Pages

Wednesday, December 19, 2012

ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်းလိုင်းများမက်ဆေ့(ခ်ျ)ပေးပို့သည့် ဝန်ဆောင်မှုများ ၁၈ ရက် နေ့လည်ပိုင်းအချိန်မှစတင်ကာ ယခုအချိန်ထိ ပြတ်တောက်နေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်းလိုင်းများ အချင်းချင်းမက်ဆေ့(ခ်ျ)ပေးပို့သည့် ဝန်ဆောင်မှုများ ၁၈ ရက် နေ့လည်ပိုင်းအချိန်မှစတင်ကာ ယခုအချိန်ထိ ပြတ်တောက်နေကြောင်း အသုံးပြုသူများထံမှ သတင်းရရှိသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ၏ မက်ဆေ့(ခ်ျ)ပေးပို့ခြင်းဝန်ဆောင်မှုပြတ်တောက်ရာတွင် ဂျီအက်(စ်)အမ်ဖုန်းလိုင်းများဖြစ်သော ၀၉ ၄၂ ၊ ၀၉ ၄၀၊ ၀၉ ၄၄ ဖြင့်စသည့်ဖုန်းလိုင်းအများစုမှာ အထွက်မက်ဆေ့ခ်ျပေးပို့မရခြင်း၊ အခြားနံပါတ်မှ စာပေးပို့သော်လည်း အဝင်မက်ဆေ့ခ်ျလက်ခံရရှိမှုမရှိခြင်းများ ယခုအချိန်ထိဖြစ်ပေါ် လျက်ရှိသည်။

“မနေ့ညနေကမှသိလိုက်ရတယ်။ မက်ဆေ့ခ်ျအဝင်ရောအထွက်ရောမရဘူး။ တခြားသူကပို့လိုက်လည်း သူ့ဆီတော့စာအထွက်ပြသွားတယ်။ ဒီဘက်ကိုမရောက်လာဘူး” ဟု မက်ဆေ့ခ်ျပေးပို့ခြင်းဝန်ဆောင်မှုပြတ်တောက်မှုနှင့်ကြုံတွေ့နေရသူ လူငယ်တစ်ဦးကပြောသည်။
...
ယင်းနေ့ နေ့လည်ခင်းကတည်းဖြစ်ပေါ်နေသော အဆိုပါအကြောင်းအရာနှင့်ပတ်သတ်ပြီး မြန်မာ့ဆက်သွယ်ရေးသို့ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာချုပ်က “ ကျွန်တော်တောင်အခုမှသိပါတယ်။ မက်ဆေ့ခ်ျစင်တာက ဆာဗာချို့ယွင်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ ချက်ချင်းပြင်ဆင်မှုတွေလုပ်ပေးပြီးအသုံးပြုသူတွေကိုအကြောင်း ပြန်ပေးပါမယ်” ဟု ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းနှင့်ပတ်သတ်သည့် ဝန်ဆောင်မှုများသည် မကြာခဏဆက်သွယ်မှုပြတ်တောက်ခြင်း၊ ဖုန်းဘေလ်များ မှားယွင်းဖြတ်မိခြင်းအစရှိသည့် ဆာဗာချို့ယွင်းမှုမျိုးမကြာခဏဖြစ်ပေါ်လျက် ရှိသည်ဟုသိရသည်။
7Day News Journal 

0 comments:

Post a Comment