Pages

Wednesday, December 19, 2012

ထောင်ကြီးချုပ် ခွေးတိုက်၌ အထားခံနေရသည့် အောင်မှိုင်းဆန်းနှင့်အဖွဲ့

ထောင်ကြီးချုပ် ခွေးတိုက်၌ အထားခံနေရသည့် အောင်မှိုင်းဆန်းနှင့်အဖွဲ့

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 19 Dec, 2012

 အာမခံမယူပဲ အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သော အထက်မြန်မာပြည် ဗကသမှ အောင်မှိုင်းဆန်းနှင့်အဖွဲ့အား မန္တလေးထောင်ကြီးချုပ်သို့ ပို့ဆောင်ထားစဉ် သီးသန့် ပြစ်ဒဏ်ဆောင်(ခ)ခွေးတိုက်၌ ထားရှိကြောင်း သိရသည်။
 
 ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ အမှုရင်ဆိုင်ရန် ရုံးထုတ်လာသော လူ့အခွင့် အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုအေးသိန်းက ဒီဇင်ဘာ(၁၈)ရက် နေ့လည်ပိုင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
  ``အောင်မှိုင်းဆန်းတို့ကို ခွေးတိုက်ထဲမှာထားထားတယ် ၊ ခွေးတွေတော့ မရှိဘူး ရွှေ့ထားတယ်လို့ ကြားတယ် ´´ ဟု ကိုအေးသိန်းက ပြောကြားသည်။
 
ဗကသမှ အောင်မှိုင်းဆန်း ၊ မင်းနိုင်လွင် ၊ သန်းထိုက်နှင့် ကုန်ဈေးနှုန်းကျဆင်းရေးမှ သိန်းအောင်မြင့်တို့မှာ လက်ပံတောင်းတောင်အရေး သံဃာများ စီတန်း လှည့်လည် မှုတွင် ပါဝင်ခဲ့သောကြောင့် ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခြင်းခံရကာ  အရေးအသားအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆိုခဲ့ပြီး အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သူများဖြစ်သည်။
 
 
 ထိုကဲ့သို့ထားရှိခြင်းမှာ အသစ်ပြောင်းရွှေ့လာသော ထောင်ပိုင်ကြီး၏သဘောထားဖြင့် ထားရှိခြင်းဖြစ်ကြောင်းကိုလည်း ကိုအေးသိန်းက ဆက်ပြောသည်။
 
 “အောင်မှိုင်းဆန်းတို့ကို မနက်(၄)နာရီလောက် တိုက်ရှေ့ထုတ်ပြီး ပုံစံထိုင်ခိုင်းတယ် ၊ ထိုင်တဲ့အချိန်မှာလည်း အနွေးထည်တို့ စောင်တို့မပေးဘူး ၊ ဒီတိုင်းထားထားတာ မနက် (၇)နာရီလောက်မှ ပြီးတယ် ဟု ကိုအေးသိန်းက ပြောသည်။
 
 
ဗကသကျောင်းသားများဖြစ်သည့် အောင်မှိုင်းဆန်းနှင့်အဖွဲ့အား ပြစ်ဒဏ်မချမှတ်ရသေးမီ ထိုကဲ့သို့ထားရှိခြင်းမှာ ထောင်လက် ဆွဲဥပဒေနှင့် မညီညွတ်သည့်အပြင် ယခင် စစ်အစိုးရလက်ထက်က ပြုမူလုပ်ဆောင်နေကျ ပုံစံမျိုး ဖြစ်နေသည်ဟု မန္တလေးမြို့ရှိ အထက်တန်းရှေ့နေ ဦးမြင့်သွင်က သုံးသပ်သည်။
 
 
 ``ထောင်ထဲမှာ အချုပ်ဆောင်ဆိုတာသီးသန့်ရှိတယ် ၊ ထောင်ကျဆောင်ဆိုတာ သီးသန့် ရှိတယ် ၊ အချုပ်ကျနေတဲ့လူတွေကို ဒီလို တိုက်ပိတ်တယ်ဆိုတာ ဥပဒေနဲ့ လုံးဝ မညီညွတ်ဘူး ၊ ဒါဟာ အရင် စစ်အစိုးရလက်ထက်တုန်းက ပုံစံတွေဖြစ်တယ် ´´ ဟု အထက်တန်းရှေ့နေဦးမြင့်သွင်က ပြောကြားခဲ့သည်။
 
 
ထို့ပြင် မန္တလေးထောင်ကြီးချုပ်တွင် ထောင်မှူးကြီး ဦးကျော်ဝင်း (က/၂၉၂၂) ရောက်လာပြီး နောက်ပိုင်း ထောင်သားများမှာ အခွင့်အရေးအချို့ ဆုံးရှုံးနေကြောင်း ကိုလည်း သိရသည်။
 
ရေချိုးထွက်သည့်အချိန်မှအစ အဆင်ပြေမှုမရှိပဲ အခက်အခဲများရှိကြောင်း တရားရုံးသို့ ရုံးထွက်လာသည့် ကိုအေးသိန်းက ဆိုသည်။
 
 
`` ကျွန်တော်တို့အထဲမှာဘယ်လိုဖြစ်နေတယ်ဆိုတာ အပြင်ကသိအောင် ပြောသွားမှာ ဖြစ်တယ် ၊ ထောင်ပိုင် အသစ်ပြောင်းလာပြီး   နောက်ပိုင်း အဆင်မပြေမှုတွေ များနေတယ် ´´ ဟု ကိုအေးသိန်းက ပြောသည်။
 
အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးအကျဉ်းထောင်မှတာဝန်ရှိသူများကို တယ်လီဖုန်း ဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup

အာမခံမယူပဲ အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သော အထက်မြန်မာပြည် ဗကသမှ အောင်မှိုင်းဆန်းနှင့်အဖွဲ့အား မန္တလေးထောင်ကြီးချုပ်သို့ ပို့ဆောင်ထားစဉ် သီးသန့် ပြစ်ဒဏ်ဆောင်(ခ)ခွေးတိုက်၌ ထားရှိကြောင်း သိရ
သည်။
ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ အမှုရင်ဆိုင်ရန် ရုံးထုတ်လာသောလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်
သည့် ကိုအေးသိန်းက ဒီဇင်ဘာ(၁၈)ရက် နေ့လည်ပိုင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

``အောင်မှိုင်းဆန်းတို့ကို ခွေးတိုက်ထဲမှာထားထားတယ် ၊ ခွေးတွေတော့ မရှိဘူး ရွှေ့ထားတယ်လို့ ကြားတယ် ´´ ဟု ကိုအေးသိန်းက ပြောကြားသည်။

ဗကသမှ အောင်မှိုင်းဆန်း ၊ မင်းနိုင်လွင် ၊ သန်းထိုက်နှင့် ကုန်ဈေးနှုန်းကျဆင်းရေးမှ သိန်းအောင်မြင့်တို့မှာ လက်ပံတောင်းတောင်အရေး သံဃာများ စီတန်း လှည့်လည် မှုတွင် ပါဝင်ခဲ့သောကြောင့် ပုဒ်မ(၁၈)ဖြင့် တ

ရားစွဲဆိုခြင်းခံရကာ အရေးအသားအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆိုခဲ့ပြီး အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သူ
များဖြစ်သည်။


ထိုကဲ့သို့ထားရှိခြင်းမှာအသစ်ပြောင်းရွှေ့လာသော ထောင်ပိုင်ကြီး၏သဘောထားဖြင့်ထားရှိခြင်းဖြစ်ကြောင်း

ကိုလည်း ကိုအေးသိန်းက ဆက်ပြောသည်။

“အောင်မှိုင်းဆန်းတို့ကို မနက်(၄)နာရီလောက် တိုက်ရှေ့ထုတ်ပြီး ပုံစံထိုင်ခိုင်းတယ် ၊ ထိုင်တဲ့အချိန်မှာလည်း အနွေးထည်တို့ စောင်တို့မပေးဘူး ၊ ဒီတိုင်းထားထားတာ မနက် (၇)နာရီလောက်မှ ပြီးတယ် ဟု ကိုအေးသိန်း

က ပြောသည်။


ဗကသကျောင်းသားများဖြစ်သည့် အောင်မှိုင်းဆန်းနှင့်အဖွဲ့အား ပြစ်ဒဏ်မချမှတ်ရသေးမီ ထိုကဲ့သို့ထားရှိ

ခြင်းမှာ ထောင်လက် ဆွဲဥပဒေနှင့်မညီညွတ်သည့်အပြင် ယခင် စစ်အစိုးရလက်ထက်က ပြုမူလုပ်ဆောင်
နေကျ ပုံစံမျိုး ဖြစ်နေသည်ဟု မန္တလေးမြို့ရှိ အထက်တန်းရှေ့နေ ဦးမြင့်သွင်က သုံးသပ်သည်။


``ထောင်ထဲမှာ အချုပ်ဆောင်ဆိုတာသီးသန့်ရှိတယ် ၊ ထောင်ကျဆောင်ဆိုတာ သီးသန့် ရှိတယ်၊အချုပ်ကျ

နတဲ့လူတွေကို ဒီလို တိုက်ပိတ်တယ်ဆိုတာ ဥပဒေနဲ့ လုံးဝ မညီညွတ်ဘူး ၊ ဒါဟာ အရင် စစ်အစိုးရလက်
ထက်တုန်းက ပုံစံတွေဖြစ်တယ် ´´ ဟု အထက်တန်းရှေ့နေဦးမြင့်သွင်က ပြောကြားခဲ့သည်။


ထို့ပြင် မန္တလေးထောင်ကြီးချုပ်တွင် ထောင်မှူးကြီး ဦးကျော်ဝင်း (က/၂၉၂၂) ရောက်လာပြီး နောက်ပိုင်း

 ထောင်သားများမှာ အခွင့်အရေးအချို့ ဆုံးရှုံးနေကြောင်း ကိုလည်း သိရသည်။

ရေချိုးထွက်သည့်အချိန်မှအစ အဆင်ပြေမှုမရှိပဲ အခက်အခဲများရှိကြောင်း တရားရုံးသို့ ရုံးထွက်လာသည့် ကိုအေးသိန်းက ဆိုသည်။


`` ကျွန်တော်တို့အထဲမှာဘယ်လိုဖြစ်နေတယ်ဆိုတာ အပြင်ကသိအောင် ပြောသွားမှာ ဖြစ်တယ် ၊ ထောင်ပိုင် အသစ်ပြောင်းလာပြီး နောက်ပိုင်း အဆင်မပြေမှုတွေ များနေတယ် ´´ ဟု ကိုအေးသိန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍မန္တလေးအကျဉ်းထောင်မှတာဝန်ရှိသူများကိုတယ်လီဖုန်း ဖြင့်အကြိမ်ကြိမ် ဆက်

သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

 

 မြစ်မခသတင်း

0 comments:

Post a Comment