Pages

Wednesday, December 19, 2012

ရန်ကုန်မြို့နဲ့ သရဲကားဈေးကွက်

ရန်ကုန်မြို့နဲ့ သရဲကားဈေးကွက်

WEDNESDAY, DECEMBER 19, 2012  SITHU LINN 

    အခုတလောမှာတော့ ရန်ကုန်မြို့ရဲ့ ဗွီစီဒီ၊ ဒီဗွီဒီ ဈေးကွက်မှာတော့ အရောင်းရဆုံး ဇာတ်လမ်းတွဲတွေကတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဖြစ်ပြီး သူ့နောက် ကပ်လိုက်နေတာကတော့ စိတ် ခြောက်ခြား စရာသရဲကားများ၊ သွေးစုပ်ဖုတ်ကောင် အခွေများပဲ ဖြစ်တယ် လို့ လှည်းတန်းမြို့နယ်က ဒီဗွီဒီ အခွေဆိုင်တွေက ပြောပါတယ်။ သရဲကားတွေလည်း အဆက်မပြတ် အသစ်တွေ ၀င်ရောက်နေပါတယ် တဲ့။

    “အရင်တုန်းကတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ရောင်းအားကောင်းတယ်။ အခုနောက်ပိုင်းမှာတော့ သရဲကားတွေ ပိုရောင်းနေရတယ်။ လူတော်တော်များများ သရဲကားတွေပဲ လာမေးနေကြပြီး၊ vampireခွေ၊ သရဲကား အခွေတွေက ပိုရောင်းရတဲ့အတွက် အဲဒီခွေတွေကိုပဲ မှာရတာများတယ်။ အသစ်တွေလည်း အများကြီးဝင် နေတယ်” လို့ ၄င်းကပြောပါတယ်။

    လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က သရီးဒီ ရုပ်ရှင်ရုံများနဲ့ အဆင့်မြင့် ရုပ်ရှင် ရုံတွေမှာလည်း သရဲကားများကို ပြသခွင့်ရရှိတာကြောင့် လူအများစိတ်ဝင်စားတဲ့ သရဲ ကားတွေကို ပြသနေပါတယ်။


အသစ်ဖွင့်လှစ်လိုက်တဲ့ ဒဂုံစင်တာ၂ က သရီးဒီရုပ်ရှင် ရုံ မှာ ပထမဆုံး ပြသခဲ့တဲ့ ဂျပန် သရဲကားဖြစ်တဲ့ 3D ကားဟာ အချိန်တော်တော်ကြာ တောင်မှ ရုပ်ရှင် လက်မှတ်ဝယ်ယူဖို့ ခက်ခဲတဲ့အထိ လူအ၀င်များပါတယ်လို့ ရုပ်ရှင်ကြည့် ပရိတ်သတ် တစ်ဦးက ပြောပါတယ်။

    လက်ရှိအချိန်မှာတော့ ဒီဗွီဒီ အခွေဆိုင်တွေမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေ တဲ့ အခွေကတော့ Breaking Dawn 2 ဖြစ်ပြီး အခွေ အကြည် မထွက်သေးတာတောင် ရုပ်ရှင်ရုံထဲက ခိုးကူးထားတဲ့ မှုန်ဝါးဝါး အခွေတွေတောင် အ၀ယ်များပြီး အရောင်း ဆုံးဖြစ်နေပါတယ်လို့ အခွေရောင်းဆိုင် တွေက ပြောပါတယ်။


    Twilight; Breaking Dawn 2 ကတော့ သွေးစုပ်ဖုတ်ကောင် အချစ်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး နိုင်ငံတကာမှာလည်း ရောင်းအား အကောင်းဆုံးဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ကားစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပြီး တစ်ပတ်စာ ၀င်ငွေက အမေရိကန် ဒေါ်လာ ၂၁ သန်းလောက် ရှိပါတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံမှာတော့ Breaking Dawn 2 ကို ရုပ်ရှင်ရုံတွေမှာ မပြသသေးပေမယ့် အပြင် မှောင်ခို အခွေ ဈေးကွက်မှာတော့ ရောင်းအားကောင်းနေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ  ဧရာဝတီတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ


