်သည့် အာရုံခံ ကိရိယာ သြစတြေးလျတွင် ထုတ်လုပ်

သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် ကင်ဆာ ရောဂါကို ဆောလျင်စွာ ရှာဖွေ ဖော်ထုတ်ရာ တွင် များစွာ အကူအညီ ပေးနိုင်သည့် နောက်ဆုံးပေါ် အာရုံခံ ကိရိယာ တစ်မျိုးကို တီထွင် ထုတ်လုပ်လျက် ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ အာရုံခံ ကိရိယာသစ်ကို ဆွင်းဘမ်းန် နည်းပညာ တက္ကသိုလ်မှ ပါရဂူဘွဲ့ရ သုတေသန ပညာရှင် အန်မာကာလန်းဒ်က တီထွင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ကာလန်းဒ်သည် မဲလ်ဘုန်း မြို့တော်ဝင် ကလေးဆေးရုံရှိ အထူးကြပ်မတ် ကုသဆောင်မှ ကလေးသူငယ် များအား နောက်ဆုံးပေါ် ကိရိယာသစ် များဖြင့် ကုသမှုများ ပြုလုပ်ခဲ့ရာ များစွာ အကျိုးရှိသည်ကို တွေ့ရှိခဲ့ ရာမှ အဆိုပါ အာရုံခံ ကိရိယာကို ထုတ်လုပ်ရန် စိတ်ကူး ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကာလန်းဒ်သည် ဆေးထိုးပြွန် များနှင့် အသက်ရှူ ကိရိယာ စက်များ ကဲ့သို့ အသက်ကူ ဆေးပစ္စည်း ကိရိယာများကို ဆက်လက်စမ်းသပ် ထုတ်လုပ်လျက် ရှိပြီး ၎င်းကိရိယာ များသည် ကလေးသူငယ်များ အတွက် မည်မျှ အထောက်အကူ ပြုမည် ဆိုခြင်း ကို စောင့်ကြည့် လေ့လာလျက် ရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယခု ထုတ်လုပ်လျက် ရှိသည့် ကိရိယာသစ်ကို အလင်းဖန်ပြွန် အာရုံခံကိရိယာ ပုံစံအပေါ် အခြေခံ၍ တီထွင် ထုတ်လုပ်ထားပြီး အလွန် သေးငယ်သည့်အတွက် နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အူမရှိ သေးငယ်သော တစ်ရှူးများကို စူးစမ်းလေ့လာရန် အတွက် endoscope အဖြစ် ထည့်သွင်း အသုံးပြုနိုင်ကြောင်း ကာလန်းဒ် က ပြောကြားခဲ့သည်။


မြ၀တီ

0 comments:

Post a Comment