Pages

Wednesday, December 19, 2012

၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ၁၀ ခု


၁ ။ Macbook pro with retina display ( မက်ဘွတ်ခ် ပရို )
Apple ရဲ့ ပရိတ်သတ်မဟုတ်တဲ့သူ တွေတောင်မှဒီလက်တော့ပ်ဟာ၂၀၁၂အတွင်းထွက်ခဲ့တဲ့ လက်တော့ပ် 
ကွန်ပြူတာတွေထဲက အကောင်းဆုံးတခုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အသစ် ထွက်လာ ခဲ့တဲ့ မက်ဘွတ်ခ် ပရို ဟာ အဆင့်မြင့် ရက်တီနာ နည်းပညာ ဖန်သားပြင်နဲ့ပြုလုပ်ထား
ဟာကြောင့် အရင့် အရင်ထွက်ရှိခဲ့တဲ့ မက်ဘွတ်ခ် ကွန်ပြူတာလက်တော့ပ်တွေထက် ကြည်လင် တောက်
ပလွန်းပါတယ်။ 

အမြဲတမ်း ရှေးဦးနည်းပညာတွေနဲ့ ကြိုပြေးနေတတ်တဲ့ Apple ရဲ့ ပစ္စည်းသစ်တွေဟာ လူကြိုက်များလှပါ တယ်။ ပရိသတ်တဦးက မက်ဘွတ်ခ် ပရို ရက်တီနာ ဖန်သားပြင် နဲ့ ဒီလက်တော့ပ်ကွန်ပြူတာဟာ အနာ
ဂတ် ကနေများ ရောက်လာသလား ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။ 

အာလုံးခြုံကြည့်မယ် ဆို ရင်တော့ ရောင်းအားကောင်းသလို သပ်ရပ်လှပတဲ့ ဒီဇိုင်း နဲ့ မက်ဘွတ်ခ်ပရိုဟာ ၂၀၁၂ အကောင်းဆုံးနည်းပညာ ပစ္စည်းသစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $1,699 ကနေ $ 2,799 ထိ စွမ်းဆောင်ရည်အလိုက် ဈေးအမျိုးမျိုးရှိပါတယ်။ 


၂။ Samsung Galaxy S III (ဆမ်ဆောင်း ဂလက်ဆီ အက်စ် ၃ ) 



၂၀၁၂ ခုနစ် မတ်လ မှာစတင် ထွက်ရှိခဲ့ တဲ့ဆမ်ဆောင်း ဂလက်ဆီ အက်စ်-၃ဟာ ၂၀၁၂ ရဲ့ အကောင်း
ဆုံး ဖုန်းလို့ သုံးစွဲသူတွေ နဲ့နည်းပညာ  ဝေဖန်ရေးသမားတွေက တစ် ပေးထားပါ။ ဆိုဒ် ၄.၈ လက်မ ရှိပြီး
 ၊ Android Ice Cream Sandwich ဆော့ဖ်ဝဲယ် နဲ 8-megapixel ရှိတဲ့ကင်မရာပါဝင်တဲ့ဖုန်းဟာ တစ်နှစ်
တာ အတွင်း အရောင်းရ ဆုံးဖုန်းလည်းဖြစ်ပါတယ်။ 

အခုအခါမှာ ဆမ်ဆောင်း ဂလက်ဆီ အက်စ် - ၃ အသုံးပြုသူတွေအနေနဲ့ အန်းဒရိုက် ရဲ့ နောက်ဆုံး ထွက်
ရှိတဲ့ Jelly Beam အထိ အဆင့်မြှင့်တင်နိုင်ပါတယ်။ လာမယ့်နှစ်သစ်မှာတော့ဆမ်ဆောင်းဂလက်ဆီ အက်
စ် - ၄ ကို မြင်ရဖွယ်ရှိပါတယ်။ 

၃။ iPad 4 ( အိုင်ပက် ၄ ) 




Apple ရဲ့ နာမည်ကြီးပစ္စည်းတခုဖြစ်တဲ့ အိုင်ပက် သင်ပုန်းကွန်ပြူတာဟာ တစ်နှစ်အတွင်းမှာ ပဲ အိုင်ပက် ၃ နဲ့ ၄ ထွက်ရှိခဲ့ပါတယ်။ အိုင်ပက် ၃ ကို မတ်လ ၁၆ ရက်နေ့မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး စွမ်းဆောင်ရည် အသစ်အနေနဲ့ Retina display ဖန်သားပြင်ပါရှိပါတယ်။

အောက်တိုဘာလမှာတော့ Apple က အိုင်ပက် ၄ ထွက်လာပါတယ်။ အိုင်ပက် ၃ ထက် စွမ်းဆောင်ရည် ၂ ဆ မြန်ဆန်တဲ့ ပစ္စည်းသစ်တွေ ကို ဈေးနှုန်း မပြောင်းလဲဘဲထွက်ရှိခဲ့တာပါ။လက်ရှိအချိန်ထိတော့ အိုင်ပက်
သင်ပုန်းကွန်ပြူတာ တွေဟာ ဈေးကွက်မှာ လူကြိုက်အများဆုံးဖြစ်နေသေးသလို သူ့ ရဲ့စွမ်းဆောင်ရည်ဟာ
ပြိုင်ဘက်တွေ လိုက်မမှီအောင် ရှေ့ကပြေးနေ တုန်းပါပဲ။ 