အခုတလောမှာတော့ ရန်ကုန်မြို့ရဲ့ ဗွီစီဒီ၊ ဒီဗွီဒီ ဈေးကွက်မှာတော့ အရောင်းရဆုံး ဇာတ်လမ်းတွဲတွေက
တော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဖြစ်ပြီး သူ့နောက် ကပ်လိုက်နေတာကတော့ စိတ် ခြောက်ခြား စရာ
သရဲကားများ၊ သွေးစုပ်ဖုတ်ကောင် အခွေများပဲ ဖြစ်တယ် လို့ လှည်းတန်းမြို့နယ်က ဒီဗွီဒီ အခွေဆိုင်တွေက ပြောပါတယ်။ သရဲကားတွေလည်း အဆက်မပြတ် အသစ်တွေ ၀င်ရောက်နေပါတယ် တဲ့။“အရင်တုန်းကတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ရောင်းအားကောင်းတယ်။ အခုနောက်ပိုင်းမှာတော့ သရဲ
ကားတွေ ပိုရောင်းနေရတယ်။ လူတော်တော်များများ သရဲကားတွေပဲ လာမေးနေကြပြီး၊ vampireခွေ၊ သရဲ
ကား အခွေတွေက ပိုရောင်းရတဲ့အတွက် အဲဒီခွေတွေကိုပဲမှာရတာများတယ်။အသစ်တွေလည်းအများကြီး
ဝင် နေတယ်” လို့ ၄င်းကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က သရီးဒီ ရုပ်ရှင်ရုံများနဲ့ အဆင့်မြင့် ရုပ်ရှင် ရုံတွေမှာလည်း သရဲကား
များကို ပြသခွင့်ရရှိတာကြောင့် လူအများစိတ်ဝင်စားတဲ့ သရဲ ကားတွေကို ပြသနေပါတယ်။


အသစ်ဖွင့်လှစ်လိုက်တဲ့ ဒဂုံစင်တာ၂ က သရီးဒီရုပ်ရှင် ရုံ မှာ ပထမဆုံး ပြသခဲ့တဲ့ ဂျပန် သရဲကားဖြစ်တဲ့ 3D ကားဟာ အချိန်တော်တော်ကြာ တောင်မှ ရုပ်ရှင် လက်မှတ်ဝယ်ယူဖို့ ခက်ခဲတဲ့အထိ လူအ၀င်
များပါယ်
လို့ ရုပ်ရှင်ကြည့် ပရိတ်သတ် တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒီဗွီဒီ အခွေဆိုင်တွေမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေ တဲ့ အခွေကတော့ Breaking Dawn 2 ဖြစ်ပြီး အခွေ အကြည် မထွက်သေးတာတောင် ရုပ်ရှင်ရုံထဲက ခိုးကူးထားတဲ့ မှုန်ဝါးဝါး အခွေတွေတောင် အ၀ယ်များပြီး အရောင်း ဆုံးဖြစ်နေပါတယ်လို့ အခွေရောင်းဆိုင် တွေက ပြောပါတယ်။


Twilight; Breaking Dawn 2 ကတော့ သွေးစုပ်ဖုတ်ကောင် အချစ်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး နိုင်
ငံ
တကာမှာလည်း ရောင်းအား အကောင်းဆုံးဖြစ်နေပါတယ်။အမေရိကန်နိုင်ငံရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်
ကားစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပြီး တစ်ပတ်စာ ၀င်ငွေက အမေရိကန် ဒေါ်လာ ၂၁ သန်းလောက်ရှိပါ
တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ Breaking Dawn 2 ကို ရုပ်ရှင်ရုံတွေမှာ မပြသသေးပေမယ့် အပြင် မှောင်ခို အခွေ ဈေးကွက်မှာတော့ ရောင်းအားကောင်းနေဆဲ ဖြစ်ပါတယ်။


 ဧရာဝတီ

0 comments:

Post a Comment