Pages

Wednesday, December 19, 2012

ပိုးသတ်ဆေး ထည့်သည့် ကော်ဘူးဖြင့် အရက်ထည့် သောက်မိသူများ အဆိပ်မိ သေဆုံး


ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲက ပိုးသတ်ဆေး ထည့်သည့် ကော်ဘူးဖြင့် အရက်များ ထည့်သောက်သူ ၂ 

ဦး သေဆုံး သွားကြောင်း သိရသည်။ဖြစ်စဉ်မှာ ရှမ်းပြည်နယ်  မူဆယ်မြို့  ပွိုင့် ၄၅၆၁ ကုန်းအနီး နွားခြံတွင်

နေထိုင်သူဘိုမင်း (၄၆)နှစ် (ဘ) ဦးဘိုကာယူနှင့်ကူးမား ၄ဝ နှစ် (ဘ) ဦးဒန်ဗဟာဒူးတို့ နှစ်ဦးသည်ပိုးသတ်

ဆေးထည့်သည့်ကော်ဘူးအဖြူရောင်အတွင်း အရက်များထည့်ကာ နွားခြံတွင်အတူသောက်နေရာမှ အဆိပ်

မိသည်ကို သိရှိသဖြင့်
မူဆယ် ပြည်သူ့ ဆေးရုံသို့ တက်ရောက် ဆေးဝါး ကုသမှု ခံယူခဲ့ရာ ဘိုမင်းမှာ ဒီဇင်ဘာ ၃ ရက် နံနက် 

ဝဝးဝ၃နာရီတွင်လည်းကောင်း၊ကူးမား မှာ နံနက် ၁ နာရီခွဲတွင်လည်းကောင်း သေဆုံးသွားသဖြင့်မူဆယ်

ရဲစခန်းမှ ဘိုမင်းအား  သေမှု သေခင်း အမှတ်စဉ် ၁၅/၂ဝ၁၂ ဖြင့်လည်းကောင်း ၊ ကူးမား အား သေမှုသေ

ခင်း အမှတ်စဉ် ၁၆/ ၂ဝ၁၂ အရ လည်းကောင်း ရေးဖွင့်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်

ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။



0 comments:

Post a Comment

 
world time