Pages

Wednesday, December 19, 2012

ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်


ကျန်းမာရေးစီမံခန့်ခွဲမှုအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ

 လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါMBA(Health Services Management) ဘာသာရပ်ကို သြစတြေးလျထိပ်တန်းတက္ကသိုလ် University of Ballaratမှ အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်မှီသူများအတွက်တစ်စိတ်တစ်ပိုင်း
ပညာ သင်ထောက်ပံ့ကြေးအဖြစ် စင်္ကာပူဒေါ်လာ (၃၀၀၀)ပေးအပ်သွားမည်ဖြစ်သည်

“ မြန်မာနိုင်ငံက MBBS, Pham ဘွဲ့ ရတွေအတွက် ပိုပြီးသင့်တော်တဲ့  ပရိုဂရမ်တစ်ခုဖြစ်တယ်၊၊” ဟု CRO

WN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

ဝင်ခွင့်လိုအပ်ချက်အနေဖြင့်ဘွဲ့တခုခုရရှိထားသူများ၊ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ(၂)နှစ်ရှိထားသူ

များ လျှောက် ထားနိုင်ကြောင်းနှင့် အင်္ဂလိပ်စာလိုအပ်ချက်အနေဖြင့်IELTS 6 (သို့) TOEFL 550 ရှိထားရ
မည် ဖြစ်ပြီး ကျောင်းဝင် ခွင့်လမှာ မတ်၊ ဇူလိုင်နှင့်နိုဝင်ဘာလတို့ ဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ်
 ဖြစ်ပြီးကျောင်းလခ စင်ကာပူဒေါ်လာ (၂၂၈၀၀) ကုန်ကျမည်ဖြစ်သည်။

ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ကျမ်းမာရေးဝန်ဆောင်မှု MBA သင်တန်း အကြောင်း ယခုကဲ့သို့ ဆိုသည်။

“အရင်တုန်းက MBA ဆိုရင် စီးပွားရေးဘာသာရပ်အားလုံးကို General သဘောမျိုးသင်ယူရတာပါ။ အခု

နာက်ပိုင်းMBA ဆိုရင် Marketing ၊ Accounting & Finance ၊ HR Management အစရှိတဲ့အထူးပြုမေဂျာတွေ ပါဝင်လာပါတယ်။ ဒီ MBA (Health Services Management) အထူးပြုကစီးပွားရေးစီမံခန့်ခွဲမူ့နဲ့ပတ်သက်တဲ
့မော်ဂျူး(၈) ခု နဲ့ Health Service Management မော်ဂျုး(၄)ခု ပါဝင်တယ်။ Health Service Management အထူး
ပြု MBA ပို့ချတဲ့ ကျောင်း နိုင်ငံတကာမှာ အရေအတွက်နည်းနည်းပဲရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက
 ပြောသည်။

အဆိုပါ MBA သင်ယူသူများအနေဖြင့် Social Responsibility ၊ Ethical နှင့် Sustainable Business နယ်ပယ်များ

တွင် ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်နိုင်ကြောင်းကိုလည်း ၄င်းထံမှ သိရသည်။

Good Teaching ၊ Positive graduate outcome နှင့် Generic Skills တို့တွင်ကြယ်ငါးပွင့်ရရှိ၍ ACU ခေါ် Asso

ciation of Common wealth Universityအဖွဲ့ဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် လက်တွေ့အသုံး
တည့်သော ဘာသာရပ်များကို ပို့ချပေးနေသည့် တက္ကသိုလ်လည်းဖြစ်သည်။

MBA(Health Service Management) ဘာသာရပ်တွင် စုစုပေါင်းမော်ဂျူး(၁၂)ခုကိုသင်ယူရမည်ဖြစ်ပြီးAccoun

ting and Finance ၊ HR Management ၊ Marketing ၊ Business Economics ၊ Contemporary Issures in Health Ser
vices Management ၊ Policy in Health Services Management Leadership in HSM နှင့် Evidence-based Practi
ce in HSM တို့ကိုသင်ယူရမည်ဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် lectures ၊ tutorials ၊ work
shops ၊ seminars နှင့်presentation ပုံစံတို့ဖြင့်သင်ယူနိုင်ပါသည်။

University of Ballarat ကို ၁၈၇၀တွင် တည်ထောင်ခဲ့ပြီးသြစတြေးလျအစိုးရ ရန်ပုံငွေကြေးထောက်ပံ့မူ့ ရ

ရှိထားသော ကျောင်းသားကျောင်းသူပေါင်း (၂၅၀၀၀)ကျော် ပညာသင်ကြားနေသည့် တက္ကသိုလ်ဖြစ်သည်။

အသေးစိတ်သိလိုသူများအနေဖြင့် CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်

လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၄၅၀၀ ၅၆၃၀၀ တို့သို့ဆက်သွယ် စုံစမ်းနိုင်သည်။



မြစ်မခသတင်း

0 comments:

Post a Comment