၎။ Kindle Paperwhite ( ကင်းဒဲယ် ပေပါဝိုက်) 




စာဖတ်ခြင်းကို နှစ်ခြိုက်တဲ့သူတွေအကြိုက်တွေ့ စေမယ့် ပစ္စည်းလေးပါ။ Kindle Readers တွေ နဲ့အတူ Kindle Fire လို့ ခေါ်တဲ့ သင်ပုန်းကွန်ပြူတာတွေလည်း အမေဇုန် ကုမ္မဏီက ထုတ်လုပ်ရောင်းချနေတာ လူကြိုက်များလျက်ရှိပါတယ်။ 

၂၀၁၂ အတွင်း ထွက်ရှိလာတဲ့ အမေဇုန်ပစ္စည်းသစ်တွေထဲမှာ Kindle Paperwhite ဟာ ၆ လက်မ ဆိုဒ် ရှိပြီး စာအုပ်တစ်အုပ်ကို ဖတ်နေရသလိုဖြစ်အောင် ဖန်တီးထားတာပါ။ သူ့ရဲ့စွမ်းဆောင်ရည်ဟာလည်း ပို၍
သာမြင့်တက်လာပြီး ပြိုင်ဘက်မရှိဘူးဖြစ်နေပါတယ်။ ဒါ့အပြင် ဈေးနှုန်းကလည်း အမေရိကန် ၁၁၉ ဒေါ်လာ မျှသာ ရှိတာကြောင့်ခရီးထွက်ရင်းစာဖတ်ချင်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။ဘက်ထရီ ခဏလေး
နဲ့ ကုန်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ 

၅။ iPhone 5 (အိုင်ဖုန်း ၅) 




လူတိုင်း ရူးသွပ်တမ်းတစွာ ကိုင်နေကြတဲ့ အိုင်ဖုန်း ဟာ သူ့ရဲ့ နာက်ဆုံး ထွက်ရှိလာတဲ့ မျိုးဆက် အိုင်ဖုန်း ၅ နဲ့ အတူ ကမ္ဘာ့အကောင်းဆုံးဖုန်းတွေထဲမှာ ထိပ်တန်းကနေ ရပ်တည်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ အိုင်ဖုန်း ၅ ဟာ ဆိုဒ်အနည်းငယ်ပိုရှည်သွားပြီး မျက်နှာပြင်ဟာလည်း ၄ လက်မ အရွယ် ၁၆း ၉ ဆိုဒ် ရှိပါတယ်။ ပို၍မြန်ဆန်စွာ စွမ်းဆောင်လာနိုင်တဲ့ အိုင်ဖုန်း ၅ ဟာ အိုင်ဖုန်း ၄ အက်စ် နဲ့ သိပ်မကွာပေမယ့် နောက်ထွက်ရှိလာမယ့် အိုင်ဖုန်း ၅ အက်စ် မှာ တမူ ထူးခြားတဲ့ နည်းပညာသစ်တွေ ပါ
ဝင်လာဖွယ်ရှိတယ်လို့ လူအများက ပြောဆိုနေကြပါတယ်။ 


၆။ Nokia Lumia 920 ( နိုကီယာ လူမီယာ ၉၂၀) 



အရင်တုန်းက ဖုန်းလောက မှာ ဘုရင်တပါးဖြစ်ခဲ့တဲ့ နိုကီယာ ရဲ့ ပထမဦးဆုံး ၀င်းဒိုး ဖုန်း ၈ အသုံးပြု ထား
တဲ့ ဖုန်းပါ။ ၄.၅ ဆိုဒ်ရှိပြီး အရည်အသွေးမြင့်မားတဲ့ ပရော်ဆက်ဆာ dual-core 1.5 GHz Snapdragon S4 processor ကို အသုံးပြုထားပါတယ်။

ပြီးတော့ကာ လူတွေစိတ်ဝင်စားတဲ့ကင်မရာစွမ်းဆောင်ရည်ထိပ်တန်းရှိပြီးစမတ်ဖုန်းလောက မှာ အကောင်း
ဆုံး ဖုန်းကင်မရာ ဖြစ်တယ်လို့ ဆိုပါတယ်။ Killer Camera လို့တောင် တင်စားခေါ်ဝေါ်ကြတာကို တွေ့ရပါ
တယ်။ ဓာတ်ပုံ နဲ့ဗီဒီယို ရိုက်ကူးတဲ့အခါ ပုံထွက်ကောင်းမွန်ပြီး အရည်အသွေး မြင့်မားပါတယ်။ 

ဒါပေမယ့် အိုင်ဖုန်း နဲ့ ဆမ်ဆောင်းဂလက်ဆီ တို့ ရဲ့ ကြားမှာ အရောင်းရဆုံးဖြစ်မလားဆိုတာကတော့ နိုကီ
ယာ ရဲ့ နောက်ထပ်ခြေလှမ်းတွေအပေါ် မူတည်ပါတယ်။ 


၇။ Windows Phone 8 ( ၀င်ဒိုး ဖုန်း ၈ ) 




မိုဘိုင်းဖုန်းလောကကို တစ်ခေတ်ဆန်းစေမယ့် နည်းပညာအသစ်လို့ ဆိုရမယ့် စမတ်ဖုန်း Operating System တခုဖြစ်တဲ့ ၀င်းဒိုး ဖုန်း ၈ ကို မိုက်ခရိုဆော့ဖ် က ၂၀၁၂ ကုန်ခါနီးမှာ စတင်ဖြန့် ဖြူးနိုင်ခဲ့ပါတယ်။ မိုဘိုင်းလောကမှာ နေရာယူပြီးသားဖြစ်တဲ့ iOS , Andriod တို့  ရှိပြီးသားတာကြောင့် ၀င်တိုးရ ခက်နိုင်ပေ မယ့် ၀င်းဒိုး ဖုန်း ၈ ဟာ လာမယ့် အနာဂတ် မှာ အသုံးပြုသူ ဈေးကွက်ကို ဖဲ့ယူလာနိုင်ပါတယ်။ 

ထူးခြားဆန်းသစ်တဲ့ ရောင်စုံဒီဇိုင်းတွေနဲ့အတူ ထွက်ရှိလာတဲ့ ၀င်းဒိုး ဖုန်း ၈ ဟာ အခြား OS တွေနဲ့ မတူ
တာကြောင့် အသစ်အဆန်းကြိုက်သူတွေ လက်တည့်စမ်းနိုင်မယ့် အခွင့်အရေးပါ။ 

၈။ Windows 8 Operating System ( ၀င်းဒိုး ၈ ) 




၂၀၁၂ အောက်တိုဘာ ၂၆ ရက်မှာတော့ မိုက်ခရိုဆော့ဖ် က ၀င်းဒိုး ၈ ကို စတင်ရောင်းချခဲ့ပါတယ်။ ၀င်းဒိုး ၇ အပြီးမှာ ယခုထွက်ရှိလာတဲ့ ၀င်းဒိုး ၈ ဟာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့အတူတွေ့ရမှာဖြစ်ပြီး ၂၀၁၃ မှာတော့ လူအတော်များများ စတင် အသုံးပြုကြလိမ့်မယ်လို့ ခန့် မှန်းထားပါတယ်။ 


၉။ Microsoft Surface tablets (မိုက်ခရိုဆော့ဖ် ဆာဖေ့စ်) 



သင်ပုန်းကွန်ပြူတာ လောကကို ၀င် ဖို့ အချိန်အတော်ကြာ ပြင်ဆင်နေခဲ့တဲ့ မိုက်ခရိုဆော့ဖ် ဟာ သူ့ရဲ့ သင်
ပုန်းကွန်ပြူတာ အဖြစ် သော်လည်းကောင်းလက်တော့ပ်ကွန်ပြူတာအဖြစ် သော်လည်းကောင်း အသုံးပြုနိုင်
တဲ့ သူရဲ့ ပထမဦးဆုံး မိုက်ခရိုဆော့ဖ် ဆာဖေ့စ် ကို ၂၀၁၂ ကုန်ခါနီးမှာ စတင် ရောင်းချခဲ့ပါတယ်။ 

အိုင်ပတ် နဲ့ အန်းဒရိုက်သုံး အခြား သင်ပုန်းကွန်ပြူတာတွေနဲ့ ဈေးကွက်ဝင်လုမယ့်မိုက်ခရိုဆောဖ့်ဆာဖေ့စ်
ဟာ ၀င်းဒိုး ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့ စေမယ့် ပစ္စည်းတခုပါ။ 


၁၀။ Google Project Glass ( ဂူးဂဲယ် မျက်မှန်) 




၂၁ ရာစုမှာ နည်းပညာအသစ်တွေဟာ နေ့စဉ်နဲ့အမျှ ထွက်ရှိနေပါတယ်။ အဲ့ဒီထဲကမှာ လူတိုင်း နေ့စဉ်တွေ့ ထိနေရတဲ့ ဂူးဂဲယ်က ဂူးဂဲယ် မျက်မှန်ဆိုပြီး ၂၀၁၂ ဧပြီလမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ မျက်မှန်ထဲကနေ အန်ဒရိုက် စမတ်ဖုန်းတွေမှာမြင်ရတဲ့ စွမ်းဆောင်ရည်တွေအတိုင်း မြင်ရမှာဖြစ်သလို အသံ နဲ့ အမိန့် ပေး ထိန်းချုပ်တဲ့ နည်းပညာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ 


 ဒါတွေကတော့ ၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ပစ္စည်း ၁၀ ခု ဖြစ်ပါတယ်။ 


ဆောင်းဦးလင်း ~ 
ဧရာဝတီ

0 comments:

Post a Comment